ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၅၇၇

ဟယ်လိုမင်မင် ရင်ဖွင့်စာလေးအခမဲ့တင်ပေးပါနော်

ခံစားရတာတွေများနေလို့စာရှည်သွားရင်တောင်းပန်ပါတယ်ရှင်

သေချာလေးဖတ်ပြီးအကြံပေးကြပါရှင်

ညီမ တို့အိမ်ထောင်သက်5နှစ်ကျော်ပါပြီ ကလေးတစ်ယောက်ရှိပါတယ်

စယူကတည်းက ညီမ စိတ်ဆင်းရဲခဲ့ရတာပါ

ညီမ အရမ်းချစ်လို့ မပြတ်နိုင်လို့ ဆွဲထားမိတာတွေပါ

သူကအသောက်အစားမက်ပြီးအပေါင်းအသင်းလည်းမက်ပါတယ်

ခနခနလည်းလိုင်းပေါ်ကနေ ဖောက်ပြန်ပါတယ်

ညီမ သိရင်မလုပ်တော့ဘူး ကြာရင်နောက်တစ်ယောက်နဲ့ပြန်ရှုပ်ပါတယ်

သူ့မိဘကလည်းတိုင်ရင် သူ့ကိုခနပဲဆူပြီး ပြီးသွားတာပါပဲ

အဆိုးဆုံးကလက်ပါတာပါ ထစ်ခနဲဆို လက်ပါပြီ

သွေးထွက်သံယိုမဟုတ်ပေမယ့် သူလက်ပါရင်စိတ်ထဲခံစားရပါတယ်

ညီမ ကိုတော့အလိုလိုက်ပါတယ် ဘယ်လိုနေနေ ဘယ်လိုဝတ်ဝတ် ဘယ်သွားသွားမတားဘူး

ပိုက်ဆံမပူပင်ရဘူး မရှိဘူးလိုတယ်ဆိုတာနဲ့ ရအောင်လုပ်ပေးတယ်

ဘာလို့လိုလဲတောင်မမေးဘူး အပျော့ဆွဲပြီးခိုင်းရင်ခိုင်းသလိုလုပ်ပါတယ်

အိမ်မှာဆိုပြောချင်သလိုပြောလုပ်ချင်ချင်သလိုလုပ်လို့ရပါတယ်

အပြင်ရောက်သွားရင်အပေါင်းအသင်းတွေနဲ့တွေ့ပြီး အပြနိနောက်ကျတတ်တာပါ

Phဆက်လည်းမကိုင်တော့ပါဘူး အိမ်ရောက်မှနောက်မလုပ်ဘူးပြောတာပါ

ထပ်လုပ်တာပါပဲ ကလေးမွေးခါနီးတစ်လအလိုလောက်ကနေ မွေးပြီး2လလောက်အထိသူတော်တော်လေးပျက်စီးသွားပါတယ်

ဆေးလည်းချလားမသိဘူး Ktvလည်းသွားတယ်ထင်ပါတယ်

တလောကktvကကောင်မကစာပို့တာညီမတွေ့တော့မေးတော့ သူမှားသွားတယ် မလုပ်တော့ပါဘူးတဲ့ မိသားစုတော့မကွဲနိုင်ဘူးတဲ့

အဲ့ကောင်မကလည်းညီမကိုဆဲလိုက်တာ ညီမ ယောက်ျားကလည်း အဲ့ကောင်မကိုphဆက်ပြီးဆဲရော

လင်မယား နှစ်ယောက်လုံးအပြောခံရတယ်ပေါ့

အရင်ကဆိုktvလည်းမသွားဘူး ဆေးလိပ်မသောက် ကွမ်းမစားတဲ့သူပါ

ဖောက်ပြန်တာလည်းမလုပ်တော့ပါဘူး

အခုဖြစ်နေတဲ့ပြဿနာကဟိုရက်ကphဆက်တာ မရလို့ သူ့နောက်လိုက်တာktvမှာတွေ့ပါတယ်(ဟိုကောင်မရှိတဲ့ktvမဟုတ်ပါဘူး)

