ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၆၀၅

ကျမအိမ်ထောင်ကျတာ၁၁နှစ်ရှိပါပီသမီးလေးတစ်ယောက်ရှိပါတယ်

အဲ့၁၁လုံးအမျိုးသားက ကျမတို့သားအမိအပေါ်မှာရာခိုင်နုန်းအပြည့်တော့မဟုပ်ပေမဲ၉၀ရာခိုင်နုန်းလောက် ကောင်းပါတယ်

အခုပီးခဲ့တဲ့နှစ်မှာကျမတိုမြို့မှာအလုပ်မရှိလို့ တခြားမြို့မှာအလုပ်သွားလုပ်ရပါတယ်

အဲ့မှာktvကမိန်းခလေးတစ်ယောက်နဲ့ဇာတ်လမ်းတွေဖြစ်ပါတယ်

အဲ့မိန်းကလေးက ကျမအမျိုးသားနဲ့ ပုံတွေလိုင်းပေါ်တင်တာကျမသူများပြောလို့သိရပါတယ်

သိသိချင်းမှာမယုံပါဘူး အဲလိုကိစ္စတွေအရင်တုန်းက လုံးဝမရှိခဲ့ပါဘူး

အဲ့တာကြောင့် သူ့ကိုမေးတော့မဟုပ်ဘူးလို့ငြင်းပါတယ်

သူ့လုပ်ဖေါ်ကိုင်ဖက်ကိုမေးကြည့်ဟုပ်တယ်လို့ပြောလို့ ကျမ သူအလုပ်လုပ်တဲ့မြို့ကိုလိုက်သွားပီးသူ့ကိုပြန်ခေါ်ခဲ့ပါတယ်

ထပ်မေးတော့ ဟုပ်တယ် နောက်ဘယ်တော့မလုပ်တော့ဘူး ကျမနဲ့သမီးလေးကိုဘာနဲ့မှမလဲဘူးလို့ပြောပါတယ်

ကိုယ့်မြို့ကိုပြန်ရောက်ပီးမကကြာဘူး ktvကမိန်းခလေးက ပုံတွေထပ်ပီးလိုင်းပေါ်တင်ပါတယ်

အဲ့အချိန်မှာကျမတို့စကားများကြပါတယ် သူထပ်ပီးဆက်သွယ် နေလားပေါ့

အမှန်တော့အဲ့မိန်းကလေးဖုန်းကိုသူblockထားတာ ပါ ဖုန်းစိမ်းတွေနဲ့ခဏခဏဆက်သွယ်ပါတယ်

ဖုန်းစိမ်းတွေလာရင်ကျမပဲကိုင်တာ အဲ့ဒါဆိုဖုန်းချပစ်ပါတယ်

အဲ့နောက်မှာအလုပ်တစ်ခုရပါတယ် အဲ့တာလည်းကျမရှာပေးတာ အလုပ်မရှိရပ်တည်လို့မရလို့နောက်တစ် မြို့ကိုထပ်သွားရပါတယ်

အဲ့ဒီမြို့ရောက်တော့လည်းအဆက်အသွယ်မပြတ်ခဲ့ပါဘူး အားတဲ့အချိန်တိုင်းဖုန်းပြောပါတယ်

vedio callလည်းပြောပါတယ် ရောက်ပီးမကြာဘူး တစ်လခွဲလောက်နေတော့ အဆက်အသွယ်ပြတ်သွားပါတယ်

အဲ့အချိန်မှာပူထူပီး ဟိုမိန်းခလေးဆီကိုဆက်သွယ်ပီးမေးပါတယ်

နင်နဲ့အတူရှိနေလားရှိနေရင်ပြောပါငါနဲ့ဖုန်းပေးမပြောနဲ့သမီးလေးနဲ့ပေးပြောပါ ဆိုတော့ သူနဲ့မရှိဘူး

လာလည်းမလာဘူး လာလည်းလက်မခံဘူး ရွ့ံ့လို့ လူပျိုထင်လို့လက်ခံတာ

လူအိုမှန်းသိရင်အစကတည်းလက်မခံဘူး စိတ်နာတယ် လို့ပြောပါတယ်

ကျမလည်းမယုံလို့ဖုန်းခဏခဏဆက်တာဖုန်းမဆက်ပါနဲ့သူအလုပ်မအားဘူးတဲ့

အဲ့တာနဲ့ကျမလည်း သမီးလေးရှိနေတော့ နှစ်ယောက်ပေါင်းဖို့ပြောတောအဲ့မိန်းခလေး ကကျမကို ရန်တွေ့ပါတယ်

သူကသူ့ရုပ်သူ့ရည်နဲ့လင်မရှားဘူး တဲ့ အဲ့ဒါဆို ပုံတွေဘာလို့လိုင်းပေါ်တင်တုန်းဆိုတော့ သူကိုအရှက်ခွဲ့လိုံ ့ ကျမအမျိုးသားကိုပြန်ပီးအရှက်ခွဲတာတဲ့

ကျမသူ့ကိုလင်ခိုးမလို့ပြောတော သူများလင်မခိုးဘူး ရှိလည်းမရှိဘူး

သူများအသိုက်အမြုံလည်းမဖျတ်ဆီးဘူး တဲ့ ခြံခုန်နေကျနွားကခုန်မှာပဲ့တဲ့

သူကိုလင်ခိုးမလို့ခေါ်လို မရ ရအောင်ကိုရှာ ယူအုံးတဲ့ အခုအဲ့မိန်းခလေးက ဖုန်းလည်းစက်ပိတ်ထားတယ်

အရင်Acတွေလည်းသိပ်မသုံးတော့ဘူး ကျမသူငယ်ချင်းတွေပြောတာ တော့ အရင်လိုပုံတွေလည်းမတင်သလို

အရင်ကပုံတွေလည်းမရှိတော့ဘူးတဲ့ ကျမအမျိုးသားကတော့ အခုချိန်ထိအဆက်အသွယ်မရသေးပါဘူး

မိန်းမသားတိုံ ဘယ်လိုထင်လည်းဟင် ပြောပါအုံး



















လာလည်းမလာဘူး လာလည်းလက်မခံဘူး ရွံ့လို့ လူပျိုထင်လို့လက်ခံတာ









