အခမဲ့တင်ပေးပါမင်မင်ရယ်
ညီမကသူများကိုသာအကြံဉာဏ်တွေပေးနေတာကိုယ်တိုင်ကျဘာလုပ်ရမှန်းမသိပဲအားငယ်တယ်
အိမ်ထောင်ရေးအကြောင်းပါ ညီအသက်က၂၅ပြည့်တော့မှာပါ အမျိုးသားနဲ့အသက်တူတူပါပဲ
အိမ်ထောင်ကျတာ၇နှစ်ကျော်ပါပြီ ခိုးပြေးခဲ့ကြတာပါ
မင်္ဂလာမဆောင်ခဲ့ရပါဘူး အဲတွက်ကြောင့်ညီမအဖေညီမကိုစကားမပြောပဲပစ်ထားပါတယ်
စညားထဲကဘယ်သူ့အထောက်ပံ့မှမယူခဲ့ပါဘူး နှစ်ဖက်လုံးကမပြည့်စုံကြလို့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ကြိုးစားခဲ့ပါတယ်
အိမ်ထောင်သက်၇နှစ်နီးပါးမှာသားလေးတစ်ယောက်ရပါတယ်
ခုသားလေးက၆လသားပါ ပြသနာကဒီလိုပါ သားလေးရောက်လာမှအလုပ်အကိုင်တွေလဲအဆင်ပြေလာပါတယ်
ညီမအမျိုးသားကသောက်စားတတ်ပြီးအပေါင်းသင်းမက်ပါတယ်
တစ်ခါတစ်လေသောက်တာညီမ ဘာမှမပြောပါဘူး နေ့တိုင်းသောက်လဲအချိန်သတ်မှတ်ပြီးပြန်စေချင်တာပါ
သားလေးလဲငယ်တော့ အိမ်မှာကသားမိနှစ်ယောက်ထဲပါ သွားသောက်စားရင် ညီမက အိမ်ပြန်ချိန်ဖုန်းဆက်ရင်ကိုင်ပါတယ်
ပြီးရင် ပြန်မလာပဲဖုန်းလုံးဝမကိုင်တော့ပါဘူး ညီမကစိတ်ပူတတ်သူပါ
ညမထွက်ရအမိန့်လဲရှိတော့ပိုစိတ်ပူလို့ပြောရင် ရန်ဖြစ်ပါတယ် လက်ပါတတ်ပြီး မိဘမောင်နှမနဲ့ကိုင်ဆဲပါတယ်
စိတ်တိုလို့ပြန်နောက်ကျလို့စကားတင်းတာနဲ့ရန်ဖြစ်ပါတယ်အော်ကြီးဟစ်ကျယ်ပါ ညီမရှက်လဲရှက်ပါတယ်
စိတ်နာပေါင်းလဲများပါပြီဒါပေမဲ့ လုံးဝမကွာပါဘူး ညီမသားလေးမိမစုံဖမစုံနဲ့နေရမှာကြောက်လို့ပါ
မရှိသလိုမျိုးနေကြည့်ပါတယ် စိတ်ပူတာပါပဲ
ညီမဘယ်လိုလုပ်သင့်လဲအကြံဉာဏ်လေးပေးကြပါ မနေ့ကလဲအကြီးကျယ်ရန်ဖြစ်ပြီး ပစ္စည်းတွေရိုက်ခွဲပါတယ်
သားလေးရှိနေလို့ညီမ မထိတာပါ မမူးလာရင်တော့အဲ့လိုမဟုတ်ပါဘူး
မူးလာရင်အရမ်းသွေးဆိုးပါတယ် စာအရမ်းရှည်သွားလို့တောင်းပန်ပါတယ်