ညီမ ဘယ်သူ့ကိုမှ ရင်ဖွင့်စရာလူမရှိလို့ ရင်ဖွင့်ရင်းအကြံဉာဏ်လေးလဲ တောင်းချင်လို့ပါ
ညီမအသက် ၂၂ နှစ်ပါ ကောင်လေးနဲ့ တွဲတာ 1နှစ်ကျော်ပါပီ…
ပထမ၇လကြာတဲ့ထိ အချစ်ခံခဲ့ရပါတယ်…
ခုနောက်ပိုင်းတွေညီမ ငိုလာရတာ ၆လနီးပါးရှိပါပီ…
သူစိတ်ရှုပ်တယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ညီမပြောတာတွေအရေးလုပ်ချင်မှလုပ်ပါတယ်..
ကြာလာတော့ လိုသုံးလုပ်ခံရသလိုခံစားချက်မျိုးဝင်လာပါတယ်
ညီမ မကြိုက်တာတွေလဲ တောက်လျှောက်လုပ်ပါတယ်..
ညီမအနေနဲ့ စိတ်ပျက်မိပေမဲ့ ပြင်လာမလားဆိုတဲ့ စိတ်နဲ့ စောင့်နေခဲ့တာ ပြသနာတွေပဲ တက်တက်နေပါတယ်..
ညီမဘာဆက်လုပ်သင့်လဲ အကြံဉာဏ်လေးလိုချင်လို့ပါ
Edit-နှစ်ဖက်မိဘ ပေးသိထားတဲ့ ဆက်ဆံရေးပေမဲ့ တစ်ဖက်က သူ့သားဆို ဆက်မတွဲဖို့ မှာထားတယ်လို့ပြောပါတယ်