မိန်းမသားတွေကို တစ်ခုလောက် ပြောပြချင်လို့ပါ…
ညီမယောက်ျားရဲ့ ဖုန်းကို သူမသိအောင် ယူစစ်ကြည့်ရာကနေ
သူနဲ့ ညီအစ်ကိုလို ခင်မင်ရင်းနှီးနေတဲ့ သူက ဖောက်ပြန်နေတာကို သိလိုက်ရပါတယ်…
သူ့မှာ မိန်းမရှိပါတယ်..
သူတို့လင်မယားက ညီမတို့ လင်မယားနဲ့ ခင်မင်ရင်းနှီးပါတယ်…
ရည်းစားသက်တမ်း 8နှစ်လောက်နဲ့ ယူကြတဲ့ စုံတွဲပါ…
သူ့မိန်းမ နောက်ကွယ်မှာ တခြားမိန်းမတွေနဲ့ ငွေပေးပြီး အိပ်တဲ့ အကြောင်းတွေ
ဘယ်မိန်းမက ဘယ်လောက်ပေးရတယ်ဆိုတာ အဲ့မိန်းမတွေရဲ့ ပုံတွေ ပို့လာပြီးတော့ vb မှာ ပြောပြထားတာပါ..
သူတို့ လက်ထပ်ထားတာ မကြာသေးပါဘူး…
သူ့မိန်းမနဲ့ မယူခင်ကတည်းက ဒီလိုတွေ အမြဲ လုပ်နေကြပါ…
ခုလည်း သူ့မိန်းမ အနားမှာ 5ရက်လောက် မရှိရင်ကို မရှိတဲ့ ရက်တွေမှာ ငွေပေးအိပ်တဲ့ မိန်းမတွေနဲ့ scheduleအပြည့် dateပါတယ်…
သူ့မိန်းမနဲ့ ညီမ နဲ့ကလည်း အရမ်းခင်နေပါပြီ…
ဒီကိစ္စ သိပေမယ့် အဲ့ညီမလေးကို မပြောပြရက်ဘူး..
ဘာလို့လည်း ဆိုတော့ သူနဲ့ ယူပြီးမှ ညီမလေးက ငွေကိုရေလို သုံးနိုင်ပြီး လိုတရနေတဲ့ အနေထားမို့ပါ..
အဲ့လူက ချမ်းသာတယ် ဝင်ငွေ အတော်ဖြောင့်တဲ့သူပါ…
သူ့မိန်းမပေါ် တော်တော်ဖြည့်ဆည်းပေးပါတယ်..
သူ့မိန်းမပေါ် ရည်းစားဘဝ ကတည်းက အလိုလိုက်ပြီး ချစ်တာလို့ သိရပါတယ်…
လောကကြီးက မယုံနိုင်စရာ ကိစ္စတွေ ရှိတတ်ကြောင်း ချစ်ရတဲ့ မိန်းမသားတွေကို အသိပေးချင်တာပါ…