ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၆၀၇

အစ်မတို့ရေ ညီမကို ကူပီး စဥ်းစားပေးကြပါဦးရှင့်

ညီမ အမျိုးသားနဲ့ အိမ်ထောင်ကျတာ တနှစ်ကျော်ပဲ ရှိပါသေးတယ်ရှင်

ရည်းစားသက်တမ်း ၄ နှစ်ပါ ညီမတို့ လင်မယားက အခုလက်ရှိ ထိုင်းမာအလုပ်အတူတူလုပ်နေကြတာပါ

လစာလဲတန်းတူရပါတယ် ထိုင်းမာလဲ နေတာ တနှစ်မပြည့်သေးပါဘူး

3လပိုင်းမှ အလုပ်ဝင်တာ တနှစ်ပြည့်မာပါ ညီမယောကျ်ားကညီမအပေါ်အရမ်းကောင်းပါတယ်

ဒါပေမဲ့ သူ့ညီနဲ့ ပတ်သက်လာရင်တော့အမြဲ ရန်ဖစ်နေရလို့ပါ

အဝတ်လျှော် ထမင်းချက် ငရုတ်သီးထောင်း ခေါင်းလျှော်ပေး အကုန်လုပ်ပေးပါတယ်

ညီမက ဟင်းတမျိုးပဲ ချက်ရပါတယ် အိမ်မာ ဟိုဟာဒီဟာတွေ ဘာညာက ညီမလုပ်ပါတယ်ရသမျှလစာလဲ အကုန်အပ်ပါတယ်

အကြွေ 20တန် 50တန်လောက်ပဲ ညီမဆီက ပြန်တောင်းတာပါအသောက်အစားလဲ ကင်းပါတယ်

မိန်းမရှုပ်ဘာညာလဲ မရှိပါဘူး ထိုင်းကို ညီမယောကျ်ား ညီ (ညီမရဲ့ မတ်) က ညီမတို့နောက်မှ တက်လာခဲ့တာပါ

4လတော့မပြည့်သေးပါဘူး သူရောက်လာကတည်းက ညီမတို့က သူ့အတွက် ဘတ် ပတ်စပိုစ့်လုပ်ဖို့တွေအကုန်စိုက်ပေး လုပ်ပေးပါတယ်

( ညီမတို့ ဘတ်လုပ်တုန်းကတော့ ညီမရဲ့အမအရင်းတွေက ထုတ်ပေးထားတာပါ ပြန်မပေးခိုင်းပေးမဲ့ ညီမတို့က ပြန်ပေးမာပါ)

သူ့မိဘတွေက လယ်လုပ်တော့ စပါးရိတ်ဖို့ ပိုက်ဆံလိုတော့ ညီမတို့လက်ထဲပိုက်ဆံ မရှိတဲ့အခါကျ ညီမရဲ့အမအရင်းတွေဆီက ချေးပေးပါတယ် အတိုးမပါပဲနဲ့ (၁၅သိန်းအထက်ပါ)

ညီမတို့ရတ​လြစာက မတ်အတွက်ဘတ်လုပ်ပေးလို့ လက်ထဲပိုက်ဆံမရှိတာပါ

မတ်ကလဲ ညီမတို့နဲ့အလုပ်အတူတူပါပဲ ရသမျှလစာလဲ အပ်ပါတယ် သူ့စားစရိတ်ယူထားပီး ကျန်တာ ဘတ်သက်တမ်းတိုးဖို့ အတွက်ပါ

ပြဿနာက ခုစလာပါပီ ညီမတို့ လင်မယား ခနခနရန်ဖစ်နေရတာပါပဲ သူ့ညီစရောက်ကတည်းက ရန်ဖး်နေရတာပါ

သူ့ညီက အလုပ်ထဲမာ လက်ကြောမတင်းပါဘူး (အိမ်မာလဲ အငယ်ဆုံးပါ အလိုလိုက်ခံထားရပါတယ်)

