ညီမတို့အိမ်ထောင်သက်တမ်းငါးနှစ်ကျော်ပါပီ သမီးတယောက် သားတယောက်ရှိပါတယ်
သမီးလေးက သုံးနှစ်ကျော်ပါပီ သားလေးကခုမှ နှစ်လကျော်ပါ သူနဲ့ညီမ အသက်က 8နှစ်ကွာပါတယ်
နိဒါန်းပျိုးတာရှည်သွားရင်လဲ ခွင့်လွတ်ပါနော် ညီမအတွေးတွေမှန်လား မှားလားမသိတော့လို့ပါ
ညီမကသူ့ထက်ငယ်တော့လေ တခါတလေ အလိုလိုက်ခံချင် ဆိုးချင်မိတာေတော့ရှိတာပေါ့နော်
အကြောင်းအရာတခုခုကြောင့် ညီမစိတ်ဆိုးရင် အရင်ညားခါစကချော့ပါတယ်
ခုနောက်ပိုင်းသူမှနိတယ် မမှားဘူးဆိုတဲ့ပုံစံမျိုးနဲ့ မချော့ပါဘူး
ညီမဘလောက်ခံစားနေရ ခံစားနေ သူဖုန်းကြည့်ပီး ရီစရာရှိတာရီတယ်စားးစရာရှိတာစားတယ်
အိပ်ပျော်စားဝင်တယ်သူ နေနိုင်တယ်ပေါ့နော်
ညီမက ညားပီဆိုထဲက သူ့အိမ်လိုက်နေရတာပါ ကိုယ်ကအငယ်ဆိုတော့ အိမ်အလုပ်အကုန်သိမ်းကျုံးလုပ်တာပါ
မခိုမကပ်ပါဘူး သူ့အိမ်ကလူလည်းများပါတယ် ညီမခုဒုတိယကိုယ်ဝန် မွေးခါနီးတရက်နှရက်အလိုထိတောင် တအိမ်လုံးရဲ့ဝေယျာဝစ္စအကုန်လုပ်တာပါ
လုပ်ရလို့လဲငြိုငြင်တာမဟုပ်ပါဘူး ညီမသူ့ကိုချစ်လွန်းလို့ သူ့အိမ်လိုက်နေပီး မိန်းမသားအခွင့်အရေးမရှိတော့လောက်အောင်
ညီမအတွက်ဆိုတာမရှိအောင် သူ့အတွက် သမီးအတွက် ညီမပေးဆပ်ထားတာပါ
သူကခုသမီးမွေးပီးနောက်ပိုင်း တခုခုဆိုသမီးအတွက် သမီးစိတ်ချမ်းသာရဖို့ သမီးကောင်းကောင်းနေရဖို့ပဲ ပြောနေတယ်
အမှန်တိုင်းပြောရရင် ညီမသူ့အိမ်မှာ မနေချင်ဘူးလေအမတို့ရယ်
မရှိတူတောင် က်ု့မိသားစုလေးနဲ့ကိုပဲနေချင်တယ် အိုးခွဲဖို့အကြိမ်ကြိမ်ပြောလဲ အကြောင်းအမျိုးမျိုးပြတယ်
ခုက ပိုပြလို့ကောင်းတာပေါ့ နိုင်ငံရေး ကမကောင်း ရောဂါတွေကဖစ်နဲ့ ညီမသူ့အိမ်မှာလုံးလုံးမပျော်တာကိုသိရဲ့နဲ့ ညီမခံစားချက်ကိုဂရုမစိုက်ဘူး
အ့တာနဲ့ညီမပြောတာလေ ငယ်သေးတဲ့ ကလေးရဲ့ရှေ့ရေးမပူပါနဲ့ဦး
ခုလောလောဆယ် ယူထားတဲ့မိန်းမကိုစိတ်ချမ်းသာအောင်ပြည့်စုံအောင်ထားဖိူ့တွေးပေးပါဦး လို့ပြောတာ
ညီမအတွက်ကမလိုတော့ဘူးလေတဲ့ သူတောင်သူ့အတွက်မတွေးဘူး ညီမကဘာဖစ်နေတာလဲတဲ့
သားသမီးအတွက်ပဲတွေးရမယိ့ဟာ သူကသူ့အတွက်မတွေးလို့တောင်စိတ်ဆိုးနေသေးတယ်တဲ့
ညီမကညီမအတွက်မတွေးလို့စိတိဆိုးတာလဲဟုပ်ပါတယ် ဒါပေမယ့် ညီမ မှားလား အမတို့ရယ်
ညီမမနေချင်ပေမယ့် ငါးနှစ်ကျော်ကို ကို့ဟာကိုမို့ပြောတာမဟုပ်ပါဘူး
ညီမအနစ်နာခံပီးနေပေးပါတယ်ဘသူနဲ့မှရန်မဖစ်ပဲ ညီမ ဘွဲ့ရတယောက်ပါ
သူ့အိမ်မှာ တအိမ်လူံးဆယ်တန်းတောင်အောင်တဲ့သူ တယောက်မရှိပါဘူး
ညီမဘဝတက်လမ်းတွေကိုရိုက်ချ်ုးပီး သူ့အိမ်မှာ ရိုင်းရိုင်းပြောရရင် ကျွန်တယောက်လို လာလုပ်နေတာပါ
ညီမအတွက် ညီမဒါလေးမျော်လင့်မိတာ ညီမမှားလား သမီးနဲ့ယှဥ်ပီး ညီမက အူတိူတယ်တဲ့
အမတို့ရယ် ညီမလည်းမိခင်တယောက်ပါ မိန်းမသားတယောက်ပါ
ယောကျာ်းရဲ့ဂရုစိုက်မှု ကြင်နာမှုတော့လိုချင်တယ်လေ
ညီမအတွက်တွေးပေးပါဦးလိူ့ ပြောတာ ညီမ လွန်သွားလား
ညီမကသားသမီးအတွကိမတွေးဘူးတဲ့လေ ရင်နာရပါတယ်
ညီမ အနစ်နာခံပြီး ပေးဆပ်ပီး ရလာတဲ့ရလဒ်က ဒါတဲ့လား မတို့ရယ်
စာရှည်သွားရင်တောင်းပန်ပါတယ် ပြောစရာတွေများပီး စာအဆီအလျော်မတည့်ခဲ့ရင်နားလည်ပေးကြပါ
ဒီတခါထဲမဟုပ်ဘူး ခဏခဏပြောခံနေရလို့ပါ
ညီမကသူ့ထက်ငယ်တော့လေ တခါတလေ အလိုလိုက်ခံချင် ဆိုးချင်မိတာတော့ရှိတာပေါ့နော်
ခုလောလောဆယ် ယူထားတဲ့မိန်းမကိုစိတ်ချမ်းသာအောင်ပြည့်စုံအောင်ထားဖို့တွေးပေးပါဦး လို့ပြောတာ
ညီမဘဝတက်လမ်းတွေကိုရိုက်ခ်ျုးပီး သူ့အိမ်မှာ ရိုင်းရိုင်းပြောရရင် ကျွန်တယောက်လို လာလုပ်နေတာပါ
ညီမအတွက် ညီမဒါလေးမျော်လင့်မိတာ ညီမမှားလား သမီးနဲ့ယှဉ်ပီး ညီမက အူတိုတယ်တဲ့
ညီမအတွက်တွေးပေးပါဦးလို့ ပြောတာ ညီမ လွန်သွားလား