ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၅၈၆

မင်မင်ရေ ညမရဲ့ရင်ဖွင့်စာလေးကိုတင်ပေးပါနော်ညမအကြံတောင်ချင်လို့ပါ

ညမကအိမ်ထောင်ကျပီးသားပါ၁နှစ်ကျော်ပါပီ ညမတို့ယူပီး၆လအကြာမှာမိဘဆုံးပါသွားခဲ့ပီး

အမွေကိစ္စတေရန်ဖစ်ရင်းကနေ ညမနဲ့ညမအမအတူနေကျန်ခဲ့ပါတယ်

ညမရဲ့အမကအိမ်ရောင်းတာမပြောလို့ဆိုပီးအကိုတွေကမခေါတာပါ

(အိမ်ကအဖွားအပိုင်ပါဦးလေးတေရောင်းတာပါ)

ညမတို့ကိုလဲအိမ်ခွဲနေကြဆိုလိုညမတို့လင်မယားအိမ်ခွဲနေပါတယ်

၃လအကြာမှာညမကငါ့အမတယောက်ထဲသူ့ကလေးနဲ့သူ့အိမ်လခနဲ့အဆင်ပြေမှာမဟုဘူးဆိုပြီးအတူပြနေကြပါတယ်

အဲ့ချိန်မှာကိုဗစ်တတိယလှိုင်းကြောင့်အလုပ်ကနားထားရပါတယ်

အမျိုးကလဲပန်းရံလိုက်လုပ်နေတာပါ ၄လအထိအမကအိမ်လခတွေစားဖို့တွေပေးတာပါ

နောက်လကစလို့အမျိုးသားကအလုပ်ခိုင်မာရလို့အိမ်လခပြန်ပေးပါတယ်

(လအထိအမကအိမ်လခတွေစားဖို့တွေပေးတာပါနောက်လကစလို့အမျိုးသားကအလုပ်ခိုင်မာရလို့အိမ်လခပြန်ပေးပါတယ်(၈သောင်းပါ)

စားဖို့ကအမကသူတာဝန်ယူမယ်ဆိုလို့ပါကြားထဲမာညမက၃သောင်းဘာညာပေးခဲ့ပါတယ်

သူ့မာခင်ပွန်းမရှိပါဘူးသူသားလေးကိုသူမရှိရင်ညမတို့ကြည့်ရမာပါ

အခုဖြစ်နေတာကသူ့သားကk.Gပါိဆိုးလို့တခုခုလုပ်ရင်ပြောမိရင်သူကမကြိုက်ပါဘူး

ညမကိုအပစ်တင်ပါတယ်သူသားရှေ့မာသူသားကညမကိုမလေးစားပါဘူး

ခလေးဆိုပီးညမတို့ကအလိုလိုက်ထားပါတယ်သူသားကိုသူဘဲပြောချင်နေတာပါ(အရင်ထဲကပါ)

ရေရှည်မှာညမတို့နဲ့အတူနေရင်ပြောမရမာဆိုးပါတယ်ဘာဆက်လုပ်ရမလဲမသိပါဘူး

ညမကအိမ်ခွဲနေချင်ပါတယ်အဒ့မှညမလဲပိုက်ဆံစုမိလာမယ်ထင်လို့ပါ

အခုကညမကရတာသုံးမိနေပါတယ်

ဒါမဲ့၄လလောက်အလုပ်မရှိတာသူဘဲကျွေးphလဲဝယ်ပေးပီး ခုထွက်သွားမယ်ဆိုရင်အပစ်ပြောစရာဖစ်မှာစိုးလို့

ဘာဆက်လုပ်ရမလဲဟင်အကြံပေးကြပါအုံး

စာရှည်သွားတာတောင်းပန်ပါတယ်တိုင်ပင်စရာမရှိလို့ပါ














အခုဖြစ်နေတာကသူ့သားကk.Gပိါဆိုးလို့တခုခုလုပ်ရင်ပြောမိရင်သူကမကြိုက်ပါဘူး






ဒါမဲ့၎လလောက်အလုပ်မရှိတာသူဘဲကျွေးphလဲဝယ်ပေးပီး ခုထွက်သွားမယ်ဆိုရင်အပစ်ပြောစရာဖစ်မှာစိုးလို့

