ရင်ဖွင့်ချင်လို့ပါရှင့် စာရှည်သွားရင်လဲတောင်းပန်ပါတယ်ရှင့်
ညီမဆုံးဖြတ်ချက်မှန်ရဲ့လားရှင့်ကူပီးဆုံးဖြတ်ပေးကြပါဦးနော်
ညီမက အသက်၂၀ပါ သူကတော့အသက်၂၁ပါ
ညီမအသက်၁၈ပြည့်တဲ့နှစ်မှာပဲသူနဲ့ခိုးပြေးခဲ့ကြတာပါ သူ့မိဘအိမ်ကိုပါ ချစ်သူသက်တမ်း၈လတည်းနဲ့ပါ
ညီကအေးအေးဆေးဆေးသမားပါ အပေါင်းအသင်းကလဲမရှိ တော့ပါဘူး သူကတော့ညီမနဲ့လုံးဝဆန့်ကျင်ဘက်ပါ
သူကနဲနဲစရိုက်ဆန်တယ်ပြောရမလားတော့မသိဘူး သူကတစ်ခုခုဆိုဆဲဆိုပီးမှစကားပြောတတ်ပါတယ်
ညီမနဲ့မရခင်က(ရည်းစားဘဝတုန်းက)ဆို ခနခနရန်ဖြစ်ပီးအရက်သောက်ပါတယ် ပီးတော့သူကမူးလာရင်အရမ်းသွေးဆိုးပါတယ်
ဒေါသထွက်ရင်မိဘတွေကိုတောင်မချန်ပါဘူးဆဲဆိုပါတယ် ဒါကိုလဲညီမယူပီးမှသိခဲ့ရတာပါ
ရည်းစားမ ဖြစ်ခင်တုန်းကတော့သူနဲနဲပါးပါးအရက်သောက်တတ်မှန်းတော့သိပါတယ်
ရည်းစားဖြစ်တော့ သူ့ကိုညီမကအရက်မသောက်နဲ့တော့လို့ပြောပါတယ်
သူကလဲမသောက်တော့ပါဘူးဆိုပီးနောက်ကွယ်မှာသောက်နေခဲ့ပါတယ် ဒါကိုလဲယူပီးမှသူပြန်ပြောပြမှသိတာပါ
သူကညီမကိုတစ်နှစ်ခွဲလိုက်ခဲ့တာပါ ညီမကလဲ ခနခနငြင်းခဲ့ပါတယ် သူငယ်ချင်းတွေကြားထဲကအောင်သွယ်ပေးပီးနောက်ညီမလဲပြန်ကြိုက်လိုက်ပါတယ်
ညီမှာသူငယ်ချင်းနှစ်ယောက်ရှိပါတယ် နှစ်ယောက်လုံးကမိန်း ကလေးပါ
ရည်းစားဘဝိုပီး အကြောင်းအမျိုးမျိုးနဲ့ပြဿာနာရှာပါတယ် ညီမကလဲသူငယ်ချင်းနှစ်ယောက်လုံးကိုအဆက်သွယ်ဖြတ်ခဲ့လိုက်ရပါတယ်
အဲ့ကစပီးညီမမှာအပေါင်းအသင်းမရှိတော့ပါဘူး သူ့မှာကတော့အပေါင်းအသင်းတွေနဲ့သောက်ချင်တိုင်းသောက်သွားချင်တိုင်းသွားပါတယ်
ညီမကိုလူတိုင်းနဲ့လဲလိုက်ပီးသဝန်တိုပါတယ်
ညီမတို့အိမ်ထောင်သက်၃နှစ်ရှိပါပီ သူမှာကအလုပ်မရှိသေးပါဘူး ညီမတို့ကို သူ့မိဘအိမ်ကပဲတင်ကျွေးထားတာပါ
သူ့ကိုအဝတ်လေးလျှော်ခိုင်းရင်တောင်လျှော်ပီးတာနဲ့ပင်ပန်းတယ်ဆိုပီးမျိုးစုံပြောပါတယ်
ပီးခဲ့တဲ့၃ ၄လက ညီမဟိုတယ်တစ်ခုမှာအလုပ်လုပ်ပါတယ် ဘယ်လောက်ပဲပင်ပန်းပင်ပန်းညီမလုပ်နိုင်ပါတယ်
အလုပ်ဆိုတော့လူတိုင်းနဲ့စကားပြောရတာဆိုတော့သူကလူတိုင်းနဲ့လိုက်ပီးသဝန်တိုပါတယ်
သူကအလုပ်ကပြန်လာတိုင်းမူးရူးနေပါတယ် မူးရူးမနေရင်တောင်မသောက်ထားတဲ့နေ့မရှိသလောက်ပါပဲ
