ရင်ဖွင့်ချင်တာရော၊အကြံဉာဏ်လေးလိုချင်တာရောကြောင့် ဒီစာလေးကိုရေးလိုက်ရပါတယ်ရှင့်။
ညီမတို့ကအိမ်ထောင်သက် (၂)နှစ်ပြည့်တော့မှာပါ။
(၇)နှစ်ချစ်သူသက်တမ်းကြာပြီးမှ လက်ထပ်ခဲ့ကြတာပါ။
ပြဿနာကသူ့ရဲ့စိတ်ထားပါ။အရင်ကဆိုမိဘ၊ညီမတွေအပေါ်သံယောဇဉ်သိပ်မကြီးတဲ့သူကခုဆိုအရမ်းပြောင်းလဲသွားတယ်။
အိမ်ထောင်သက် (၂)နှစ်အတွင်းမှာ သူ့အိမ်ကို ညီမ (၃)ခါပဲလိုက်ဖူးပါတယ်။
ညီမလည်းယောက္ခမ၊ ယောင်းမတွေနဲ့မိသားစုသဖွယ်နေချင်ပါတယ်။
လကုန်တိုင်းသူ့အိမ်ပြန်ပြီးအမေကိုကန်တော့တယ်။ညီမကိုကျမခေါ်ဘူး။
အဲ့လိုအိမ်ကိုမခေါ်ချင်တဲ့ကိစ္စနဲ့ပါတ်သတ်ပြီးစကားများရတိုင်းသူ့ဘက်ကဘာပြောလဲဆိုတော့သူ့အိမ်ကလူရှုပ်တယ်၊
သူ့အဒေါ်တယောက်ကအပြောအဆိုမတတ်ဘူး၊ညီမစိတ်နဲ့မရဘူး၊
အဲ့လိုသူ့မိသားစုနဲ့ရင်းရင်းနှီးနီးညီမနေရင် ညီမတို့အိမ်ထောင်ရေးပြိုကွဲလိမ့်မယ်တဲ့လေ။
“ညီမလည်းလူပါ ခဏတာသွားလည်တဲ့အိမ်မှာ လူတိုင်းနဲ့တည့်အောင်၊အလိုက်အထိုက်မပေါင်းနိုင်ရလောက်အောင်လူမှုရေးမခေါင်းပါး ပါဘူး” အဲ့လိုပြောလိုက်ပါတယ်။
တစ်ခုခုဆိုလုံး၀ကို စကားအမှားမခံတာပါ။
သူဖန်တီးထားတဲ့အခြေအနေတစ်ခုက ညီမကို အိမ်ကပဲသူ့မိဘအိမ်မလွှတ်သလို၊
ညီမကပဲ နေစိမ့်သလိုကြီးဖြစ်နေရတယ်။
သူ့မိသားစု အသိုင်းအဝိုင်းကြားထဲမှာဘောင်မ၀င်တဲ့လူလိုလည်းကိုယ့်ကိုကိုယ်ခံစားရယ်။
(အရာ၀င်ချင်တာမဟုတ်ဘူးနော် မိသားစုလိုအသိအမှတ်ပြုစေချင်ရုံပါ)။
ညီမအိမ်ကဆိုလည်း ယောက္ခအိမ်မသွားရကောင်းလား၊နေနိုင်တာဆိုပြီး အပြစ်တင်ကြတယ်။
ညီမကလည်း သူမခေါ်လို့မသွားရတဲ့အကြောင်းမိဘတွေကိုမပြောပြချင်ဘူး။
ညီမတို့အိမ်ထောင်ရေး အဆင်မပြေတာသိရင် မိဘတွေစိတ်ဆင်းရဲမှာစိုးတယ်။
