ညီမ တစ်ခုလောက်တိုင်ပင်ချင်လို့ပါ
ညီမကောင်လေးက သူ့အရင်ရည်းစားဟောင်းက အနေနီးတဲ့သူနဲ့ပါသွားလို့ပြတ်သွားတယ်လို့ညီမခန့်မှန်းမိ တယ်ပေါ့နော်
အဲ့တော့ သူ့ခမျာ တစ်နှစ်ကျော် နှစ်နှစ်လောက် အသည်းကွဲခဲ့တယ်ပေါ့
ညီမကောင်လေးက ညီမကို အရမ်းချစ်ပါတယ်၊ဘယ်လောက်ဆိုးဆိုးလဲသည်းခံပါတယ်၊
သူ့အပေါင်းအသင်းတွေနဲ့လဲမိတ်ဆက်ပေးပါတယ် ၊ ညီမဆီကို ldrs မလို့ အခွင့်အရေးရတိုင်းလဲ အပင်ပန်းခံပြီး လာပါတယ် ၊
လက်ထပ်ဖို့အထိပါသူကအမြဲတွေးထားတာပါ
ညီမသူနဲ့တွဲေတာ့ သူအကြာကြီးငြိမ်နေရာကနေ ခုမှ အချစ်အကြောင်းတင်တော့ သူ့သူငယ်ချင်း အချို့မသိတဲ့သူတွေက အရင်ရည်းစားနဲ့ပဲထင်ပြီး
အဲ့မိန်းကလေးနဲ့ပတ်သတ်ပြီးစနောက်တာမျိုးလာမန့်ကြတာတွေ့ပါတယ် ၊
အဲ့တော့သူက ညီမကိုစိတ်လုံခြုံမှလုံးဝပေးပါတယ်
ညီမလဲ သူ့စိတ်ကိုသေချာသိသလို ex တွေကိစ္စ စိတ်မဝင်စားလို့အဲ့လောက်ခေါင်းထဲမရှိပါဘူး
ပြဿနာက ညီမကသူ့ရည်းစားဟောင်းနဲ့ပတ်သတ်ပြီး မသိချင်ဟန်ဆောင်နေတာပဲ ရှိတာပါ
အဲ့တော့ တစ်ချို့ဟာတွေ စကားပြောရင်း မသိမသာ ထည့်ပြောမိကြည့်မိတယ်ပေါ့
ဥပမာ သူ့ရည်းစားဟောင်းက ဆံပင်အရှည်ကြီးနဲ့ အရပ်ကလဲမြင့်ပါတယ်
ညီမကတော့ ဆံပင်အတိုလေးပဲကြိုက်လို့အမြဲထားခဲ့တာပါ ညီမအကျင့်အတိုင်း ဆံပင်ပုခံုးကျော်တာနဲ့ ဂုတ်ဝဲပြန်ညှပ်တယ်ပေါ့
အဲ့ဆိုသူကချစ်လို့သာ ကလေးနဲ့အတိုကပိုလိုက်ပါတယ်
ကလေးသဘောသာပြောတာပါ စိတ်ထဲက စစချင်းသိပ်သဘောမကျတဲ့ပုံစံပါ။
နောက်တစ်ခုက ညီမကောင်လေးက ညီမအရပ်ရှည်အောင်လုပ်ပြီး သူ့ကို ပခုံးပြန်ဖက်ထားပြမယ် ဘာညာစကားစပ်ရင်းစ,တော့ သူကရတာပဲလို့ပြောပါတယ် ၊
ညီမကအတွဲတွေမှာ မိန်းကလေးက ပိုရှည်နေလို့မကောင်းပါဘူး မိန်းကလေးက ပုပုသေးသေးလေးဆိုချစ်ဖို့မကောင်းဘူးလား ဆိုပြီးစ,ရင် ရပါတယ်
အဲ့တာက ကိစ္စမရှိပါဘူး ကိုကကြိုက်ပါတယ်ပြောပါတယ်။
အဲ့လို သူ့ရည်းစားဟောင်းနဲ့ပြတ်ပြီး ကြားထဲ flirt တဲ့မိန်းကလေးတွေကလဲအကုန် အဲ့ရည်းစားဟောင်း type မျိုးပါ။
သူ့ကအဲ့လို style ကြိုက်တာလား အစားထိုးတာလားတော့ ညီမလဲမသိပါဘူး။ ညီမကတော့ ညီမပုံစံ အတိုင်းပဲနေပါတယ်
လိုက်လဲမလုပ်ခဲ့သလို တူမှာတောင်ကြောက်ပါသေးတယ်ရှင် ညီမကိုယ်တိုင်လဲ အဲ့ type မျိုးမကြိုက်ပါဘူး
