ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၅၈၄

တစ်ခုလပ်တစ်ယောက်ရဲ့ ခံစားချက်လေးပါ

ကျမမှာ သားတစ်ယောက်ရှိပါတယ် ကျမက နယ်က သူကရန်ကုန်သားပါ

ရန်ကုန်မှာ အလုပ်လုပ်ရင် ကျမအသက် ၁၉ကေျာ်ခါစလေးမှာ သူနဲ့တွေ့ပြိး သူခိုးပြေးခဲ့လို့ လက်ထပ်ခဲ့ကြတာပေါ့

သူအိမ်က ဝင်ငွေဘယ်သူမှမရှိတော့ အဆင်မပြေကြပါဘူး

မဂ်လာဆောင်ပြိး ကျမတို့ခွဲနေရပါတယ် သူကမြို့ပေါ်မှာ နေတယ်ကျမက သူတို့ရွာမှာပေါ့

အဆင်မပြေမူများစွာနဲ့ပေါ့ ၈လကြာတော့ ကျမလဲသူနဲ့အတူအိမ်ငှားနေကြတယ်

အလုပ်တွေလဲ အဆင်ပြေလာတယ်

ဒိလိုနဲ့ ကျမက ထိုးဆေးမတည့်လို့ သောက်ဆေးသောက်နေရတယ်

ကျမအလုပ်က မနက်၆ ည၁၀ ပါ ထမင်းထုပ်အတွက် မနက်၄နာရိထပြိး ချက် အဝတ်လျော်ရေချိုး လုပ်ရတယ်

ညဆိုပြန်လာ ပန်းကန်ဆေးမိးပူတိုက်ရတယ် ကျမမှာနားချိန်အိပ်ချိန်တောင် မရှိပါဘူး

ဒိလို့နဲ့ ဆေးသောက်ဖို့ ရက်တွေကျော်မိလို့ ကလေးရခဲ့တယ်

အဲ့နေ့က မပျော်ခဲ့ပါဘူး ကျမအလုပ်မလုပ်ရင် အဆင်မပြေတော့လိုပါ

သူအလုပ်က အနည်းပဲရတယ်လေ အိမ်လခဆာပဲရှိတယ်လေ ဖျက်ချဖို့တောင်တွေးမိတယ်

သူကအစတော့ ပျော်နေခဲ့တယ် ကျမက အလုပ်ထဲမှာ မိနစ်မခြားအန်နေလို့ လူကမျော့နေပါပြိး အလုပ်ကခွင့် ၁၅ရက် နားဖို့ ခွင့်ပြုလိုက်တယ်

ဒါကို သူမကြိုက်ပါဘူး ကျမဝင်ငွေမရှိတော့ ဘယ်လိုအဆင်ပြေနိုင်မလဲတဲ့ ကျမလေ အရမ်းပဲဝမ်းနည်းခဲ့ရတယ်

ဒိလို့နဲ့ ကျမအမြဲအန်ပြိး ဆေးသောက်လဲမပျောက်ပါဘူး သူက အတူနေဖို့တောင်းဆိုတယ် ကျမက ဘယ်လိုမှစိတ်မပါခဲ့ပါဘူး

သူကမရလို့ အိမ်ငှားအိမ်မှာ ကျမကို ထားခဲ့တယ် ဆန်မရှိ ဟင်းချက်စရာမရှိနဲ့

ကျမလေ အိမ်ရှင်ဆိက ဆန်ချီး ရူးရှဲလေးနဲ့ အမြဲစားနေရတယ် သူအိမ်ကိုးပြန်သွားတယ် ဖုန်းလဲဆက်လို့မရခဲ့ဘူး

တစ်နေ့ ကျမကို မိဘအိမ်ပြန်ပါတဲ့ ကျမကို သူတို့အိမ်မှာနေဖို့အဆင်မပြေဘူးတဲ့

သူအမေမြို့တတ်လိုက်လာပြိး ကျမပြန်ဖို့ လမ်းစရိတ်ထုပ်ပေးတယ် သူကတော့ ဘာတစ်ခွန်းမှမပြောခဲ့ဘူး

မိဘအိမ်ကိုဖုန်းဆက်တော့ မိဘက အဆင်မပြေပေ့မဲ့ လာခဲ့ပါတယ်

ကျမမှာ ခဲ့တယ် ကလေးမွေးရင်လာခဲ့ဖို့ ကလေး၆လပြည့်ရင် အလုပ်ထွက်လုပ်မယ် အတူတူနေကြမယ်လို့ ကျမပြန်သွားခဲ့တယ်

ကိုယ်ဝန်၅လထဲမှာပေါ့ ပိုက်ဆံတစ်ကျပ်မှ မလွဲခဲ့ပါဘူး ကလေးမွေးလဲ သူမလာခဲ့ပါဘူး

ကျမက အသက်လုပြိးမွေးခဲ့ရတယ် ဆရာဝန်က ကလေးက မရှင်နိုင်သလို လူကြိးလဲမကောင်းဘူးပြောလို့