ညီမပြောရင် မတ်က ဟူက်က​​ြ့ဆိုပီး နေချင်သလိုနေပါတယ် ပြောစကားလဲ နားမထောင်ပါဘူး ဒီနေ့ပြော နက်ဖန်အဲ့အတိုင်းပါပဲ

(အမျိုးသားက အပေါ်ထပ်မာလုပ်ရတာပါ ညီမတို့တွေက အောက်ထပ်မာလုပ်ရတာပါ)

အလုပ်ထဲက လူတွေလဲ ညီမကို လာလာပြောကြလို့ ညီမလဲ နေ့တိုင်း စိတ်ရှုပ်းိတ်ညစ်နေရပါတယ်

သူ့ကြောင့်နဲ့ သူ့အိမ်ကိုပြောပြရင်လဲ သူ့အိမ်က မမ စကားနားထောင်နော် အဲ့လိုပဲ ဆုံးမပါတယ်

ဒီမာက မမ ခေါင်းပေါ် ချီးတက်ပါနေပါပီ ညက ညီမနဲ့ ညီမအမျိုးသားရန်ဖစ်ပါတယ်

သူ့ညီက သူ့ဘာသူချက်စားတာပါ နေ့တိုင်း ကြက်ဥနဲ့ လက်ဖက် မားမားပြုတ်ပဲ စားပါတယ် အရမ်းပျင်းတာပါ

ဟင်းတမျိုးချက်ထားရင် 2ရက်လောက် စားလို့ရတာကို မချက်ပဲ ကြက်ဥပဲ ကြော်စားတာပါ

သူ့မိဘတွေ ဖုန်းဆက်လာရင် သူ့သားအငယ်က ကြက်ဥကြော်ပဲစားရတယ်

ညီမတို့ကျ ဟင်းကောင်းစားရတယ်ဆိုပီး ငေါ့သလိုလို ရွဲ့သလိုလိုပြောပါတယ်

သူ့သားအကြီးကတော့ ဘာမှမပြောပါဘူး သူ့မိသားစုနဲ့ပတ်သက်လာရင် မိန်းမဘက်ပါမယ် မရှိပါဘူး

ညီမတို့ရန်ဖစ်ရတာ သူ့ညီကို ညီမတို့ဟင်းချက်ရင် နည်းနည်းဖဲ့က​ွျေးပါလားဆိုပီးပြောလာလို့ပါ

(ဟင်း ကိစ္စနဲ့ ပထမတခါရန်ဖစ်တုန်းက ညီလေးကို အိုးတွေခွက်တွေဝယ်ပေးထားတာပဲ ချက်စားတာ မစားတာ သူ့ကြောင်းဆိုပီး)

ခုကျတော့ သူ့ညီကို ဟင်းဖဲ့က​ျွေးပါလားတဲ့ ညီမက မလုပ်ပေးနိူင်ဘူးလို့ပြောလိုက်ပါတယ်

သူ့ဘာသာပျင်းလို့မချက်စားတာလို့ပြောလိုက်တာပါ အဲ့တာ ညီမအမျိုးသား ညီမကို စိတ်ဆိုးသွားပါတယ်

မနက်ကလဲ အစောကြီးညီမရေဆင်းချိုးနေတုန်းသူ့ညီကို ဟင်းသွားပို့ပေးပါတယ်

ညီမမသိအောင် ခိုးပေးတာပါ သူ့ညီက ထမင်းစားရင်တောင် အိမ်မာ ပန်ကန်တခါမှမဆေးပါဘူ

း ကြားထမြာ သူ့ညီကြောင့် ရန်ဖစ်ရတာ အခါခါ ပါ ညီမ ဘလိုလုပ်သင့်လဲရှင့်

ညီမပဲ အရမ်းတကိုယ်ကောင်းဆန်နေသလား ညီမကို ပြောပြပေးပါဦးနော်

( လိမ်မာပီး ပြောစကား နားထောင်ရင်တော့ ညီမလဲ အကုန်လုပ်ပေးနိူင်ပါတယ် အခုဟာက အရမ်းလွန်လွန်းအားကြီးတယ်

