ညမတခါမှလဲမတင်ဖူးမလုပ်ဖူးလို့အမှားပါသွားရင်တောင်းပန်ပါတယ်စိတ်အရမ်းညစ်နေလို့ပါ
ညမကအသက်20ပါညမအမျိုးသားက35နှစ်ပါ
သားလေးတယောက်ရှိပါတယ် သူအလုပ်မလုပ်တာညမကိုယ်ဝန်ရှိထဲကပါဘဲ ညမအမေတေနားမှာဘဲနေပါတယ်
ညမတို့က စားတာတော့အမေဆီစားပါတယ် နှစ်ယောက်လုံးအလုပ်မရှိကြပါဘူး
ညမကတော့အမေ့အလုပ်ဝိုင်းကူပေးပါတယ်အမေကလဲဘာမှမပြောပါဘူး
ခက်တာကအမေကလဲသားသမီးကိုးယောက်ရှိပါတယ် ညမကအလတ်ပေါ့ဘုစုခရုလေးတေအစရှိပါတယ်
အလုပ်ကလဲအမေတယောက်ဘဲလုပ်တာပါ ကျန်တာကခလေးတေပေါ့
ညမအဖေကလဲဘာမှမလုပ်ပါဘူး ညတိုင်းအရက်သောက်ပီးအမေ့ကိုဆဲတယ်ဆူတယ်တခါတလေလက်ပါပါတယ်
အခုညမအမေကအကြွေးတော်တော်နစ်နေပါတယ် အတိုးတေကမတ်တိုးဆိုလားညမလဲမသိပါဘူး
ညမစိတ်အရမ်းညစ်ရတယ်အမေ့အတွက် ညမယွကျားကလဲအလုပ်မလုပ်ချင်ပါဘူး
နိုင်ငံခြားထွက်ခြင်တယ်ဘဲပြောနေတာ ညမမှာပိုက်ဆံမှမရှိတာ တခုခုဆို ညမသားလေးကိုခေါ်သွားပါတယ်
ခလေးကနို့လဲမပျက်သေးပါဘူး ရန်ဖစ်တိုင်းလက်ပါပါတယ် ခုလဲရန်ဖစ်ပီးလက်ပါပါတယ်
မနက်ကျညမသားလေးကိုခေါ်သွားမယ်ပြောပါတယ်
ညမညမသားလေးကိုအရမ်းချစ်ပါတယ်အရင်တခါသူခေါ်သွားတုန်းကလဲညမချက်ချင်းလိုက်ခေါ်ခဲ့တယ်
ညမအိမ်နဲ့သူ့အိမ်က2နာရီလောက်ကားစီးရပါတယ် သူကတနေ့တနေ့လမ်းထဲက17.18လူငယ်တေနဲ့ဂိမ်းဆော့တယ်
လမ်းဘေးထိုင်တယ် လဖက်ရည်ဆိုင်ထိုင်တယ် ကြ က်ဝိုင်းထိုင်ပါတယ်
ခလေးကျိပေးရတာတောင်အရမ်းငြီးပါတယ်
ညမကမနက်ဆိုမုန့်အဆင်သင့် ထမင်းဆိုလဲသွားစားယုံပါဘဲ
ညမအမေကာနေ့ထိသူ့ကိုဆိုးသည်လဲမပြော ကောင်းသည်လဲတခွန်းမပြောပါဘူး တခါတခါညမမသိအောင်မုန့်ဖိုးတေတောင်ပေးတက်ပါတယ်
သူအမေတောင်အက်လိုမပေးပါဘူး ရှိလို့လားဆိုတော့မရှိပါဘူးနယတနေ့လုပ်တနေ့စားပါ
ခုသူကခလေးခေါ်သွားမယ်ဆိုတော့ညမလဲထဲ့ပေးလိုက်ချင်ပီ စိတ်အရမ်းညစ်လို့ပါ
အမေကလဲအကြွေးပတ်နေတော့ ညမလဲအလုပ်ထွက်လုပ်ပီးကူဆပ်ပေးချင်လို့ ညမကိုအကြံလေးပေးပါအုံးရှင်🙏🙏🙏
တခါတလေကညမလက်လွတ်လိုက်ချင်ပီ ညမတို့အိမ်ထောင်သက်က4နှစ်ကျော်ပါပီ
ညမသားလေးမျက်နှာရှိလို့ သည်းခံနေတာကို သူပတအားယောင့်တက်လာတယ်
သားလေးကိုဘဲခေါ်သွားမယ်ပြောနေပါတယ် ထဲ့ပေးလိုက်သင့်လားရှင့်
ညမလဲစိတ်ဓာတ်တေဟိုးအောက်ဆုံးကိုထိုးကျနေပါပီ
တခါတလေအသက်မရှင်ချင်လောက်အောင်ပါဘဲ
ညမအဝေးမှာအလုပ်သွားလုပ်ပီးအမေ့ကိုအကြွေးတေကူဆက်ပေးမယ်လို့ဘဲဆုံးဖြတ်လိုက်ရမလား
အရမ်းမွန်းကြပ်နေလို့ပါတောင်းပန်ပါတယ်စာရှည်သွားရင်