ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၆၀၂

မငိမင်တစိခွင့်ပြုပါရှင်

အမဆုံးဖြတ်ဝေခွဲရခက်နေလို့ Gp ကညီမလေးတွေဝိုင်းတွေးပေးပါဦးနော်

ဒီအရွယ်ကျမှလည်း တင်ရတာတောင်အတော်ရှက်ပါတယ် အမြဲတော့စာတွေဝင်ဖတ်ပါတယ်ရှင်

အမကအိမ်ထောင်နဲ့ပါ ၇ နစ်အရွယ်သမီးတစ်ယောက်ရှိပါတယ်

ယေင်္ကျားကအမထက် ကိုးနှစ်ငယ်ပါတယ် အမအသက်က ၄၈ပါ

covid တတိယလှိုင်းကတည်းက သူအလုပ်မရှိတာပါ စားဖို့အတော်ရုန်းကန်ရပါတယ်

ခုထိပါပဲ၂ သောင်းအပ် ၃သောင်းအပ် ခုတော့လုံးဝမအပ်တာ နှစ်လလောက်ရှိပါပီ

ပုံမှန်ဆိုတော့ အမနဲ့သမီးအပေါ်ကြင်နာပါတယိ ဒေါသထွက်လာရင်တော့ လက်ပါပါတယ်

ခုတစ်ခါ အမျိုးသမီးတစ်ယောက်နဲ့တွဲနေတယ်လို့ သတင်းထွက်နေပါတယ်

စုံစမ်းကြည့်တော့လည်းဟုတ်ပါတယ် အာ့မိန်းမက ရုံးတစ်ရုံးကပါ ရုပ်ရည်လည်းအသင့်အတင့်ရှိပါတယ်

အဆင့်တွေကတော့ ကျမသိတဲ့အချိန်မှာ တွဲနေတာပဲ 2 year anni တွေပါတွေတွေ့တယ် အတူလည်းနေပီးပါပီ

ကျမလည်းဒါမျိုးကစတွေဖြေရှင်းရလိမ့်မယ်လို့ စိတ်တောင်မကူးဖူးပါဘူး

ကျမက ယူကတည်းကအိမ်ရှင်မစစ်စစ်ပါ

သူအပ်တဲ့ငွေမသေယုံလေးသုံးပီး နေတဲ့အိမ်ကလည်းကျမအဒေါ်ပေးထားတဲ့အ်မ်မှာနေရတာပါ

သူကဖောက်ပြန်နေသော်ငြား ကျမကိုတော့ကောင်းကောင်းဆက်ဆံပါတယ်

ချစ်တယ်ကြိုက်တယိတွေတော့မပြောတာတော့ကိုကြာပါပီ အတူလည်းမနေဖြစ်တော့တာကြာပါပီ

ခုအခြေအနေကို ကျမလက်ခံနေရတာ အရမ်းခံရခက်နေပါတယ်

ကောင်းကောင်းမွန်မွန်ဆက်ဆံနေတော့လည်း ခက်နေတယ်

ဒါမဲ့သူဒီလိုဖောက်ပြန်နေတာကို ကျမဘက်မခံသင့်ဘူးလို့လည်း မသိစိတ်က တွေးနေမိတယ်

တစ်ခါတစ်လေ စိတ်တိုလိုက် ဝမိးနည်းလိုက် ငိုလိုက်နဲ့ ကျမရူးနေပီလားဟင်

ခုထိတော့ကျမက်ု ကွာရှင်းဖို့မပြောသေးဘူး

ကျမရော ကွာသင့်လားရှင့် ဆက်ပေါင်းနေရမလား

အမှားပါရင်ခွင့်လွှတ်ပါရှင်






















