ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၅၉၄

ဟိုတစ်လောကပဲပေ့မှာရင်ဖွင့်ဖူးပါတယ်

ခုချိန်ထိအမေကသူဖောက်ပြန်နေတာကိုမှားမှန်းမသိပါဘူး

တစ်အိမ်ထဲနေနေရတာလဲအကုသိုလ်များပါတယ်

အမြဲတမ်းအတိုက်အခံလုပ်နေရပါတယ်

ပထမတစ်ခါလဲညီမတိုးတိုးတိတ်တိတ်ပြောတာကိုရှေ့ဆက်တိုးလို့ အစ်ကိုနှစ်ယောက်ကိုပါပြောပြလိုက်ပါတယ်

ညီမတို့မှာ‌မောင်နှမသုံးယောက်ရှိပါတယ် အစ်ကိုတို့သိသွားတော့ ခဏငြိမ်သွားပေမဲ့

ဒီနောက်ပိုင်း ရှေ့ဆက်တိုးနေပါတယ်ဆက်သွယ်နေကြပါတယ်

ဟိုဘက်ကလူကလဲအရှက်မရှိ ဒီဘက်ကလဲအရှက်မရှိဖြစ်နေပါပြီ

ဟိုဘက်ကိုလဲ ညီမကိုယ်တိုင်ဖုန်းဆက်ပြီးကောင်းမွန်ပြောပြတာကိုအသိတရားမရှိပါဘူး

လူကဖြင့်အိုနေပြီ အသက်ကြီးပြီးတိရစ္ဆာန် ဦးနှောက်သာသာပဲရှိကြပါတော့တယ်

ညီမတော်တော်လေးစိတ်တိုလွန်းလို့ အပြောဆိုးသွားရင် တခါတည်းတောင်းပန်ချင်ပါတယ်

အခုလဲအမေဖောက်ပြန်နေတာကိုသူ့ဘေးကအပေါင်းအသင်းတွေကပါ ဝိုင်းပြီးဖုံးပေးကြပါတယ်

အဲ့အပေါင်းအသင်းဖုန်းတွေနဲ့သူတို့ဆက်သွယ်ကြတာပါ

အိမ်ကဖုန်းတွေမှာ record လုပ်ထားမှန်းသိလို့ပါ

ညီမလဲဒီရက်ပိုင်းမသင်္ကာလို့သူ့အပေါင်းအသင်းဖုန်းတွေပါ record လုပ်ထားလိုက်ပါတယ်

ညီမအဲ့ဖုန်းကိုယူပြီးမသိမသာဝင်ကြည့်တော့ ဟိုလူရဲ့ဖုန်းကို‌ခေါ်ထားတာတွေ့ပါတယ်

အဲ့ record ကိုညီမဖုန်းထဲကူးဖို့လုပ်နေချိန်အမေ့အပေါင်းအသင်းကဖုန်းကိုလုပြီးအရေးတကြီးဖုန်းပြောစရာရှိတယ်ဆိုပြီးယူသွားပါတယ်

သူပြန်လာပေးတော့ record တွေကိုဖြတ်သွားပါတယ်

အဲ့ဒါနဲ့ညီမလဲအသဲအသန်ပြန်ရှာရင်း delete တွေထဲဝင်ရှာတော့ပြန်တွေ့ခဲ့ပါတယ်

အဲ့လိုဘေးအပေါင်းအသင်းတွေကပါ ခုလိုယုတ်ညံ့တဲ့ကိစ္စကိုဝိုင်းဖုံးပေးထားကြတာ တော်တော်လေးစိတ်ပျက်ဖို့ကောင်းပါတယ်

ဒီလိုအခြေအနေမှညီမဘာဆက်လုပ်သင့်လဲညီမတကယ်မသိတော့ဘူး

အိမ်မှာကိုမနေချင်တော့တာဖြစ်ချင်တိုင်းဖြစ်နေတဲ့အိမ် အိမ်ပူကြီးကိုဖြစ်နေပြီ

အပြင်ကိုလဲခဏခဏအကြောင်းရှာပြီးကိုထွက်နေတာပါအမေလို့ကိုမခေါ်ချင်လောက်အောင်ရွံအောင်လုပ်နေတယ်