အိမ်ကလူတွေ သူစိအကုန်ဆက်သွယ်ကြတယ် သူမလာခဲ့ပါဘူး

အသက်ဘေးကလွတ်ခဲ့ပေ့မဲ့ ကျမသူကိုမျော်နေဆဲပါ ငိုရတာလဲ နေ့ညမပျက်ခဲ့ပါဘူး

သူတစ်လခွဲလာခေါ်တယ် ကျမချုပ်ရိုးတွေ အဲ့အချိန်ထိ မကျက်လို့ အိမ်ကထည့်မလွတ်ခဲ့ပါဘူး

သူပြန်သွားပြိး ဖုန်းအဆက်သွယ်ပျက်သွားကြတယ် နောက်သူ့အကောင့်မှာ ရိစားတွေနဲ့ တွဲပိး ပျော်နေတယ်

အဲ့လိုနဲ့ပဲ ကွဲသွားတယ်ဆိုပါတော့ အခုဆို သား၉နှစ်ရောက်ခဲ့ပါပြိး

ပြောခြင်တဲ့အကြောင်းက ခုမှစမှာပါ စိတ်ရှည်ပေးပါနော်

သား၇နှစ်မှာ ကျမဒတိယအိမ်ထောင်ကျပါတယ် သူကရိုးပြိး ကျမနဲ့သညးကိုယ် အရမ်းချစ်ပါတယ်

ကျမစကားဆို နားထောင်တဲ့သူပါ ကျမမျက်နှာအညိုးမခံတဲ့သူပါ

သားကို သူသားမဟုဘူးလို့ပြောမှာ သူသိပ်ကြောက်ပါတယ် သညးကလဲ သူကိုးသိပ်ချစ်တယ်

သူတို့နှစ်ယောက် အရိပ်တကြည့်ကြည့်နဲ့ ကြည့်ပြိး လုပ်ပေးတတ်ကြပါတယ်

လူတိုင်းက အားကျရပြိး ကျမတို့မိသားစုလေးက ပျော်ရွှင်နေပါတယ်

ခုသားကော သူကော နောက်ထပ်ကလေးတစ်ယောက် လိုခြင်နေကြတယ်

ကျမအချိန်တွေ အများကြိး စဉ်စား မိဘနဲ့တိုင်ပင်ပြိး ကျမမွေးနေ့မှ ဆေးဖျက်ပေးလိုက်တယ်

သူကအရမ်းပျော်ပြိး အဝတ်လျော် ထမင်းချက် အကုန်လိုက်လုပ်ပေးတယ်

သူ့အလုပ်ပြန်လတဲ့ချိန်တိုင်းမမောနိုင်ဘူး ဗိုက်ထဲမှာ ရက်သားဖြစ်နေပြိး ဆိုပိး ကျမကိုဗိုက်ကြိးသည်တစ်ယောက်လို ထားပါတယ်

သားကိုလဲ ညိမလေးရမှာဆိုပြိး သူတို့သားအဖတွေ လိုက်ဂရုစိုက်နေတာ မနေတတ်အောင်ပါပဲ

အဲ့လိုနဲ့ ကလေးကမရတာ ၅လရှိပြိး သူ့ကဝမ်းနည်းနေတယ် မရမှာ အရမ်းကြောက်နေတယ်

ကျမလေ ကလေးရမှာလဲ ကြောက်သလို မရမှာလဲ စိုးရိမ်မိတယ်

အရင်သားမွေးတုန်းကလေ စိတ်ဒဏ်ရာတွေ ရမှာကြောက်တယ် သညးကိုသူမချစ်တော့မှာကြောက်တယ်

မမွေးရင်လဲ သူ့သံယောဇဉ်ကြိုး မရှိလို့ ကျမကိုထားသွားမှာကြောက်တယ်

စိတ်တွေ ပျော်ရွှင်မနေဘူး ရာသိမလာသေးရင်လဲ လာပါစေဆိုပြိး ဆုတောင်းမိတယ် လာပြန်တော့ ကျမငိုနေမိပြန်တယ်

အခု သူခရိးထွက်သွားတာတောင် မိန်းမရပြိးလာတဲ့ သူကလေးအိပ်မက်မက်လိုတဲ့ လိူခြင်ပြိးတဲ့

ကျမဘာလုပ်သင့်လဲ မွေးတာ မှန်လား သူကတော့ ကျမပေါ်ကောင်းတဲ့သူပါ

ကျမက ဒဏ်ရာရဖူးသူမို့ အဲ့လိုဖြစ်နေတာလား သူကကော ယောက်မတွေကပါ

သားအိမ်အားဆေးသောက်ပြိး ကလေးယူပေးလိုက်ပါတဲ့

ဘဝတူရှိရင် ကလေးယူကြ့လား ကျမလိုခံစားရလား ဖြေပေး့ကပါနော်

ကြာရင် ကလေးရမရ မသိဘူး ရူးတော့မယ်



ရန်ကုန်မှာ အလုပ်လုပ်ရင် ကျမအသက် ၁၉ကျော်ခါစလေးမှာ သူနဲ့တွေ့ပြိး သူခိုးပြေးခဲ့လို့ လက်ထပ်ခဲ့ကြတာပေါ့






ကျမအလုပ်က မနက်၆ ည၁၀ ပါ ထမင်းထုပ်အတွက် မနက်၎နာရိထပြိး ချက် အဝတ်လျော်ရေချိုး လုပ်ရတယ်





































အခု သူခရိးထွက်သွားတာတောင် မိန်းမရပြိးလာတဲ့ သူကလေးအိပ်မက်မက်လိုတဲ့ လိုခြင်ပြိးတဲ့




ဘဝတူရှိရင် ကလေးယူကြ့လား ကျမလိုခံစားရလား ဖြေပေ့းကပါနော်
