ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၅၉၉

ညီမအကြံဥာဏ်လေးတောင်းချင်လို့ပါရှင့် ညီမအမျိုးသားနဲ့ညီမကအိမ်ထောင်သက်၄နှစ်ရှိပါပြီ

ချစ်သူသက်တမ်း၁နှစ်ကြာမှယူခဲ့ကြတာပါ

ရန်ဖြစ်လိုက်​ပြန်တည့်လိုက်နဲ့ ရန်ဖြစ်လို့ညီမအိမ်ပြန်မယ်ဆိုခြေထောက်ဖက်ပြီးတော့ပဲ ဖြစ်ဖြစ်တောင်းပန်ပါတယ်

နေမကောင်းတဲ့အချိန်ဆို ပြောစရာမလိုအောင်ဂရုစိုက်ပါတယ်ရှင့်

ရန်မဖြစ်ပဲတည့်နေရင်တော့ တစ်လမှာတစ်ရက်တောင်အချိန်မပေးပါဘူး

အဲ့လိုအိမ်ထောင်ရေးမျိုးပါရှင့် ဒါပေမယ့် သူအလုပ်ကိစ္စနဲ့ခရီး၆လသွားရပါတယ်

ခရီးမသွားခင်က ktvကိုအလုပ်ကအပေါင်းအသင်းတွေနဲ့ အလုပ်ကိစ္စကြောင့်လိုက်သွားခဲ့ရပါတယ်

အဲ့မှာအစ်မတစ်ယောက်နဲ့တွေ့တယ် တစ်ယောက်နဲ့တစ်ယောက်ဖုန်းနံပါတ်တွေယူခဲ့ကြပြီး

ခရီးစသွားတဲ့အချိန်မှာစကားတွေပြောခဲ့ကြတာ ၁၀ရက်လောက်တော့ရှိတယ်ရှင့်

အဲ့နောက်ပိုင်းသူတို့အဆက်အသွယ်မလုပ်တော့ဘူးရှင့်

ဒါတွေညီမ မသိခဲ့ပါဘူး အဲ့တုန်းက ညီမကကိုယ်ဝန်ရှိခါစဗိုက်ကြီးနာစွဲနေတာမလို့ ကိုယ့်အတွက်ကိုမနည်းအားယူနေရတာပါ

ခရီးသွားနေတဲ့အချိန်အတွင်းညီမကိုသိပ်ဂရုမစိုက်ခဲ့ပါဘူး စိတ်လည်းမရှည်သလို တစ်ခုခုဆိုလည်းသည်းမခံပါဘူးရှင့်

၄လကြာတော့ခွင့်ရလို့ခဏပြန်လာတာ သူ့ဖုန်းယူကြည့်မှညီမ သိခဲ့တာပါ ညီမရူးမတတ်ခံစားရပါတယ်

ကိုယ်ဝန်လည်း၅လကေျာ်နေပြီ သူ့ကိုကွာရှင်းဖို့ပြောတော့ သူ့ကနောက်မလုပ်တော့ပါဘူး

မကွာပေးနိုင်ဘူး ညီမ မရှိရင်အသက်မရှင်နိုင်ဘူး ညီမကိုရှေ့လျှောက်စိတ်ချမ်းသာအောင်ထားပြီး ညီမစကားပဲနားထောင်တော့မယ်လို့ပြောပါတယ်

ညီမလည်း ဒေါသထွက်ပြီး မုန်းပေမယ့် သူ့ကိုမပြတ်နိုင်တော့မကွာရှင်းခဲ့ကြပါဘူး

အခုဆိုသူကညီမကိုလုံးဝမျက်နှာအညှိုးမခံပဲ စိတ်ချမ်းသာအောင်ထားပါတယ်

ဘာမှအပြစ်ပြောစရာမရှိအောင်ကောင်းပေးပါတယ် ဒါပေမယ့် ညီမကတစ်ခါတစ်လေ ဖြစ်ခဲ့တဲ့အဲ့အကြောင်းတွေးပြီးပဲ စိတ်ညစ်နေမိပါတယ်

ညီမစိတ်ညစ်ရင်လည်းသူ့ကိုပြောပါတယ် သူကဘယ်တော့မှအဲ့လိုမလုပ်တော့ဘူးဆိုတဲ့အကြောင်း ညီမနဲ့ကလေးကိုပဲစိတ်ထဲရှိတယ်ဆိုတဲ့အကြောင်း ပြောရှာပါတယ်

နောက်လကုန်ဆိုသူပြန်လာတော့မှာပါ မွေးဖို့လည်းနီးနေပြီမလို့ မွေးပြီးရင်လည်းသွေးနုသားနုနဲ့စိတ်ညစ်မှာစိုးလို့ပါ

အဲ့ကိစ္စကို ခေါင်းထဲကထွက်သွားအောင် ဘယ်တော့မှထပ်မတွေးမိအောင်ဘယ်လိုလုပ်ရမလဲရှင့်

တွေးမိတိုင်းသတ်သေချင်စိတ်ပေါက်ပြီး တကယ်ဘယ်လိုမှမခံစားနိုင်တော့လို့ပါ

တွေးမိတိုင်းငိုပြီး သူ့ကိုလည်းအပြစ်တင် ကိုယ့်ကိုယ်ကိုလည်းအပြစ်တင်နေမိလို့ပါ

ညီမအႀကံဥာဏ္ေလးေတာင္းခ်င္လို႔ပါရွင့္ ညီမအမ်ိဳးသားနဲ႔ညီမကအိမ္ေထာင္သက္၄ႏွစ္ရွိပါၿပီ

ခ်စ္သူသက္တမ္း၁ႏွစ္ၾကာမွယူခဲ့ၾကတာပါ

ရန္ျဖစ္လိုက္​ျပန္တည့္လိုက္နဲ႔ ရန္ျဖစ္လို႔ညီမအိမ္ျပန္မယ္ဆိုေျခေထာက္ဖက္ၿပီးေတာ့ပဲ ျဖစ္ျဖစ္ေတာင္းပန္ပါတယ္