ညီမ ဝင်တော့ အဝင်ဝကောင်တာမှာထိုင်တဲ့ကောင်လေးတွေက ခြံအပြင်ကိုခေါ်ထုတ်ပါတယ်

ညီမ လည်းအပြင်မှာစောင့်ပြီးနာမည်ပြောပြီးခေါ်ခိုင်းတာမရှိဘူးလို့လိမ်ပါတယ်

ပုံပြတော့လည်းမလာဘူးလို့ပြောပါတယ် သူ့ညီကားထိုးထားတာတွေ့နေရတဲ့ဟာကိုလိမ်တာပါ

အဲ့တာနဲ့ ကလေးငယ်လေးနဲ့ခြံအပြင်ဘက်ကနေပူလို့ ကားပေါ်မှာထိုင်စောင့်ချင်တယ်

သူလာမှပြန်လိုက်သွားမယ်ဆိုတော့လည်း ုခြံထဲမဝင်ရဘူးတဲ့

ခနကြာတော့သူထွက်လာပြီးကလေးကိုချီပြီး သူမှားပါတယ် သူ့ညီခေါ်လို့ခနလေးလာမိတာပါတဲ့

ညီမ လည်းဒေါသထွက်ပြီးပွဲကြမ်းမိတယ် ကားပေါ်မှာလည်း ညီမ ငိုပြီးပြောတာပေါ့

သူကအစကဘာမှမပြောဘူး နောက်တော့ထရိုက်တယ်ညီမကို

ညီမ လည်းတစ်လမ်းလုံးငိုလိုက်ပြောလိုက်နဲ့ ကလေးကလည်းငယ်သေးတော့ လန့်ပြီးတစ်ညနေလုံးငိုပါရော

အဲ့တာနဲ့သူ့မိဘအိမ်သွားအိပ်ပါတယ် မနက်ရောက်တော့ညီမကကွာပေးဆိုတော့ မကွာပေးဘူးတဲ့သူ့ကလေးနဲ့မခွဲနိုင်ဘူးတဲ့

ညီမ ကအလုပ်က တခြားနေရာမှာပါ ခဏအိမ်ပြန်လည်တာပါ

သူကညီမနဲ့လိုက်နေမယ်တဲ့phလည်းမကိုင်ဘူး သူ့အလုပ်ကတော့ ရွာမှာပေါ့

သူ့အလုပ်ရှိလို့ပြန်ခေါ်ရင်ညီမကတသ်ရက်နှစ်ရက်ခွင့်ယူပြီးပြန်လိုက်ခဲ့တဲ့

ညီမ လည်း မိသားစုမပြိုကွဲချင်လို့အင်းပေါ့

သူ့အလုပ်ထွက်ခါနီး ထမင်းစားတော့ ညီမ လည်း စိတ်ကမပြေသေးတော့ ရိုင်းရိုင်းစိုင်းစိုင်းတွေပြောမိတယ် အိမ်ကအလုပ်သမားတွေအရှေ့မှာရော သူ့မိဘတွေအရှေ့မှာရောပေါ့

သူကမကြားချင်ယောင်ဆောင်ပြီး အလုပ်စောတက်ပြီး ညနေကျလိုက်ပို့ရင်းတူတူလိုက်နေမယ်တဲ့

ညီမ စိတ်ကမပြေသေးတာနဲ့ သူအလုပ်သွားမှာကိုကွင်းထဲကို ကလေးချီပြီးလိုက်မယ်လို့ပြောလိုက်တယ်

သူကကလေးနေပူတယ်ဘာလိုက်လုပ်မှာလဲတဲ့

ညီမ တကယ်မလိုက်ပါဘူး သက်သက်မဲ့လုပ်နေမိတာပါ

အဲ့တာဆိုphထားခဲ့ဆိုတော့ ဒီနေ့ကphဆက်စရာအလုပ်ရှိတယ်တဲ့ ဟုတ်ပါတယ်ညီမလည်းသိပါတယ်

ဒါပေမယ့် ညီမ ကလည်း လိုက်အရွဲ့တိုက်မိသွားတယ်

သူသွားတဲ့နောက်ကလေးချီပြီးတကောက်ကောက်လိုက်ပြီး phတောင်းတာ သူစိတ်ဆိုးပြီးphကိုပေါက်ခွဲပစ်လိုက်တယ်

Phကရမစရာပါမရှိတော့ဘူး ပြီးတော့လိုက်မပို့တော့ဘူး ပြန်ချင်ပြန်မပြန်ချင်နေတဲ့

လိုက်လည်းမနေတော့ဘူးတဲ့ အဲ့တာညီမဘာလုပ်ရမလဲရှင်

ဒီမှာတစ်ရက်နှစ်ရက်ဆက်နေပြီး သူ့ကိုခေါ်သွားရမလား

ကိုယ့်ဘာသာပြန်ရမလား သူနဲ့တော့အဆက်အသွယ်ပြတ်သွားမှာပေါ့နော်phကလည်းမရှိ စိတ်လည်းဆိုးနေတော့

