ညီမလဲရင်ဖွင့်ချင်လို့ပါ
ရှေ့ဆက်ဘာလုပ်ရမှန်းစဥ်းစားရခက်နေလို့ပါ
ညီမအသက်က22ပါခုလိုဖြစ်တော့ကျောင်းကမပြီးဘွဲ့လဲမရ
အိမ်ကတောင်သူဆိုတော့နွားတွေဆိတ်တွေနဲ့အချိန်ကုန်နေရတယ်ရှင်
ညီမကလဲငယ်ရွယ်တူဆိုတော့ သင်တန်းတက်ချင်တခြားထွက်ချင်တာပေါ့
အိမ်ကခွင့်မပြုဘူးရှင် အဲ့ထိအဆင်ပြေသေးပါတယ်
ညီမအကိုကအိမ်ထောင်ကျပီးသားပေါ့ အမကြီးရယ်အဲ့လင်မယားရယ်အမေရယ်ပေါ့
ညီမကညီမဖြစ်ချင်တာသူတို့ဆီခွင့်တောင်းရင် ညီမအကိုကမူးအောင်သောက်ပြီးဆဲတယ်ဆိုတယ်ရှင်
လူစိတ်ပျောက်ရင်ညီမပါကိုယ်ထိလက်ရောက်လုပ်သေး
ညီမကရည်းစားထားတော့လဲ ရည်းစားထားလို့မဟုတ်ပဲနဲ့ ညီမအိမ်ထောင်ကျခါအိမ်ပေါ်နေချင်လို့တဲ့ရှင်
တစ်ခါမကတော့လဲညီမကစိတ်ကုန်တော့တာ
ခုအခြေအနေက တခြားလိုက်ဖို့ညီမစီစဥ်ပြီးသား တချို့ကသူတို့ဆီကခွင့်ပြုချက်တောင်းအုံးတဲ့
ညီမကလဲမရမှန်းသိနေတော့ ပြောဖို့ဝန်လေးနေတယ်ရှင်
အိမ်မှာတောင်သူအလုပ်နဲ့သူတို့ဆဲဆိုရိုက်နှက်ခံပြီးအိမ်ပဲဆက်နေကမလား
တခြားကိုဘယ်သူ့ကိုမှအသိမပေးပဲထွက်သွားရမလားဝေခွဲရခက်နေလို့ပါ
ညီမလဲရင္ဖြင့္ခ်င္လို႔ပါ
ေရွ႕ဆက္ဘာလုပ္ရမွန္းစဥ္းစားရခက္ေနလို႔ပါ
ညီမအသက္က22ပါခုလိုျဖစ္ေတာ့ေက်ာင္းကမၿပီးဘြဲ႕လဲမရ
အိမ္ကေတာင္သူဆိုေတာ့ႏြားေတြဆိတ္ေတြနဲ႔အခ်ိန္ကုန္ေနရတယ္ရွင္
ညီမကလဲငယ္႐ြယ္တူဆိုေတာ့ သင္တန္းတက္ခ်င္တျခားထြက္ခ်င္တာေပါ့
အိမ္ကခြင့္မျပဳဘူးရွင္ အဲ့ထိအဆင္ေျပေသးပါတယ္
ညီမအကိုကအိမ္ေထာင္က်ပီးသားေပါ့ အမႀကီးရယ္အဲ့လင္မယားရယ္အေမရယ္ေပါ့
ညီမကညီမျဖစ္ခ်င္တာသူတို႔ဆီခြင့္ေတာင္းရင္ ညီမအကိုကမူးေအာင္ေသာက္ၿပီးဆဲတယ္ဆိုတယ္ရွင္
လူစိတ္ေပ်ာက္ရင္ညီမပါကိုယ္ထိလက္ေရာက္လုပ္ေသး
ညီမကရည္းစားထားေတာ့လဲ ရည္းစားထားလို႔မဟုတ္ပဲနဲ႔ ညီမအိမ္ေထာင္က်ခါအိမ္ေပၚေနခ်င္လို႔တဲ့ရွင္
တစ္ခါမကေတာ့လဲညီမကစိတ္ကုန္ေတာ့တာ
ခုအေျခအေနက တျခားလိုက္ဖို႔ညီမစီစဥ္ၿပီးသား တခ်ိဳ႕ကသူတို႔ဆီကခြင့္ျပဳခ်က္ေတာင္းအုံးတဲ့
ညီမကလဲမရမွန္းသိေနေတာ့ ေျပာဖို႔ဝန္ေလးေနတယ္ရွင္
အိမ္မွာေတာင္သူအလုပ္နဲ႔သူတို႔ဆဲဆို႐ိုက္ႏွက္ခံၿပီးအိမ္ပဲဆက္ေနကမလား
တျခားကိုဘယ္သူ႔ကိုမွအသိမေပးပဲထြက္သြားရမလားေဝခြဲရခက္ေနလို႔ပါ