ညီမက အသက် ၂၇ နှစ် ကောင်လေးက ၂၈ နှစ်ပါ
လက်တွဲလာတာ ၄ နှစ်ပြည့်ခါနီးပါပြီ
အေးအတူ ပူအမျှ အတူတူလက်တွဲပြီး
နှစ်ဘက် မိဘ ဆွေမျိုး လုပ်ဖော်ကိုင်ဖက်
သူငယ်ချင်းတွေပါ သိထားကြပြီးသား အခြေအနေပါ
ညီမတို့က အလုပ်ကိုယ်စီနဲ့ နောက် ၂ နှစ်ဆို လက်ထပ်ဖို့ တိုင်ပင်ထားကြပြီးသားပါ
ပြသနာက ညီမကောင်လေးရဲ့ Viber ယူကြည့်မိမှ
ကောင်မလေးတစ်ယောက်နဲ့ အီစီကလီပြောထားတဲ့ စာတွေ တွေ့ရပါတယ်
အခုရက်ပိုင်း သူ ဂိမ်းဆော့ရင်း လိုင်းပေါ်က တွေ့တဲ့ကောင်မလေးလို့ ပြောပါတယ်
ဘယ်လိုမှ မပတ်သက်ဘူး ငြင်းပေမယ့် သူတို့ လက်တွဲဖို့အထိပါ
ပြောဆိုထားကြတာ တွေ့တော့ ညီမ ငိုမိပါတယ်
နောက်ပြီး သူ ဂိမ်းဆော့နေချိန် ညီမ ဖုန်းဆက်မိရင်
နင်ပဲငဆ ဆူပူဆဲဆိုခံရပါတယ် လက်ထပ်ဖို့ကိစ္စ ပြောမိရင်ကို စိတ်ဆိုးမာန်ဆိုး ဖြစ်ပါတယ်
ကြားထဲ LDRS တစ်နှစ်ကာလမှာ သူ ဂိမ်းစွဲ ကောင်မလေးနဲ့ လိုင်းမှာ တွေ့နေတော့
ညီမ သူ့ကို လမ်းခွဲဖို့လည်း မရဲ ဆက်တွဲဖို့လည်း မဝံ့ဖြစ်နေလို့ပါ
အကြံဥာဏ်လေး ပေးကြပါဦးနော်