ေနမေကာင္းတဲ့အခ်ိန္ဆို ေျပာစရာမလိုေအာင္ဂ႐ုစိုက္ပါတယ္ရွင့္

ရန္မျဖစ္ပဲတည့္ေနရင္ေတာ့ တစ္လမွာတစ္ရက္ေတာင္အခ်ိန္မေပးပါဘူး

အဲ့လိုအိမ္ေထာင္ေရးမ်ိဳးပါရွင့္ ဒါေပမယ့္ သူအလုပ္ကိစၥနဲ႔ခရီး၆လသြားရပါတယ္

ခရီးမသြားခင္က ktvကိုအလုပ္ကအေပါင္းအသင္းေတြနဲ႔ အလုပ္ကိစၥေၾကာင့္လိုက္သြားခဲ့ရပါတယ္

အဲ့မွာအစ္မတစ္ေယာက္နဲ႔ေတြ႕တယ္ တစ္ေယာက္နဲ႔တစ္ေယာက္ဖုန္းနံပါတ္ေတြယူခဲ့ၾကၿပီး

ခရီးစသြားတဲ့အခ်ိန္မွာစကားေတြေျပာခဲ့ၾကတာ ၁၀ရက္ေလာက္ေတာ့ရွိတယ္ရွင့္

အဲ့ေနာက္ပိုင္းသူတို႔အဆက္အသြယ္မလုပ္ေတာ့ဘူးရွင့္

ဒါေတြညီမ မသိခဲ့ပါဘူး အဲ့တုန္းက ညီမကကိုယ္ဝန္ရွိခါစဗိုက္ႀကီးနာစြဲေနတာမလို႔ ကိုယ့္အတြက္ကိုမနည္းအားယူေနရတာပါ

ခရီးသြားေနတဲ့အခ်ိန္အတြင္းညီမကိုသိပ္ဂ႐ုမစိုက္ခဲ့ပါဘူး စိတ္လည္းမရွည္သလို တစ္ခုခုဆိုလည္းသည္းမခံပါဘူးရွင့္

၄လၾကာေတာ့ခြင့္ရလို႔ခဏျပန္လာတာ သူ႔ဖုန္းယူၾကည့္မွညီမ သိခဲ့တာပါ ညီမ႐ူးမတတ္ခံစားရပါတယ္

ကိုယ္ဝန္လည္း၅လေက်ာ္ေနၿပီ သူ႔ကိုကြာရွင္းဖို႔ေျပာေတာ့ သူ႔ကေနာက္မလုပ္ေတာ့ပါဘူး

မကြာေပးႏိုင္ဘူး ညီမ မရွိရင္အသက္မရွင္ႏိုင္ဘူး ညီမကိုေရွ႕ေလွ်ာက္စိတ္ခ်မ္းသာေအာင္ထားၿပီး ညီမစကားပဲနားေထာင္ေတာ့မယ္လို႔ေျပာပါတယ္

ညီမလည္း ေဒါသထြက္ၿပီး မုန္းေပမယ့္ သူ႔ကိုမျပတ္ႏိုင္ေတာ့မကြာရွင္းခဲ့ၾကပါဘူး

အခုဆိုသူကညီမကိုလုံးဝမ်က္ႏွာအညႇိဳးမခံပဲ စိတ္ခ်မ္းသာေအာင္ထားပါတယ္

ဘာမွအျပစ္ေျပာစရာမရွိေအာင္ေကာင္းေပးပါတယ္ ဒါေပမယ့္ ညီမကတစ္ခါတစ္ေလ ျဖစ္ခဲ့တဲ့အဲ့အေၾကာင္းေတြးၿပီးပဲ စိတ္ညစ္ေနမိပါတယ္

ညီမစိတ္ညစ္ရင္လည္းသူ႔ကိုေျပာပါတယ္ သူကဘယ္ေတာ့မွအဲ့လိုမလုပ္ေတာ့ဘူးဆိုတဲ့အေၾကာင္း ညီမနဲ႔ကေလးကိုပဲစိတ္ထဲရွိတယ္ဆိုတဲ့အေၾကာင္း ေျပာရွာပါတယ္

ေနာက္လကုန္ဆိုသူျပန္လာေတာ့မွာပါ ေမြးဖို႔လည္းနီးေနၿပီမလို႔ ေမြးၿပီးရင္လည္းေသြးႏုသားႏုနဲ႔စိတ္ညစ္မွာစိုးလို႔ပါ

အဲ့ကိစၥကို ေခါင္းထဲကထြက္သြားေအာင္ ဘယ္ေတာ့မွထပ္မေတြးမိေအာင္ဘယ္လိုလုပ္ရမလဲရွင့္

ေတြးမိတိုင္းသတ္ေသခ်င္စိတ္ေပါက္ၿပီး တကယ္ဘယ္လိုမွမခံစားႏိုင္ေတာ့လို႔ပါ

ေတြးမိတိုင္းငိုၿပီး သူ႔ကိုလည္းအျပစ္တင္ ကိုယ့္ကိုယ္ကိုလည္းအျပစ္တင္ေနမိလို႔ပါ