ခုချိန်မှာညီမကအလုပ်မရှိဘူး။အလုပ်လုပ်မယ်ဆိုတော့လည်း ညီမကိုတင့်တင့်တယ်တယ်ထားနိုင်တယ်၊
ငွေရှာရမှာသူ့တာ၀န်ထား၊အိမ်မှာသာမိဘတွေကိုအဖော်လုပ်ပြီးနေဖို့ပြောတယ်။
တခါကလည်းသူမသိအောင်အင်တာဗျူးပြီးအလုပ်ရခါမှ လုပ်ရမလားဆိုပြီး စကားအကြီးအကျယ်များကြတယ်။
အဲ့အချိန်တည်းက သူရှာပေးတာပဲသုံးမယ်ဘာအလုပ်မှလုပ်ဖို့မပြောတော့တာခုချိန်ထိပဲ။
သူအလုပ်ကနေအိမ်ပြန်ရောက်တာနဲ့သူ့မိသားစုနဲ့ဖုန်းပြော၊အဝေးကညီမနဲ့စာပို့၊ပြီးရင်ဖုန်းသုံးနေတာနဲ့ပဲအချိန်တွေကုန်နေတာ။
စီးပွားရေးအကြောင်း၊လူမှုရေး၊တခြားမိသားစုစကားဝိုင်းဆိုတာမျိုးလည်းမရှိခဲ့ဖူးဘူး။
သူ့အချိန်အတော်များများက အလုပ်ရယ်၊သူ့မိသားစုအတွက်ရယ်ပဲဖြစ်နေတယ်။
ဒီနေ့လည်းသူ့အမေ မွေးနေ့မို့သူသွားတယ်။ညီမကိုဟန်ဆောင်ပြီးတောင်မေခါ်ခဲ့ဘူး။
သူကတော့သူ့မိသားစုနဲ့ပျော်နေချိန် ညီမကတော့တစ်ယောက်တည်းပေါ့။
လိုက်ချင်လွန်းတာမဟုတ်ပေမယ့်စိတ်မကောင်းဘူးပေါ့နော်။အရာတော်တော်များကို ညီမသည်းခံတယ်၊မြိုသိပ်ထားတယ်။
ကိုယ့်မိဘအိမ်မှာအတူတူနေတာဆိုတော့မိဘတွေသိရင်စိတ်ဆင်းရဲမှာစိုးတာကြောင့် အဆင်မပြေလည်းပြေသလိုဟန်ဆောင်နေရတယ်။
အိမ်ခွဲနေဖို့ကျတော့လည်း ညီမမိဘတွေကိုစောင့်ရှောက်မဲ့သူမရှိဘူးဆိုတဲ့စကားနဲ့ခွဲမနေဘူးလေ။
ညီမရဲ့တာ၀န်၊၀တ္တရားကို ညီမဘက်ကကျေအောင်နေပေး၊လုပ်ပေးပါလျက်နဲ့ညီမအပေါ်ကိုယ်ချင်းမစာတာကိုမခံနိုင်လွန်းလို့ပါ။
ညီမအတော်ကိုစိတ်ရှုပ်နေတယ်၊ဒီအိမ်ထောင်ရေးကို ဘယ်လိုလုပ်ရပါ့မလဲ။
အဆုံးသတ်လိုက်သင့်လား။သူနဲ့ညှိဖို့ကတော့မဖြစ်နိုင်ဘူး။
ခဏခဏညှိဘူးတယ်။ကိုယ်ဖြစ်ချင်တာပြောပြတယ်။
ခုချိန်ထိသူမှန်တယ်သူထင်ရင်ဆက်လုပ်နေဆဲပါပဲ။အကြံလေးပေးကြပါနော်။
ညီမဘက်ကလွဲနေတာရှိရင်အားမနာတမ်းဆူလို့ရပါတယ်ရှင့်။
