ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၆၀၉

မင်မင်ရေ အကြံလေးတောင်းချင်လို့ပါရှင့်

တစ်ခါမှမတင်ဘူးတော့အမှားပါသွာရင်တောင်းပန်ပါတယ်

ညီမအသက်က၂၂နှစ်ပါညီမကောင်းလေးနဲ့အသက်ကတူတူပါပဲ

သူနဲ့တွဲနေတာ ၃ နှစ်ပြည့်တော့ပါမယ်

အခုဖြစ်နေတာကသူနဲ့စတွဲတုန်ကညီမအပေါ်အရမ်းဆိုးခဲ့ရတယ်

ညီမအလျော့ပေးပြီးချစ်ခဲ့ရပါတယ် သူရည်းစားဟောင်းနဲ့လည်ညီမမသိအောင်ဖုန်းတွေပြောခဲ့ပါတယ်

ညီမသိတော့ရင်ထဲနစ်နေအောင်ခံရတယ် ရင်ထဲမှာလည်မှတ်ထားခဲ့ပါတယ်

ပြီးတော့လည်သူအရင်ကကြိုက်နေတဲ့ကောင်မလေးနဲ့လည်ဟိုလိုလိုဒီလိုလိုတွေဖြစ်ခဲ့ရပါတယ်

ညီမခံစားရတဲ့ဟာတွေကိုတစ်ခုမှမမေ့ခဲ့ပါဘူး ရင်ထဲမှာလည်နာတယ်အဲ့တုန်ကသူကိုချစ်လို့အရာအားလုံးကိုသည်းခံခွင့်လွတ်ခဲ့ရပါတယ်

ဒီလိုနဲ့ကျန်မတို့1နှစ်ကျော်မှာသူအရာအားလုံးပြောင်းလည်သွာပါတယ်

ညီမကိုလည်သူတော်တော်ချစ်ပါတယ် ဒါမဲ့ဘန်ကောက်မှာတက္ကသိုလ်သွာတက်တဲ့ညီမသူငယ်ချင်းနဲ့ညီမစကားပြောခဲ့ပါတယ်

သူကညီမကိုချစ်နေတာအလယ်တန်းကျောင်းသာဘဝထဲကပါ။

အဲ့တုန်ကသူသေမတက်ခံစားခဲ့ရပါတယ်။

ညီမစိတ်ထဲကတွေးတယ်နင်တုန်ကဆိုငါအဲ့ထက်မကငါခံစားခဲ့ရတာဆိုပြီးတွေးမိပါတယ်။

ဒါမဲ့ညီမကောင်းလေကိုပဲညီမရွေးချယ်ခဲ့ပါတယ်။

ညီမတိုအဆင်ပြေပြေဖြတ်သန်းခဲ့တာအခုဆို၃နှစ်ပြည့်တော့ပါမယ်

မကြာခင်မှာလည်ညီမကိုသူလာတင်တောင်းပါတော့မယအခုဖြစ်နေတာ

အရင်ကသူလုပ်ခဲ့တာတေဠကိုညီမစိတ်ထဲကမေ့မရဘူး

သူကိုဂလဲ့စားချေခြင်တယ်အဲ့လိုဖြစ်နေတာပါရှင့်။

စာရှည်သွားရင်လည်တောင်းပါတယ်



