ရှေ့ဆက်ပြီးဘာဆက်လုပ်ရမလဲရှင်

ဟယ္လိုမင္မင္ ရင္ဖြင့္စာေလးအခမဲ့တင္ေပးပါေနာ္

ခံစားရတာေတြမ်ားေနလို႔စာရွည္သြားရင္ေတာင္းပန္ပါတယ္ရွင္

ေသခ်ာေလးဖတ္ၿပီးအႀကံေပးၾကပါရွင္

ညီမ တို႔အိမ္ေထာင္သက္5ႏွစ္ေက်ာ္ပါၿပီ ကေလးတစ္ေယာက္ရွိပါတယ္

စယူကတည္းက ညီမ စိတ္ဆင္းရဲခဲ့ရတာပါ

ညီမ အရမ္းခ်စ္လို႔ မျပတ္ႏိုင္လို႔ ဆြဲထားမိတာေတြပါ

သူကအေသာက္အစားမက္ၿပီးအေပါင္းအသင္းလည္းမက္ပါတယ္

ခနခနလည္းလိုင္းေပၚကေန ေဖာက္ျပန္ပါတယ္

ညီမ သိရင္မလုပ္ေတာ့ဘူး ၾကာရင္ေနာက္တစ္ေယာက္နဲ႔ျပန္ရႈပ္ပါတယ္

သူ႔မိဘကလည္းတိုင္ရင္ သူ႔ကိုခနပဲဆူၿပီး ၿပီးသြားတာပါပဲ

အဆိုးဆုံးကလက္ပါတာပါ ထစ္ခနဲဆို လက္ပါၿပီ

ေသြးထြက္သံယိုမဟုတ္ေပမယ့္ သူလက္ပါရင္စိတ္ထဲခံစားရပါတယ္

ညီမ ကိုေတာ့အလိုလိုက္ပါတယ္ ဘယ္လိုေနေန ဘယ္လိုဝတ္ဝတ္ ဘယ္သြားသြားမတားဘူး

ပိုက္ဆံမပူပင္ရဘူး မရွိဘူးလိုတယ္ဆိုတာနဲ႔ ရေအာင္လုပ္ေပးတယ္

ဘာလို႔လိုလဲေတာင္မေမးဘူး အေပ်ာ့ဆြဲၿပီးခိုင္းရင္ခိုင္းသလိုလုပ္ပါတယ္

အိမ္မွာဆိုေျပာခ်င္သလိုေျပာလုပ္ခ်င္ခ်င္သလိုလုပ္လို႔ရပါတယ္

အျပင္ေရာက္သြားရင္အေပါင္းအသင္းေတြနဲ႔ေတြ႕ၿပီး အျပနိေနာက္က်တတ္တာပါ

Phဆက္လည္းမကိုင္ေတာ့ပါဘူး အိမ္ေရာက္မွေနာက္မလုပ္ဘူးေျပာတာပါ

ထပ္လုပ္တာပါပဲ ကေလးေမြးခါနီးတစ္လအလိုေလာက္ကေန ေမြးၿပီး2လေလာက္အထိသူေတာ္ေတာ္ေလးပ်က္စီးသြားပါတယ္

ေဆးလည္းခ်လားမသိဘူး Ktvလည္းသြားတယ္ထင္ပါတယ္

တေလာကktvကေကာင္မကစာပို႔တာညီမေတြ႕ေတာ့ေမးေတာ့ သူမွားသြားတယ္ မလုပ္ေတာ့ပါဘူးတဲ့ မိသားစုေတာ့မကြဲႏိုင္ဘူးတဲ့

အဲ့ေကာင္မကလည္းညီမကိုဆဲလိုက္တာ ညီမ ေယာက္်ားကလည္း အဲ့ေကာင္မကိုphဆက္ၿပီးဆဲေရာ

လင္မယား ႏွစ္ေယာက္လုံးအေျပာခံရတယ္ေပါ့

အရင္ကဆိုktvလည္းမသြားဘူး ေဆးလိပ္မေသာက္ ကြမ္းမစားတဲ့သူပါ

ေဖာက္ျပန္တာလည္းမလုပ္ေတာ့ပါဘူး

အခုျဖစ္ေနတဲ့ျပႆနာကဟိုရက္ကphဆက္တာ မရလို႔ သူ႔ေနာက္လိုက္တာktvမွာေတြ႕ပါတယ္(ဟိုေကာင္မရွိတဲ့ktvမဟုတ္ပါဘူး)

