ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၅၉၇

သူနဲ့ကျမနဲ့က အလုပ်တစ်ခုထဲမှာ တွဲလုပ်လာတာ ၃နှစ်လောက်ကြာပါပီ အရင်ကတော့ မေးထူးခေါ်ပြောလောက်ပါပဲ

အခုနောက်တစ်ခု အလုပ်ပြောင်းတော့ အဲ့အလုပ်မှာလဲ သူနဲ့ထပ်ဆုံဖစ်လာပါတယ်

အရင်နဲ့မတူပဲ အခြေနေက နီးနီးကပ်ကပ်လုပ်ရတာမို့ နှစ်ယောက်အတူရှိရတဲ့

အချိန်တွေက ပိုများလာပါတယ် သူ့အရေးကိစ္စမှန်သမျှလဲ ကျမကိုပြောပြလေ့ရှိပါတယ်

(သူ့ချစ်သူ ကောင်မလေးနဲ့ အဆင်မပြေတာတွေကိုတောင်မှပေါ့ )

ကျမဖက်ကတော့ ချစ်သူချင်း ညှိယူမို့ပဲ အမြဲပြောပြလေ့ ရှိပါတယ်

ကျမကိစ္စတွေဆိုရင်တော့ သူ့ဖက်ကမေးလဲမမေးပါဖူး သိချင်ပုံလဲ မရပါဖူး ကျမပြောပြရင်တောင် သူ့ဖုန်းပဲ သူသုံးနေပါတယ်

ကျမကို တစ်ခြားဝန်ထမ်းတွေရှေ့ သူ့ပေါ်ကျမက ကောင်းကြောင်း

သူကလဲ သံယောဇဉ်ရှိကြောင်းနဲ့ ညီမလေးတစ်ယောက်လိုသဘောထားကြောင်းလဲ ပြောပြလေ့ရှိပါတယ်

သူ အဲ့လိုပြောချိန်တွေ ညီမရင်ထဲ နာကျင်သလိုခံစားရပါတယ်

ညီမကိုဆို အလျှော့ပေးသင့်သလောက် အလျှော့ပေးပါတယ် အဲ့တာတွေကြောင့်ပဲလား မသိ

ညီမသူ့ပေါ် သံယောဇဉ်တွေ ပိုလာမိပါတယ်။

သူ့ဖက်က ရိပ်မိလာလို့လား မသိ ညီမကို ရှိလို့ ရှိမှန်းတောင် အရေးမလုပ်တော့သလို အလုပ်ကိစ္စလိုအပ်တဲ့ ဖုန်းတွေတောင် မဆက်လာပါဖူး

ညီမဖက်က ဆက်မှပဲ အလုပ်ကိစ္စကို cancle လုပ်ခိုင်းပါတယ်

အရေးတကြီးအလုပ်ကိစ္စ သွားစရာရှိရင်တော့ ညီမကို ဖုန်းဆက်ပီး သူ့ကားနဲ့လာခေါ်ပါတယ်

ညီမ မငြင်းရက်ဖူးမို့ လိုက်သွားပေးပါတယ်

လိုအပ်တဲ့ ချိန်တော့ ညီမစီ ဖုန်းသတိတရနဲ့ ဆက်ပါတယ်

နေမကောင်းလို့ ခွင့်ယူရင်တောင် နေလို့ သက်သာလား တစ်ချက်မမေးဖူးပါဖူး

ညီမအနေထားက ဘယ်လိုဖစ်နေပီလဲတောင် မသိတော့တာမို့ စိတ်ထဲ ခံစားရခက်ပီး အရမ်းပင်ပန်းပါတယ်

အလုပ်တွေလဲ ဆက်လုပ်မို့ အင်အား မရှိတော့အောင်ပဲမို့ အလုပ်ထွက်တော့မို့လဲ ဆုံးဖြတ်ထားပါတယ်

အရင်က စိတ်ပင်ပန်းတိုင်း အလုပ်ထွက်မို့ ပြောဖူးပါတယ် သူတားပါတယ် သူမှားတာတွေရှိလဲ တောင်းပန်ပါတယ်

ဒီတစ်ခါထွက်မို့ပြောတော့ သူမတားတော့ပါဖူး

အဲ့အတွက်လဲ ရင်ထဲ ပိုနာကျင်ရပါတယ်

ညီမမရှိတော့ရင် အနည်းနဲ့အများ သူအဆင်မပြေမှာကိုလဲ စိတ်ပူနေမိတာမို့ ညီမဘာလုပ်သင့်လဲရှင့်

သူ့မှာတွဲနေတဲ့ ကောင်မလေးရှိလို့လဲ ညီမဖက်က အတတ်နိုင်ဆုံးစည်းထားပီးနေပါတယ်

သူက​တော့ ကောင်မလေး ရှိနေရင်းနဲ့ကို တစ်ခြားကောင်မလေးတွေနဲ့လဲ တွဲသွားတွဲလာ လုပ်တာမျိုးလဲ ရှိပါတယ်

အဲ့ဒါမျိုး မြင်ရင် ညီမတန်ဖိုးထားလေးစားရတဲ့သူမျိုး ညီမ အဲ့ဒါမျိုးတွေ မကြိုက်ပါဖူး

သူ့ဖက်က ရိုးရိုးသားသားဆိုရင်တောင် အဲ့လုပ်ရပ်မျိုး မလုပ်စေချင်ပါဖူး

တစ်ခြားကောင်မလေးတွေ သူ့ပေါ် ဘယ်လိုစိတ်ရှိလဲ ညီမလဲ သိသလို သူလဲ သိပါတယ်

ညီမတန်ဖိုးထားတဲ့သူကို တစ်ခြားသူတွေ မလေးစားမှာမျိုးကိုလဲ မဖစ်စေချင်ပါဖူး

ညီမ သူ့ကိုအလေးထားမှန်းသိလို့ ညီမကိုဆို နည်းနည်းလေးမှ အလေးမထားသလိုလဲ ခံစားရပါတယ်

အဲ့ဒါ ညီမစိတ်လား တကယ်လားတော့ ညီမလဲ မခွဲခြားတတ်တော့ပါဖူး 😔

ညီမကို ကူညီအကြံပေး ဆုံးမပေးကြပါဦး 🙏🏻

ညီမကို သူ့အိမ်ခေါ်သွားဖူးပီး သူ့အမေနဲ့လဲ မိတ်ဆက်ပေးဖူးပါတယ် 😌

