ရင္ဖြင့္ခ်င္တာေရာ၊အႀကံဉာဏ္ေလးလိုခ်င္တာေရာေၾကာင့္ ဒီစာေလးကိုေရးလိုက္ရပါတယ္ရွင့္။
ညီမတို႔ကအိမ္ေထာင္သက္ (၂)ႏွစ္ျပည့္ေတာ့မွာပါ။
(၇)ႏွစ္ခ်စ္သူသက္တမ္းၾကာၿပီးမွ လက္ထပ္ခဲ့ၾကတာပါ။
ျပႆနာကသူ႔ရဲ႕စိတ္ထားပါ။အရင္ကဆိုမိဘ၊ညီမေတြအေပၚသံေယာဇဥ္သိပ္မႀကီးတဲ့သူကခုဆိုအရမ္းေျပာင္းလဲသြားတယ္။
အိမ္ေထာင္သက္ (၂)ႏွစ္အတြင္းမွာ သူ႔အိမ္ကို ညီမ (၃)ခါပဲလိုက္ဖူးပါတယ္။
ညီမလည္းေယာကၡမ၊ ေယာင္းမေတြနဲ႔မိသားစုသဖြယ္ေနခ်င္ပါတယ္။
လကုန္တိုင္းသူ႔အိမ္ျပန္ၿပီးအေမကိုကန္ေတာ့တယ္။ညီမကိုက်မေခၚဘူး။
အဲ့လိုအိမ္ကိုမေခၚခ်င္တဲ့ကိစၥနဲ႔ပါတ္သတ္ၿပီးစကားမ်ားရတိုင္းသူ႔ဘက္ကဘာေျပာလဲဆိုေတာ့သူ႔အိမ္ကလူရႈပ္တယ္၊
သူ႔အေဒၚတေယာက္ကအေျပာအဆိုမတတ္ဘူး၊ညီမစိတ္နဲ႔မရဘူး၊
အဲ့လိုသူ႔မိသားစုနဲ႔ရင္းရင္းႏွီးနီးညီမေနရင္ ညီမတို႔အိမ္ေထာင္ေရးၿပိဳကြဲလိမ့္မယ္တဲ့ေလ။
“ညီမလည္းလူပါ ခဏတာသြားလည္တဲ့အိမ္မွာ လူတိုင္းနဲ႔တည့္ေအာင္၊အလိုက္အထိုက္မေပါင္းႏိုင္ရေလာက္ေအာင္လူမႈေရးမေခါင္းပါး ပါဘူး” အဲ့လိုေျပာလိုက္ပါတယ္။
တစ္ခုခုဆိုလုံး၀ကို စကားအမွားမခံတာပါ။
သူဖန္တီးထားတဲ့အေျခအေနတစ္ခုက ညီမကို အိမ္ကပဲသူ႔မိဘအိမ္မလႊတ္သလို၊
ညီမကပဲ ေနစိမ့္သလိုႀကီးျဖစ္ေနရတယ္။
သူ႔မိသားစု အသိုင္းအဝိုင္းၾကားထဲမွာေဘာင္မ၀င္တဲ့လူလိုလည္းကိုယ့္ကိုကိုယ္ခံစားရယ္။
(အရာ၀င္ခ်င္တာမဟုတ္ဘူးေနာ္ မိသားစုလိုအသိအမွတ္ျပဳေစခ်င္႐ုံပါ)။
ညီမအိမ္ကဆိုလည္း ေယာကၡအိမ္မသြားရေကာင္းလား၊ေနႏိုင္တာဆိုၿပီး အျပစ္တင္ၾကတယ္။
ညီမကလည္း သူမေခၚလို႔မသြားရတဲ့အေၾကာင္းမိဘေတြကိုမေျပာျပခ်င္ဘူး။
ညီမတို႔အိမ္ေထာင္ေရး အဆင္မေျပတာသိရင္ မိဘေတြစိတ္ဆင္းရဲမွာစိုးတယ္။