ပြောစကားနားမထောင်တဲ့အပြင် အရမ်းပျင်းနေတာ တချိန်လုံး ဖုန်း ဂိမ်းပဲ စိတ်ဝင်စားတာပါ)

ညီမကတော့ ရှိသမျှအပူတွေ (သူတို့မိဘအကြွေး ကိစ္စနဲ့ ဘတ်ဖိုးပေးရမဲ့အကြွေးတွေ )အတွက်

ခေါင်းပေါ်ရွက်ထားရပါတယ် သူတို့ကို ကြည့်လိုက်ရင်အမြဲအေးအေးဆေးဆေးပါပဲ

ညီမပဲ စိုးရိတ် စိတ်ပူတတ်တာလား ခုထိ ကိုယ့်လင်မယား အတွက် တပြားတချပ်မှကို မစုရသေးဘူး

ရသမျှတွေ သူ့မိဘ လယ်ထဲ ထည့်လိုက် ဘတ်အတွက်လုပ်လိုက်နဲ့ သံသရာလည်နေတာပါ

(ညီမ မိဘအိမ်ကတော့ ညီမရဲ့အမအရ်ငးတွေ ပို့ပေးတာမို့လို့ ဘာမှစိတ်ပူစရာမရှိပါဘူး)

ညီမ ဘလိုလုပ်ရမလဲ အမတို့ရေ အရမ်းစိတ်ရှုပ်နေလို့ပါ သေတောင် သေချာနေတာပါ

ခုရက်ပိုင်း ဘလိုပြောပြမှ သူတို့နားဝင်မလဲရှင့်

စာရှည်သွားရင်တောင်းပန်ပါတယ်နော်

အစ္မတို႔ေရ ညီမကို ကူပီး စဥ္းစားေပးၾကပါဦးရွင့္

ညီမ အမ်ိဳးသားနဲ႔ အိမ္ေထာင္က်တာ တႏွစ္ေက်ာ္ပဲ ရွိပါေသးတယ္ရွင္

ရည္းစားသက္တမ္း ၄ ႏွစ္ပါ ညီမတို႔ လင္မယားက အခုလက္ရွိ ထိုင္းမာအလုပ္အတူတူလုပ္ေနၾကတာပါ

လစာလဲတန္းတူရပါတယ္ ထိုင္းမာလဲ ေနတာ တႏွစ္မျပည့္ေသးပါဘူး

3လပိုင္းမွ အလုပ္ဝင္တာ တႏွစ္ျပည့္မာပါ ညီမေယာက်္ားကညီမအေပၚအရမ္းေကာင္းပါတယ္

ဒါေပမဲ့ သူ႔ညီနဲ႔ ပတ္သက္လာရင္ေတာ့အၿမဲ ရန္ဖစ္ေနရလို႔ပါ

အဝတ္ေလွ်ာ္ ထမင္းခ်က္ င႐ုတ္သီးေထာင္း ေခါင္းေလွ်ာ္ေပး အကုန္လုပ္ေပးပါတယ္

ညီမက ဟင္းတမ်ိဳးပဲ ခ်က္ရပါတယ္ အိမ္မာ ဟိုဟာဒီဟာေတြ ဘာညာက ညီမလုပ္ပါတယ္ရသမွ်လစာလဲ အကုန္အပ္ပါတယ္

အေႂကြ 20တန္ 50တန္ေလာက္ပဲ ညီမဆီက ျပန္ေတာင္းတာပါအေသာက္အစားလဲ ကင္းပါတယ္

မိန္းမရႈပ္ဘာညာလဲ မရွိပါဘူး ထိုင္းကို ညီမေယာက်္ား ညီ (ညီမရဲ႕ မတ္) က ညီမတို႔ေနာက္မွ တက္လာခဲ့တာပါ

4လေတာ့မျပည့္ေသးပါဘူး သူေရာက္လာကတည္းက ညီမတို႔က သူ႔အတြက္ ဘတ္ ပတ္စပိုစ့္လုပ္ဖို႔ေတြအကုန္စိုက္ေပး လုပ္ေပးပါတယ္

