ချစ်သူသက်တမ်း ၂နှစ် အိမ်ထောင်သက်တမ်း ၅နှစ်မှာ ပထမဆုံးဖောက်ပြန်ခြင်းကို ခံခဲ့ရတယ်
(အမျိုးသားက အရင်က အခုလို သတင်းမျိုးမဖြစ်မိဘူးပါ မိန်းမကိုပဲ အမြဲ အသွားအပြန် အပို့ အကြို လုပ်နေတဲ့သူပါ)
ခုနောက်ပိုင်းမှ တစ်ရုံးတည်းမှာ အလုပ်တူတူလုပ်ကြရင်း အဲ့ကကောင်မ ဖုန်းအလုခံရတော့
ရုံးကအကောင်တွေ အကြို အပို့ လုပ်ပေးကြတယ် အဲ့ကနေမှ ကိုယ့်ယောကျာ်းပါပါ သွားပြီး
ကိုယ့်ယောကျာ်းနဲ့ ချစ်သူပုံစံ စာပို့တာ ဖုန်းဆက်တာ
အိမ်ထိသွားကြိုပေးတာတွေကို ကိုယ်မသိခဲ့တဲ့ ၁၅ရက်လောက်အတွင်း ဖြစ်ခဲ့ကြတယ်
ဟိုဘက်ကကောင်မ သူ့ကို မနက်လာခေါ်ဖို့ ဖုန်းဆက်တဲ့တနေ့ ကျွန်မမိသွားတာ
ဒါကို သူတို့တွေက လမ်းကြုံလို့ ဝင်ခေါ်တာဆိုပြီး ဗြောင်ငြင်းခဲ့ကြတယ်
သူတို့အလုပ်မှာ သွားပြောတော့လည်း အဲ့ကောင်မက မောင်နှမလိုနေတာပါ
မိကောင်းဖခင်သားသမီးပါဆိုပြီး လူကြီးတွေရှေ့မှာ ဗြောင်ငြင်းတယ်
ကျွန်မသိသွားတဲ့ အဲ့နောက်ပိုင်း သူဟိုကောင်မကို နှုတ်ဆက်ပါတယ်ဆိုပြီး စာပို့ခဲ့တယ်
ခုလည်း အဲ့အလုပ်ကထွက်ခိုင်းလိုက်တယ် တခြားမှာပြောင်းခိုင်းလိုက်တယ်
(အလုပ်ထွက်ခိုင်းပြီးနောက်နေ့မှ သူတို့ အရင်ကပို့ထားတဲ့ သမီးရည်းစားစာတွေတွေ့ခဲ့ရမှ ရင်ကွဲနာကျခဲ့ရတယ်)
(ဟိုကောင်မလည်း မိန်းမရှိမှန်းသိသိနဲ့ ရေလာမြောင်းပေး မြှူဆွယ်တယ် အိမ်ကကိုယ့်လူကလည်း အလွယ်ရမလားယူချင်တယ်)
ဟိုကောင်မက ကိုယ်တွေနားမှာနေတာဆိုတော့ သူအပြင်သွားလို့ ကိုယ်မပါရင်
အလိုလိုနေရင်း စိတ်ပူနေတယ် ရင်တုန်နေရတယ်
အရင်ကဆို ဒီကိစ္စနဲ့ပတ်သတ်လို့ ယုံကြည်ပေးထားတာ
အခုသူ့ကို သစ္စာရေသောက်ခိုင်းပြီး သစ္စာဆိုခိုင်းထားပေမဲ့ အလိုလိုနေရင်း စိတ်က အတွေးတွေများနေမိတယ်
သူတို့စာတွေ အဲ့ကောင်မမျက်နှာ တွေ မြင်တိုင်း ဘာအလုပ်မှ မလုပ်ချင်လောက်အောင်ပါပဲ
အဲ့ဒိကိစ္စကြောင့် နေ့တိုင်းလို အမျိုးသားနဲ့ ရန်ဖြစ် စကားများနေရတယ်
မပျော်ရွှင်ရတဲ့နေ့ရက်တွေကို ဖြတ်သန်းလာရတာ တစ်လကျော်ခဲ့ပါပြီ
(စိတ်ဆင်းရဲမှုတွေ ပြေပျောက်ချင်လို့ အကြံပြုစာလေး တင်လိုက်ပါတယ်)