ခုခ်ိန္မွာညီမကအလုပ္မရွိဘူး။အလုပ္လုပ္မယ္ဆိုေတာ့လည္း ညီမကိုတင့္တင့္တယ္တယ္ထားႏိုင္တယ္၊
ေငြရွာရမွာသူ႔တာ၀န္ထား၊အိမ္မွာသာမိဘေတြကိုအေဖာ္လုပ္ၿပီးေနဖို႔ေျပာတယ္။
တခါကလည္းသူမသိေအာင္အင္တာဗ်ဴးၿပီးအလုပ္ရခါမွ လုပ္ရမလားဆိုၿပီး စကားအႀကီးအက်ယ္မ်ားၾကတယ္။
အဲ့အခ်ိန္တည္းက သူရွာေပးတာပဲသုံးမယ္ဘာအလုပ္မွလုပ္ဖို႔မေျပာေတာ့တာခုခ်ိန္ထိပဲ။
သူအလုပ္ကေနအိမ္ျပန္ေရာက္တာနဲ႔သူ႔မိသားစုနဲ႔ဖုန္းေျပာ၊အေဝးကညီမနဲ႔စာပို႔၊ၿပီးရင္ဖုန္းသုံးေနတာနဲ႔ပဲအခ်ိန္ေတြကုန္ေနတာ။
စီးပြားေရးအေၾကာင္း၊လူမႈေရး၊တျခားမိသားစုစကားဝိုင္းဆိုတာမ်ိဳးလည္းမရွိခဲ့ဖူးဘူး။
သူ႔အခ်ိန္အေတာ္မ်ားမ်ားက အလုပ္ရယ္၊သူ႔မိသားစုအတြက္ရယ္ပဲျဖစ္ေနတယ္။
ဒီေန႔လည္းသူ႔အေမ ေမြးေန႔မို႔သူသြားတယ္။ညီမကိုဟန္ေဆာင္ၿပီးေတာင္မေခၚခဲ့ဘူး။
သူကေတာ့သူ႔မိသားစုနဲ႔ေပ်ာ္ေနခ်ိန္ ညီမကေတာ့တစ္ေယာက္တည္းေပါ့။
လိုက္ခ်င္လြန္းတာမဟုတ္ေပမယ့္စိတ္မေကာင္းဘူးေပါ့ေနာ္။အရာေတာ္ေတာ္မ်ားကို ညီမသည္းခံတယ္၊ၿမိဳသိပ္ထားတယ္။
ကိုယ့္မိဘအိမ္မွာအတူတူေနတာဆိုေတာ့မိဘေတြသိရင္စိတ္ဆင္းရဲမွာစိုးတာေၾကာင့္ အဆင္မေျပလည္းေျပသလိုဟန္ေဆာင္ေနရတယ္။
အိမ္ခြဲေနဖို႔က်ေတာ့လည္း ညီမမိဘေတြကိုေစာင့္ေရွာက္မဲ့သူမရွိဘူးဆိုတဲ့စကားနဲ႔ခြဲမေနဘူးေလ။
ညီမရဲ႕တာ၀န္၊၀တၱရားကို ညီမဘက္ကေက်ေအာင္ေနေပး၊လုပ္ေပးပါလ်က္နဲ႔ညီမအေပၚကိုယ္ခ်င္းမစာတာကိုမခံႏိုင္လြန္းလို႔ပါ။
ညီမအေတာ္ကိုစိတ္ရႈပ္ေနတယ္၊ဒီအိမ္ေထာင္ေရးကို ဘယ္လိုလုပ္ရပါ့မလဲ။
အဆုံးသတ္လိုက္သင့္လား။သူနဲ႔ညႇိဖို႔ကေတာ့မျဖစ္ႏိုင္ဘူး။
ခဏခဏညႇိဘူးတယ္။ကိုယ္ျဖစ္ခ်င္တာေျပာျပတယ္။
ခုခ်ိန္ထိသူမွန္တယ္သူထင္ရင္ဆက္လုပ္ေနဆဲပါပဲ။အႀကံေလးေပးၾကပါေနာ္။
ညီမဘက္ကလြဲေနတာရွိရင္အားမနာတမ္းဆူလို႔ရပါတယ္ရွင့္။