( ညီမတို႔ ဘတ္လုပ္တုန္းကေတာ့ ညီမရဲ႕အမအရင္းေတြက ထုတ္ေပးထားတာပါ ျပန္မေပးခိုင္းေပးမဲ့ ညီမတို႔က ျပန္ေပးမာပါ)

သူ႔မိဘေတြက လယ္လုပ္ေတာ့ စပါးရိတ္ဖို႔ ပိုက္ဆံလိုေတာ့ ညီမတို႔လက္ထဲပိုက္ဆံ မရွိတဲ့အခါက် ညီမရဲ႕အမအရင္းေတြဆီက ေခ်းေပးပါတယ္ အတိုးမပါပဲနဲ႔ (၁၅သိန္းအထက္ပါ)

ညီမတို႔ရတ​ၾလစာက မတ္အတြက္ဘတ္လုပ္ေပးလို႔ လက္ထဲပိုက္ဆံမရွိတာပါ

မတ္ကလဲ ညီမတို႔နဲ႔အလုပ္အတူတူပါပဲ ရသမွ်လစာလဲ အပ္ပါတယ္ သူ႔စားစရိတ္ယူထားပီး က်န္တာ ဘတ္သက္တမ္းတိုးဖို႔ အတြက္ပါ

ျပႆနာက ခုစလာပါပီ ညီမတို႔ လင္မယား ခနခနရန္ဖစ္ေနရတာပါပဲ သူ႔ညီစေရာက္ကတည္းက ရန္ဖး္ေနရတာပါ

သူ႔ညီက အလုပ္ထဲမာ လက္ေၾကာမတင္းပါဘူး (အိမ္မာလဲ အငယ္ဆုံးပါ အလိုလိုက္ခံထားရပါတယ္)

ညီမေျပာရင္ မတ္က ဟူက္က​​ျ့ဆိုပီး ေနခ်င္သလိုေနပါတယ္ ေျပာစကားလဲ နားမေထာင္ပါဘူး ဒီေန႔ေျပာ နက္ဖန္အဲ့အတိုင္းပါပဲ

(အမ်ိဳးသားက အေပၚထပ္မာလုပ္ရတာပါ ညီမတို႔ေတြက ေအာက္ထပ္မာလုပ္ရတာပါ)

အလုပ္ထဲက လူေတြလဲ ညီမကို လာလာေျပာၾကလို႔ ညီမလဲ ေန႔တိုင္း စိတ္ရႈပ္းိတ္ညစ္ေနရပါတယ္

သူ႔ေၾကာင့္နဲ႔ သူ႔အိမ္ကိုေျပာျပရင္လဲ သူ႔အိမ္က မမ စကားနားေထာင္ေနာ္ အဲ့လိုပဲ ဆုံးမပါတယ္

ဒီမာက မမ ေခါင္းေပၚ ခ်ီးတက္ပါေနပါပီ ညက ညီမနဲ႔ ညီမအမ်ိဳးသားရန္ဖစ္ပါတယ္

သူ႔ညီက သူ႔ဘာသူခ်က္စားတာပါ ေန႔တိုင္း ၾကက္ဥနဲ႔ လက္ဖက္ မားမားျပဳတ္ပဲ စားပါတယ္ အရမ္းပ်င္းတာပါ

ဟင္းတမ်ိဳးခ်က္ထားရင္ 2ရက္ေလာက္ စားလို႔ရတာကို မခ်က္ပဲ ၾကက္ဥပဲ ေၾကာ္စားတာပါ

သူ႔မိဘေတြ ဖုန္းဆက္လာရင္ သူ႔သားအငယ္က ၾကက္ဥေၾကာ္ပဲစားရတယ္

ညီမတို႔က် ဟင္းေကာင္းစားရတယ္ဆိုပီး ေငါ့သလိုလို ႐ြဲ႕သလိုလိုေျပာပါတယ္

သူ႔သားအႀကီးကေတာ့ ဘာမွမေျပာပါဘူး သူ႔မိသားစုနဲ႔ပတ္သက္လာရင္ မိန္းမဘက္ပါမယ္ မရွိပါဘူး