သူကလဲ ညီမပုံစံအတိုင်းအကုန်လက်ခံပေးပါတယ် အဆင်မပြေတာဆိုရင်တောင် ပိုကောင်းအောင်လုပ်ပေးဖို့ပဲစဉ်းစားတာပါ
အဓိက က ညီမမတော်တဆပဲဖြစ်ဖြစ် တမင်သူ့ကိုစိတ်စမ်းတဲ့သဘောနဲ့ အရင်ကသူရည်းစားနဲ့လိုမျိုး အကြောင်းအရာမျိုးရှိလာရင် သူ့ပုံစံက သူ့မသိစိတ်က
အဲ့လိုပုံစံညီမကို သွင်းသလို အရင်လိုလေးပြန်ဖြစ်လို့သဘောကျနေတဲ့ပုံစံလို့ ညီမထင်နေမိလို့ပါ ၊
ရည်းစားဟောင်းအကြောင်းမေးရင်မကြိုက်ပါဘူး လေသံကိုကပြောင်းသွားပြီး သေချာမဖြေပါဘူး
အရင်ကဟာတွေကြာပြီ သူလဲသူ့ဘဝနဲ့သူမဆိုင်တော့ဘူး ကိုယ့်မှာခု ပူတူးရှိနေပြီလို့ပဲပြောပါတယ်
လူကိုမချစ်တော့ပေမဲ့အမှတ်တရေတွကမေ့ဖို့ခက်တာပဲတွေးပြီး ညီမကေတာ့ ပိုေကာင်းပိုေပျာ်ဖို့ေကာင်းတဲ့ memory တွေပဲပေးမယ်လို့ပဲစဉ်းစားထားပါတယ်
ခက်တာက ညီမကအခု menstruation ကာလလဲဖြစ်တော့ စိတ်ကမြန်ပြီးတော့ သူ့ကို စောနကအပေါ်ကအကြောင်းအရာတွေအကုန်ပွင့်ပွင့်လင်းလင်းပြောပြီး မေးချင်နေမိတာပါ ၊
သူ့ကို တစ်ခြားသူအတွက်နဲ့ က်ိုယ့်ဘာသာဆိုးဆိုးဝါးဝါးပစ်ထားခဲ့တော့ သူ့ကို selflove ရှိဖို့ပြောပြပေးချင်တာပါ ။
အဲ့လိုပြောလိုက်ရင် ခုအဆင်ပြေနေရာကနေ တစ်ခုခုဖြစ်သွားပြီး သူလဲတစ်မျိုး စိတ်ခု သွားမှာစိုးလို့ပါ ၊
ညီမအပေါ်အရမ်းကောင်းပေမဲ့ အဲ့ deja Vu ကိစ္စကညီမပဲအတွေးလွန်နေတာလား
အစ်မတို့ရော သူ့စိတ်ကိုဘယ်လိုမြင်ကြလဲရှင့် ၊ ညီမအနေနဲ့ဘယ်လိုလုပ်သင့်လဲရှင့် ၊
ဘယ်လိုမျိုးလုပ်ရင်ညီမကောင်လေးရဲ့စိတ်ဒဏ်ရာကို ဖြေဖျောက်နိုင်မလဲ အကြံပေးကြပါအစ်မတို့ရယ်
ညီမသူနဲ့တွဲတော့ သူအကြာကြီးငြိမ်နေရာကနေ ခုမှ အချစ်အကြောင်းတင်တော့ သူ့သူငယ်ချင်း အချို့မသိတဲ့သူတွေက အရင်ရည်းစားနဲ့ပဲထင်ပြီး
ညီမကတော့ ဆံပင်အတိုလေးပဲကြိုက်လို့အမြဲထားခဲ့တာပါ ညီမအကျင့်အတိုင်း ဆံပင်ပုခုံးကျော်တာနဲ့ ဂုတ်ဝဲပြန်ညှပ်တယ်ပေါ့
လူကိုမချစ်တော့ပေမဲ့အမှတ်တရတွေကမေ့ဖို့ခက်တာပဲတွေးပြီး ညီမကတော့ ပိုကောင်းပိုပျော်ဖို့ကောင်းတဲ့ memory တွေပဲပေးမယ်လို့ပဲစဉ်းစားထားပါတယ်
သူ့ကို တစ်ခြားသူအတွက်နဲ့ ကိုယ့်ဘာသာဆိုးဆိုးဝါးဝါးပစ်ထားခဲ့တော့ သူ့ကို selflove ရှိဖို့ပြောပြပေးချင်တာပါ ။