ပြန်လာတာနဲ့တစ်ခုမဟုတ်ပြဿာနာရှာပါတယ် ဒါနဲ့ညီမလဲဒီလမှအလုပ်ထွက်လိုက်ပါတယ်ရှင့်
ညီမကလေလူပင်ပန်းတာခံနိုင်ပါတယ် စိတ်ပင်ပန်းတာတော့မခံနိုင်တော့ဘူးရှင့်
ကြားထဲမှာပြဿာနာခနခနဖြစ်လို့ ဘာမှမဖြစ်သလို ရင်ဖွင့်စရာလူမရှိလို့တောင့်ခဲခဲ့တာတွေလဲများကြီးပါရှင့်
သူနဲ့ယူပီးနောက်မှာ ညီမကိုယ့်ဘာသာကို thet thay ဖို့ လဲလုပ်ခဲ့ပါတယ် အိပ်ဆေးလက်တစ်ဆုပ်သောက်လဲမthayဘူးရှင့်
အရက်ပြန်နှစ်ဘူးသောက်လဲမthayနိုင်ပါဘူး ကြားထဲညီမဆေးရုံတက်ရတုန်းကလဲ
သူ့သူငယ်ချင်းတွေနဲ့သွားသောက်ဖို့ချိန်းထားတာတဲ့နေ့မှာမှညီမဆေးရုံတက်ရတာကြောင့်
ဆေးရုံမှာနေမကောင်းဖြစ်တာနင့်အမှားမဟုတ်ဘူး
သူကိုကဒီလို ခြူချာတဲ့ခမိန်းမယူခဲ့မိတာကိုမှားတာ အဲ့လိုပြောပါတယ်ရှင့်
နောက်ပီးတစ်ခုခုဆိုလဲညီမကိုဆဲဆိုတယ်ရှင့် ညီမကလဲငယ်ငယ်တည်းကခြူချာတယ်ရှင့်မယူခင်ကတည်းကသူလဲအသိပါ
သူကအရက်မဟုတ်ရင်ဘီယာကိုနေ့တိုင်းသောက်ပါတယ် ကြာလာတော့ညီမလဲပြောတိုင်းရန်ဖြစ်နေရတော့ညီမလဲ မပြောတော့ပါဘူး
ဒီနေ့ဆိုရင်လဲ သူ့ဟာသူသောက်ပီးသီချင်းဖွင့်နေတာပါ ညီမက ကိုယ့်ဘာကိုယ်ထိုင်နေပါတယ်
အဲ့ဒါကိုသူ့နဲ့ လိုက်ပီးသီချင်းမဆိုပေး သူဂစ်တာတီးရင်လဲအနားမှာမနေပေးဆိုပီးပြဿာနာစရှာတယ်ရှင့်
တံခါးအဝမှာညီကထိုင်နေတော့သူ့ကိုမဖယ်ပေးဘူးလားဆိုပီးတော့ ထိုင်နေတဲ့ညီမအပေါ်ကိုသေးနဲ့ပန်းချတယ်ရှင့်
အဲ့ဒါကိုညီမကဒေါသထွက်ပီးသူ့အကျီလည်ပင်းကိုဆွဲလိုက်မိတယ်ရှင့်
ငါ့အပေါ်ဒီလိုလုပ်စရာမလိုဘူး ဆိုပီးပြောလိုက်တယ်ရှင့် သူကအပြင်ထွက်ပီးသူ့သူငယ်ချင်းတွေဆိုသွားဖို့လုပ်နေတော့ညီမကတံခါးကထပ်ပီးမဖယ်ပေးပါဘူးရှင့်
ဒါဆိုညီမကို yite ပါတယ် ပါးတစ်ခြမ်းလုံးရောင်အောင်သေလောက်အောင် yite ပါတယ်
ညီမကလဲဒီတိုင်းမနေဘူးရှင့်ပြန်ပီးရတဲ့နေရာကိုဆွဲကိုက်ပါတယ် သူ့ကိုထဲလေညီမကိုပို yite လေပါပဲရှင့်
အဲ့ဒါနဲ့သူ့မိဘတွေရောက်လာပီးသူ့ကိုခေါ်သွားမှငြိမ်သွားပါတယ်ရှင့် ဒီကောင်မကိုမပေါင်းနိုင်တော့ဘူး
ဆိုပီးမျိုးစုံပြောပါတယ်ရှင့် ညီမကလဲမပေါင်းတော့ဘူးလို့ပြန်ပြောလိုက်ပါတယ်
ညီမလဲမနက်ဖြန်မနက်ကျရင်ကွာဖို့ဆုံးဖြတ်လိုက်ပါပီရှင့်
ညီမဒီထက်ပိုပီး ဒုက္ခ မခံနိုင်တော့လို့ပါ ဒီလိုဆုံး ဖြတ်တာညီမမှန်လားရှင့်