ညီမ ဝင္ေတာ့ အဝင္ဝေကာင္တာမွာထိုင္တဲ့ေကာင္ေလးေတြက ၿခံအျပင္ကိုေခၚထုတ္ပါတယ္

ညီမ လည္းအျပင္မွာေစာင့္ၿပီးနာမည္ေျပာၿပီးေခၚခိုင္းတာမရွိဘူးလို႔လိမ္ပါတယ္

ပုံျပေတာ့လည္းမလာဘူးလို႔ေျပာပါတယ္ သူ႔ညီကားထိုးထားတာေတြ႕ေနရတဲ့ဟာကိုလိမ္တာပါ

အဲ့တာနဲ႔ ကေလးငယ္ေလးနဲ႔ၿခံအျပင္ဘက္ကေနပူလို႔ ကားေပၚမွာထိုင္ေစာင့္ခ်င္တယ္

သူလာမွျပန္လိုက္သြားမယ္ဆိုေတာ့လည္း ုၿခံထဲမဝင္ရဘူးတဲ့

ခနၾကာေတာ့သူထြက္လာၿပီးကေလးကိုခ်ီၿပီး သူမွားပါတယ္ သူ႔ညီေခၚလို႔ခနေလးလာမိတာပါတဲ့

ညီမ လည္းေဒါသထြက္ၿပီးပြဲၾကမ္းမိတယ္ ကားေပၚမွာလည္း ညီမ ငိုၿပီးေျပာတာေပါ့

သူကအစကဘာမွမေျပာဘူး ေနာက္ေတာ့ထ႐ိုက္တယ္ညီမကို

ညီမ လည္းတစ္လမ္းလုံးငိုလိုက္ေျပာလိုက္နဲ႔ ကေလးကလည္းငယ္ေသးေတာ့ လန႔္ၿပီးတစ္ညေနလုံးငိုပါေရာ

အဲ့တာနဲ႔သူ႔မိဘအိမ္သြားအိပ္ပါတယ္ မနက္ေရာက္ေတာ့ညီမကကြာေပးဆိုေတာ့ မကြာေပးဘူးတဲ့သူ႔ကေလးနဲ႔မခြဲႏိုင္ဘူးတဲ့

ညီမ ကအလုပ္က တျခားေနရာမွာပါ ခဏအိမ္ျပန္လည္တာပါ

သူကညီမနဲ႔လိုက္ေနမယ္တဲ့phလည္းမကိုင္ဘူး သူ႔အလုပ္ကေတာ့ ႐ြာမွာေပါ့

သူ႔အလုပ္ရွိလို႔ျပန္ေခၚရင္ညီမကတသ္ရက္ႏွစ္ရက္ခြင့္ယူၿပီးျပန္လိုက္ခဲ့တဲ့

ညီမ လည္း မိသားစုမၿပိဳကြဲခ်င္လို႔အင္းေပါ့

သူ႔အလုပ္ထြက္ခါနီး ထမင္းစားေတာ့ ညီမ လည္း စိတ္ကမေျပေသးေတာ့ ႐ိုင္း႐ိုင္းစိုင္းစိုင္းေတြေျပာမိတယ္ အိမ္ကအလုပ္သမားေတြအေရွ႕မွာေရာ သူ႔မိဘေတြအေရွ႕မွာေရာေပါ့

သူကမၾကားခ်င္ေယာင္ေဆာင္ၿပီး အလုပ္ေစာတက္ၿပီး ညေနက်လိုက္ပို႔ရင္းတူတူလိုက္ေနမယ္တဲ့

ညီမ စိတ္ကမေျပေသးတာနဲ႔ သူအလုပ္သြားမွာကိုကြင္းထဲကို ကေလးခ်ီၿပီးလိုက္မယ္လို႔ေျပာလိုက္တယ္

သူကကေလးေနပူတယ္ဘာလိုက္လုပ္မွာလဲတဲ့

ညီမ တကယ္မလိုက္ပါဘူး သက္သက္မဲ့လုပ္ေနမိတာပါ

အဲ့တာဆိုphထားခဲ့ဆိုေတာ့ ဒီေန႔ကphဆက္စရာအလုပ္ရွိတယ္တဲ့ ဟုတ္ပါတယ္ညီမလည္းသိပါတယ္

ဒါေပမယ့္ ညီမ ကလည္း လိုက္အ႐ြဲ႕တိုက္မိသြားတယ္

သူသြားတဲ့ေနာက္ကေလးခ်ီၿပီးတေကာက္ေကာက္လိုက္ၿပီး phေတာင္းတာ သူစိတ္ဆိုးၿပီးphကိုေပါက္ခြဲပစ္လိုက္တယ္

Phကရမစရာပါမရွိေတာ့ဘူး ၿပီးေတာ့လိုက္မပို႔ေတာ့ဘူး ျပန္ခ်င္ျပန္မျပန္ခ်င္ေနတဲ့

လိုက္လည္းမေနေတာ့ဘူးတဲ့ အဲ့တာညီမဘာလုပ္ရမလဲရွင္

ဒီမွာတစ္ရက္ႏွစ္ရက္ဆက္ေနၿပီး သူ႔ကိုေခၚသြားရမလား

ကိုယ့္ဘာသာျပန္ရမလား သူနဲ႔ေတာ့အဆက္အသြယ္ျပတ္သြားမွာေပါ့ေနာ္phကလည္းမရွိ စိတ္လည္းဆိုးေနေတာ့

ေရွ႕ဆက္ၿပီးဘာဆက္လုပ္ရမလဲရွင္