ဟိုတစ္ေလာကပဲေပ့မွာရင္ဖြင့္ဖူးပါတယ္

ခုခ်ိန္ထိအေမကသူေဖာက္ျပန္ေနတာကိုမွားမွန္းမသိပါဘူး

တစ္အိမ္ထဲေနေနရတာလဲအကုသိုလ္မ်ားပါတယ္

အၿမဲတမ္းအတိုက္အခံလုပ္ေနရပါတယ္

ပထမတစ္ခါလဲညီမတိုးတိုးတိတ္တိတ္ေျပာတာကိုေရွ႕ဆက္တိုးလို႔ အစ္ကိုႏွစ္ေယာက္ကိုပါေျပာျပလိုက္ပါတယ္

ညီမတို႔မွာ‌ေမာင္ႏွမသုံးေယာက္ရွိပါတယ္ အစ္ကိုတို႔သိသြားေတာ့ ခဏၿငိမ္သြားေပမဲ့

ဒီေနာက္ပိုင္း ေရွ႕ဆက္တိုးေနပါတယ္ဆက္သြယ္ေနၾကပါတယ္

ဟိုဘက္ကလူကလဲအရွက္မရွိ ဒီဘက္ကလဲအရွက္မရွိျဖစ္ေနပါၿပီ

ဟိုဘက္ကိုလဲ ညီမကိုယ္တိုင္ဖုန္းဆက္ၿပီးေကာင္းမြန္ေျပာျပတာကိုအသိတရားမရွိပါဘူး

လူကျဖင့္အိုေနၿပီ အသက္ႀကီးၿပီးတိရစာၦန္ ဦးေႏွာက္သာသာပဲရွိၾကပါေတာ့တယ္

ညီမေတာ္ေတာ္ေလးစိတ္တိုလြန္းလို႔ အေျပာဆိုးသြားရင္ တခါတည္းေတာင္းပန္ခ်င္ပါတယ္

အခုလဲအေမေဖာက္ျပန္ေနတာကိုသူ႔ေဘးကအေပါင္းအသင္းေတြကပါ ဝိုင္းၿပီးဖုံးေပးၾကပါတယ္

အဲ့အေပါင္းအသင္းဖုန္းေတြနဲ႔သူတို႔ဆက္သြယ္ၾကတာပါ

အိမ္ကဖုန္းေတြမွာ record လုပ္ထားမွန္းသိလို႔ပါ

ညီမလဲဒီရက္ပိုင္းမသကၤာလို႔သူ႔အေပါင္းအသင္းဖုန္းေတြပါ record လုပ္ထားလိုက္ပါတယ္

ညီမအဲ့ဖုန္းကိုယူၿပီးမသိမသာဝင္ၾကည့္ေတာ့ ဟိုလူရဲ႕ဖုန္းကို‌ေခၚထားတာေတြ႕ပါတယ္

အဲ့ record ကိုညီမဖုန္းထဲကူးဖို႔လုပ္ေနခ်ိန္အေမ့အေပါင္းအသင္းကဖုန္းကိုလုၿပီးအေရးတႀကီးဖုန္းေျပာစရာရွိတယ္ဆိုၿပီးယူသြားပါတယ္

သူျပန္လာေပးေတာ့ record ေတြကိုျဖတ္သြားပါတယ္

အဲ့ဒါနဲ႔ညီမလဲအသဲအသန္ျပန္ရွာရင္း delete ေတြထဲဝင္ရွာေတာ့ျပန္ေတြ႕ခဲ့ပါတယ္

အဲ့လိုေဘးအေပါင္းအသင္းေတြကပါ ခုလိုယုတ္ညံ့တဲ့ကိစၥကိုဝိုင္းဖုံးေပးထားၾကတာ ေတာ္ေတာ္ေလးစိတ္ပ်က္ဖို႔ေကာင္းပါတယ္

ဒီလိုအေျခအေနမွညီမဘာဆက္လုပ္သင့္လဲညီမတကယ္မသိေတာ့ဘူး

အိမ္မွာကိုမေနခ်င္ေတာ့တာျဖစ္ခ်င္တိုင္းျဖစ္ေနတဲ့အိမ္ အိမ္ပူႀကီးကိုျဖစ္ေနၿပီ

အျပင္ကိုလဲခဏခဏအေၾကာင္းရွာၿပီးကိုထြက္ေနတာပါအေမလို႔ကိုမေခၚခ်င္ေလာက္ေအာင္႐ြံေအာင္လုပ္ေနတယ္