မင်္ဂလာပါရှင့် ရင်ဖွင့်ချင်လို့ပါရှင့်
ကျမကောင်လေးကအရင်ကျမရှိတဲ့အရပ်မှာအလုပ်လုပ်ပါတယ်ရှင့်
သူရွာပြန်သွားရင်ညီးကိုသိပ်ဒီမှာတုန်းကလိုဂရုသိပ်မစိုက်တော့လို့ပါ
သူ့သူငယ်ချင်းအပေါင်းအသင်းတေနဲ့သောက်စားပျော်ပါးနေတာ
ကျမဆီကိုစာတောင်သိပ်မပို့တော့ဘူး
ဖုန်းလဲသိပ်မခေါ်တော့ဘူး
သူကျမကိုမချစ်တော့ဘူးထင်လို့လမ်းခွဲအောင်လို့ပြောတော့လဲ
လမ်းခွဲမပေးနိုင်ဘူးတဲ့ ကျမတို့ဖြစ်တာ2နှစ်ရှိပါပီ
အချိန်တေအကြာကြီးတွဲပီးမှပြတ်မှာကြောက်လို့ယူရအောင်လို့ကျမဘက်ပြောပါတယ်
သူ့အိမ်ကသူ့ရဲ့အစ်ကိုယူတော့မှာမလို့ခုယူလို့အဆင်မပြေသေးဘူးတဲ့
လက်မှတ်ထိုးထားရအောင်လို့တော့ပြောတယ်
အတာလက်မှတ်ထိုးသင့်လားရှင့် ပီးမှသူ့အိမ်ကိုအတောင်းခိုင်းမယ်တဲ့
ခုကျမမယုံလို့ရှိရင်လက်မှတ်ထိုးထားရအောင်တဲ့
လက်မှတ်ထိုးပီးမှသူ့ဘက်ပြောင်းလဲမှုတေဖစ်မှာစိုးလို့ပါရှင့်
သူစိတ်ပြောင်းပီးနောက်တစ်ယောက်ရသွားမှာလဲကြောက်နေမိတယ်
ဘယ်လိုလုပ်ရမလဲရှင့်အကြံလေးပေးစေလိုပါတယ်ရှင့်
ကျမကောင်လေးနဲ့ကအသက်အများကြီးကွာပါတယ် သူက19ကျမက30ပါ
ကျမအနားမှာအလုပ်လုပ်နေတုန်းကကျမကလမ်းခွဲမယ်ခနခနပြောပါတယ်
သူ့ဘက်ကခွဲမပေးခဲ့ဘူး ခုချိန်ထိ
ဒါပေမဲ့သူ့စိတ်တေကအရင်လိုမဟုတ်တော့တာတော့သေချာတယ်
ကျမဆီစာသိပ်မပိုတော့တာဖုန်းမဆက်တော့တာ
ကျမမှာသူ့ဆီကစာအမြဲတမ်းမျှော်နေမိတာ
စိတ်ထဲလဲခံစားချက်တေအမြဲတမ်းဖြစ်ပေါ်နေလို့ လမ်းခွဲလိုက်တာအကောင်းဆုံးလို့တွေးမိတယ်
လမ်းခွဲဖို့ပြောတော့လဲသူ့ဘက်ကခွဲမပေးဘူး စာကျလဲသိပ်မပို့ဘူး
ဖုန်းလဲမဆက်ဘူး ကျမဘယ်လိုဆုံးဖြတ်ရမလဲ