ရင်ဖွင့်ရင်း အကြံဉာဏ်တောင်းချင်တာပါ အမတို့ ညီမတို့ရေ…
ကျွန်မယောက်ျားထက် ကျွန်မက အသက်၄နှစ်ပိုကြီးပါတယ်…
အခုအိမ်ထောင်သက် ၂နှစ်ကျော်မှာ သားလေးတစ်ယောက်နဲ့ပါ
အကြံဉာဏ်တောင်းချင်တာက ယောက်ျားဆီက ပိုက်ဆံအပ်လာစေမယ့်နည်းလမ်းပါ
ကလေးမွေးပြီး ၃လ ကျော် ကျွန်မပိုက်ဆံရှာနိုင်ပြီဆိုတာနဲ့ ကျွန်မကို ပိုက်ဆံမအပ်တော့တာ အခုထိပါပဲရှင်…
ကျွန်မတို့အခု ကျွန်မမိဘအိမ်မှာနေကြပါတယ် သူ့ဆိုင်ကတော့ သူ့မိဘအိမ်မှာဖွင့်တာပါ..
ကျွန်မရှာတဲ့ပိုက်ဆံက အမေတို့ကို စားစရိတ်ပေးပြီး ကလေးအသုံးအဆောင်ဝယ်တာလောက်ပဲရပါတယ်…
တစ်ယောက်ဝင်ငွေပဲရှိတော့ အခုထိ လက်ထဲငွေမစုမိပါဘူး….
သူ့ဆိုင်ကအခုဝင်ငွေမကောင်းတော့ သူ့မိဘခြံမှာ ကူလုပ်ပေးနေပါတယ်..
သူ့အမေကတော့ မုန့်ဖိုးသဘောမျိုး ၁သိန်း ၂သိန်း ၅သောင်း စသဖြင့်ပေးပါတယ်…
အဲသလိုပေးတာကို သူ့အဒေါ်ပြောပြမှသာ ကျွန်မသိတာပါ..
သူ့အမေလဲမပြောသလို သူလဲကျွန်မကို မပြောပြပါဘူး..မေးမှသာ ဟုတ်တယ်..
အဲငွေတွေက ငွေစုထည့်တယ် ဟိုဟာဒီဟာအကြောင်းပြပါတယ်..
ယောက်ျားရဲ့လစာကိုမရတာ အခုကလေး၁နှစ်၁လ ပြည့်ပါတော့ပါမယ်ရှင်….
စီနီယာမမတို့ ညီမလေးတို့အနေနဲ့ ဘယ်လိုလေးစည်းရုံးကြလဲဟင်..
နည်းလေးသိရင် မစကြပါနော်..သူက ညနေကျရင် သုံးပက်တစ်ခွက်လောက်တော့သောက်ပါတယ်…
အခုတော့ ကျွန်မပြောထားလို့ ၁ရက်ခြားသောက်ပါတယ်..
.မိန်းမကိစ္စ မူးယစ်ရမ်းကား လောင်းကစား ဒါမျိုးတွေလဲမရှိပါဘူးရှင်…ကျွန်မကိုလဲချစ်ပါတယ်…
လစာမအပ်တာလေး တစ်ခုပဲရှိပါတယ်…မရှိလို့မအပ်တာမျိုးမဟုတ်ပဲ ရှိတဲ့အခါလဲမအပ်ပါဘူးရှင်…
အဲဒါမိန်းမက ငွေရှာနေလို့ ယောက်ျားကပေါ့သွားတာလားရှင်….