ညီမတို႔ရန္ဖစ္ရတာ သူ႔ညီကို ညီမတို႔ဟင္းခ်က္ရင္ နည္းနည္းဖဲ့က​ြ်ေးပါလားဆိုပီးေျပာလာလို႔ပါ

(ဟင္း ကိစၥနဲ႔ ပထမတခါရန္ဖစ္တုန္းက ညီေလးကို အိုးေတြခြက္ေတြဝယ္ေပးထားတာပဲ ခ်က္စားတာ မစားတာ သူ႔ေၾကာင္းဆိုပီး)

ခုက်ေတာ့ သူ႔ညီကို ဟင္းဖဲ့က​ြၽေးပါလားတဲ့ ညီမက မလုပ္ေပးႏိူင္ဘူးလို႔ေျပာလိုက္ပါတယ္

သူ႔ဘာသာပ်င္းလို႔မခ်က္စားတာလို႔ေျပာလိုက္တာပါ အဲ့တာ ညီမအမ်ိဳးသား ညီမကို စိတ္ဆိုးသြားပါတယ္

မနက္ကလဲ အေစာႀကီးညီမေရဆင္းခ်ိဳးေနတုန္းသူ႔ညီကို ဟင္းသြားပို႔ေပးပါတယ္

ညီမမသိေအာင္ ခိုးေပးတာပါ သူ႔ညီက ထမင္းစားရင္ေတာင္ အိမ္မာ ပန္ကန္တခါမွမေဆးပါဘူ

း ၾကားထျမာ သူ႔ညီေၾကာင့္ ရန္ဖစ္ရတာ အခါခါ ပါ ညီမ ဘလိုလုပ္သင့္လဲရွင့္

ညီမပဲ အရမ္းတကိုယ္ေကာင္းဆန္ေနသလား ညီမကို ေျပာျပေပးပါဦးေနာ္

( လိမ္မာပီး ေျပာစကား နားေထာင္ရင္ေတာ့ ညီမလဲ အကုန္လုပ္ေပးႏိူင္ပါတယ္ အခုဟာက အရမ္းလြန္လြန္းအားႀကီးတယ္

ေျပာစကားနားမေထာင္တဲ့အျပင္ အရမ္းပ်င္းေနတာ တခ်ိန္လုံး ဖုန္း ဂိမ္းပဲ စိတ္ဝင္စားတာပါ)

ညီမကေတာ့ ရွိသမွ်အပူေတြ (သူတို႔မိဘအေႂကြး ကိစၥနဲ႔ ဘတ္ဖိုးေပးရမဲ့အေႂကြးေတြ )အတြက္

ေခါင္းေပၚ႐ြက္ထားရပါတယ္ သူတို႔ကို ၾကည့္လိုက္ရင္အၿမဲေအးေအးေဆးေဆးပါပဲ

ညီမပဲ စိုးရိတ္ စိတ္ပူတတ္တာလား ခုထိ ကိုယ့္လင္မယား အတြက္ တျပားတခ်ပ္မွကို မစုရေသးဘူး

ရသမွ်ေတြ သူ႔မိဘ လယ္ထဲ ထည့္လိုက္ ဘတ္အတြက္လုပ္လိုက္နဲ႔ သံသရာလည္ေနတာပါ

(ညီမ မိဘအိမ္ကေတာ့ ညီမရဲ႕အမအရ္ငးေတြ ပို႔ေပးတာမို႔လို႔ ဘာမွစိတ္ပူစရာမရွိပါဘူး)

ညီမ ဘလိုလုပ္ရမလဲ အမတို႔ေရ အရမ္းစိတ္ရႈပ္ေနလို႔ပါ ေသေတာင္ ေသခ်ာေနတာပါ

ခုရက္ပိုင္း ဘလိုေျပာျပမွ သူတို႔နားဝင္မလဲရွင့္

စာရွည္သြားရင္ေတာင္းပန္ပါတယ္ေနာ္