ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၅၉၅

ရင်ဖွင့်စာတင်ချင်ပါတယ်

အမ အိမ်ထောင်သည်ပါ အိမ်ထောင်မကျခင် ၅လ လောက်အလိုကတည်းက ယောက္ခမ က ကင်ဆာ ဝေဒနာ ခံစားရလို့ ဆေးရုံတက် ခွဲခဲ့ရတယ်

ဆေးရုံဆင်းတော့ သားနှစ်ယောက်ပဲ ရှိတဲ့ သူတို့ မိသားစု ကူညီ လုပ်ကိုင်ပေးမယ့်သူ မရှိတာနဲ့

အမတို့ အိမ်မှာပဲ ခေါ်ပြီ မတော်ရသေးတဲ့ ယောက္ခမ ကို ချီးသေးက အစ အကုန်လုပ်ပေးခဲ့ရပါတယ်

အခု ဖြစ်နေတာက လက်ထပ်ပြီးတဲ့ နောက်ပိုင်းမှာ သူလည်းနလန်ပြန်ထူ လာပြီ ဆိုတော့

အရင်ကတည်းက သူ့လက် သူ့ခြေ လုပ်လာတဲ့ အိမ်မှုကိစ္စ တွေ သူ့စိတ်တိုင်းမကျလို့ ထင်တယ် ဘာလုပ်လုပ် ပွစိပွစိ လုပ်လာတယ်

ဟိုဟာ လုပ်လည်း မှားတယ် ဒီဟာလုပ်လည်း မှားတယ် အမဘက်က မှန်တယ် ရယ်လို့ မရှိခဲ့ပါဘူး

ရေ‌နွေးအိုးတည်တာက အစ ရေအလကား မရဘူးဆိုတဲ့ စကားတွေပါ ပြောလာတယ်

အမ အလုပ်မရှိတဲ့ သူမဟုတ်ဘူးနော် အမ အိမ်မှာ ကုန်ခြောက်ဆိုင်ဖွင့်ထားပါတယ်

သူ့ သား လစာသည် တလမှာ သူ့အသုံးစရိတ် နှုတ်လိုက်ရင် အိမ်မှာ တလစာ ဆန်ဖိုးပဲ ရပါတယ်

ယောက္ခမ ကတော့ သူ့စားစရိတ်ဆိုပြီး တလစာ ၅ သောင်းပေးတယ်ပေါ့နော်

ကျန်တဲ့ အထွေ ထွေ အသုံးစရိတ်သည် အမ ဖွင့်ထားတဲ့ ကုန်ခြောက်ဆိုင်လေး ကနေ ထုတ်သုံး နေရတာပါ

အခု အမ ခံစားနေရတာက ဘာလုပ်လုပ် အကောင်းမမြင်သော ယောက္ခမ ရယ်

အကျိုးအကြောင်းပြောပြရင် အဖက်တောင် ပြန်မလုပ်သော ယောက်ျား ရယ် ကို အမဘက်က စိတ်ကုန်နေပြီလား

ကိုယ့်ကိုကိုယ်လည်း ဝေခွဲ မရဖြစ်နေပါပြီ 😔

ဘာဆက်လုပ်သင့်လဲတောင် မသိတော့ပါဘူး

စီးပွားရေး အဆင်မပြေတာတွေကြောင့် ဆိုင်ပိတ်ပြီး

အပြင်ပဲ အလုပ်ထွက်လုပ်ရင် ကောင်းမလား တွေးမိတာလည်း အခါခါပါပဲ 😔

ရင္ဖြင့္စာတင္ခ်င္ပါတယ္

အမ အိမ္ေထာင္သည္ပါ အိမ္ေထာင္မက်ခင္ ၅လ ေလာက္အလိုကတည္းက ေယာကၡမ က ကင္ဆာ ေဝဒနာ ခံစားရလို႔ ေဆး႐ုံတက္ ခြဲခဲ့ရတယ္

ေဆး႐ုံဆင္းေတာ့ သားႏွစ္ေယာက္ပဲ ရွိတဲ့ သူတို႔ မိသားစု ကူညီ လုပ္ကိုင္ေပးမယ့္သူ မရွိတာနဲ႔

အမတို႔ အိမ္မွာပဲ ေခၚၿပီ မေတာ္ရေသးတဲ့ ေယာကၡမ ကို ခ်ီးေသးက အစ အကုန္လုပ္ေပးခဲ့ရပါတယ္

အခု ျဖစ္ေနတာက လက္ထပ္ၿပီးတဲ့ ေနာက္ပိုင္းမွာ သူလည္းနလန္ျပန္ထူ လာၿပီ ဆိုေတာ့

အရင္ကတည္းက သူ႔လက္ သူ႔ေျခ လုပ္လာတဲ့ အိမ္မႈကိစၥ ေတြ သူ႔စိတ္တိုင္းမက်လို႔ ထင္တယ္ ဘာလုပ္လုပ္ ပြစိပြစိ လုပ္လာတယ္

ဟိုဟာ လုပ္လည္း မွားတယ္ ဒီဟာလုပ္လည္း မွားတယ္ အမဘက္က မွန္တယ္ ရယ္လို႔ မရွိခဲ့ပါဘူး

ေရ‌ေႏြးအိုးတည္တာက အစ ေရအလကား မရဘူးဆိုတဲ့ စကားေတြပါ ေျပာလာတယ္

အမ အလုပ္မရွိတဲ့ သူမဟုတ္ဘူးေနာ္ အမ အိမ္မွာ ကုန္ေျခာက္ဆိုင္ဖြင့္ထားပါတယ္

သူ႔ သား လစာသည္ တလမွာ သူ႔အသုံးစရိတ္ ႏႈတ္လိုက္ရင္ အိမ္မွာ တလစာ ဆန္ဖိုးပဲ ရပါတယ္

ေယာကၡမ ကေတာ့ သူ႔စားစရိတ္ဆိုၿပီး တလစာ ၅ ေသာင္းေပးတယ္ေပါ့ေနာ္

က်န္တဲ့ အေထြ ေထြ အသုံးစရိတ္သည္ အမ ဖြင့္ထားတဲ့ ကုန္ေျခာက္ဆိုင္ေလး ကေန ထုတ္သုံး ေနရတာပါ

အခု အမ ခံစားေနရတာက ဘာလုပ္လုပ္ အေကာင္းမျမင္ေသာ ေယာကၡမ ရယ္

အက်ိဳးအေၾကာင္းေျပာျပရင္ အဖက္ေတာင္ ျပန္မလုပ္ေသာ ေယာက္်ား ရယ္ ကို အမဘက္က စိတ္ကုန္ေနၿပီလား

ကိုယ့္ကိုကိုယ္လည္း ေဝခြဲ မရျဖစ္ေနပါၿပီ 😔

ဘာဆက္လုပ္သင့္လဲေတာင္ မသိေတာ့ပါဘူး

စီးပြားေရး အဆင္မေျပတာေတြေၾကာင့္ ဆိုင္ပိတ္ၿပီး

အျပင္ပဲ အလုပ္ထြက္လုပ္ရင္ ေကာင္းမလား ေတြးမိတာလည္း အခါခါပါပဲ 😔