အိမ်ခွဲနေမယ်ဆိုရင်လဲ ကလေးတစ်ဖက်နဲ့ကျွန်မငွေရှာလို့မရမှာစိုးလို့ မိဘအိမ်မှာခုထိဖက်တွယ်နေရဆဲ…
ဒီထက်ပိုဒုက္ခများမှာစိုးတာလဲ ပါပါတယ်…
အိမ်ခွဲနေရင်ရော အိမ်စားရိတ်အတွက်သူပူပင်ပါ့မလား…
သူမပူရင် ကိုယ်ပဲပူရမှာမို့ ခုထိအိမ်ခွဲမနေရဲ သေးတာပါ
ဘယ်လိုဆက်လုပိသင့်လဲ…အကြံဉာဏ်လေးပေးကြပါဦးရှင်
ရင္ဖြင့္ရင္း အႀကံဉာဏ္ေတာင္းခ်င္တာပါ အမတို႔ ညီမတို႔ေရ…
ကြၽန္မေယာက္်ားထက္ ကြၽန္မက အသက္၄ႏွစ္ပိုႀကီးပါတယ္…
အခုအိမ္ေထာင္သက္ ၂ႏွစ္ေက်ာ္မွာ သားေလးတစ္ေယာက္နဲ႔ပါ
အႀကံဉာဏ္ေတာင္းခ်င္တာက ေယာက္်ားဆီက ပိုက္ဆံအပ္လာေစမယ့္နည္းလမ္းပါ
ကေလးေမြးၿပီး ၃လ ေက်ာ္ ကြၽန္မပိုက္ဆံရွာႏိုင္ၿပီဆိုတာနဲ႔ ကြၽန္မကို ပိုက္ဆံမအပ္ေတာ့တာ အခုထိပါပဲရွင္…
ကြၽန္မတို႔အခု ကြၽန္မမိဘအိမ္မွာေနၾကပါတယ္ သူ႔ဆိုင္ကေတာ့ သူ႔မိဘအိမ္မွာဖြင့္တာပါ..
ကြၽန္မရွာတဲ့ပိုက္ဆံက အေမတို႔ကို စားစရိတ္ေပးၿပီး ကေလးအသုံးအေဆာင္ဝယ္တာေလာက္ပဲရပါတယ္…
တစ္ေယာက္ဝင္ေငြပဲရွိေတာ့ အခုထိ လက္ထဲေငြမစုမိပါဘူး….
သူ႔ဆိုင္ကအခုဝင္ေငြမေကာင္းေတာ့ သူ႔မိဘၿခံမွာ ကူလုပ္ေပးေနပါတယ္..
သူ႔အေမကေတာ့ မုန္႔ဖိုးသေဘာမ်ိဳး ၁သိန္း ၂သိန္း ၅ေသာင္း စသျဖင့္ေပးပါတယ္…
အဲသလိုေပးတာကို သူ႔အေဒၚေျပာျပမွသာ ကြၽန္မသိတာပါ..
သူ႔အေမလဲမေျပာသလို သူလဲကြၽန္မကို မေျပာျပပါဘူး..ေမးမွသာ ဟုတ္တယ္..
အဲေငြေတြက ေငြစုထည့္တယ္ ဟိုဟာဒီဟာအေၾကာင္းျပပါတယ္..
ေယာက္်ားရဲ႕လစာကိုမရတာ အခုကေလး၁ႏွစ္၁လ ျပည့္ပါေတာ့ပါမယ္ရွင္….
စီနီယာမမတို႔ ညီမေလးတို႔အေနနဲ႔ ဘယ္လိုေလးစည္း႐ုံးၾကလဲဟင္..
နည္းေလးသိရင္ မစၾကပါေနာ္..သူက ညေနက်ရင္ သုံးပက္တစ္ခြက္ေလာက္ေတာ့ေသာက္ပါတယ္…
အခုေတာ့ ကြၽန္မေျပာထားလို႔ ၁ရက္ျခားေသာက္ပါတယ္..
.မိန္းမကိစၥ မူးယစ္ရမ္းကား ေလာင္းကစား ဒါမ်ိဳးေတြလဲမရွိပါဘူးရွင္…ကြၽန္မကိုလဲခ်စ္ပါတယ္…
လစာမအပ္တာေလး တစ္ခုပဲရွိပါတယ္…မရွိလို႔မအပ္တာမ်ိဳးမဟုတ္ပဲ ရွိတဲ့အခါလဲမအပ္ပါဘူးရွင္…
အဲဒါမိန္းမက ေငြရွာေနလို႔ ေယာက္်ားကေပါ့သြားတာလားရွင္….
အိမ္ခြဲေနမယ္ဆိုရင္လဲ ကေလးတစ္ဖက္နဲ႔ကြၽန္မေငြရွာလို႔မရမွာစိုးလို႔ မိဘအိမ္မွာခုထိဖက္တြယ္ေနရဆဲ…
ဒီထက္ပိုဒုကၡမ်ားမွာစိုးတာလဲ ပါပါတယ္…
အိမ္ခြဲေနရင္ေရာ အိမ္စားရိတ္အတြက္သူပူပင္ပါ့မလား…
သူမပူရင္ ကိုယ္ပဲပူရမွာမို႔ ခုထိအိမ္ခြဲမေနရဲ ေသးတာပါ
ဘယ္လိုဆက္လုပိသင့္လဲ…အႀကံဉာဏ္ေလးေပးၾကပါဦးရွင္