ရင်ဖွင့်ရင်းနဲ့အကြံဉာဏ်လေးတွေ တောင်းချင်လို့ပါ
ကျမနဲ့ကျမအမျိုးသားနဲ့က အိမ်ထောင်ကျတာ ၃ နှစ်ကျော်ပါပြီ
ကျမအမျိုးသားက မောင်နှမ၃ ယောက်မှာ အကြီးဆုံးသားပါ ကျမကတော့ မောင်နှမ မရှိ တစ်ဦးတည်းသောသမီးပါ
ကျမတို့အိမ်ထောင်စကျကတည်းက ကျမ စိတ်မချမ်းသာခဲ့ရဘူးရှင်
အမျိူးသားရဲ့ ညမအငယ်ဆုံးက စိတ်မူမမှန်တဲ့စိတ်ရောဂါသယ်လေးပါ အမေနဲ့နှသ်ယောက်အတူနေပါတယ်
ညမအလတ်မကတော့ သူ့ယောက်ခမအိမ်မှာ သူ့အိမ်ထောင်ဖက်နဲ့အတူနေပါတယ်
ကျမတို့လည်းအိမ်ခွဲနေပါတယ် ပြသနာက ညမအငယ်ဆုံးကစိတ်နည်းနည်းဖောက်လာပီဆိုရင် အမေလုပ်တဲ့သူက သားကိုဖုန်းဆက်ခေါ်ပါတယ်
သားကလိုက်သွားပီး ညမကိုဆုံးမတယ်ဆိုပီး သွေးထွက်သံယိုဖြစ်တဲ့အထိ ရိုက်ပါတယ်
ကျမတစ်သက်မှာ တခါမှ ဒီလိုမြင်ကွင်းမျိုး မမြင်ဖူးတာအမှန်တယ် ဝဠ်လည်မှာကိုလည်းတော်တော်ကြောက်သွားတာပါ
ကိုယ်က သားသမီးလည်းမွေးဦးမှာဆိုတော့ တကယ်တမ်းပြောရရင် ညမဖြစ်ပေမယ့်လည်း အဲ့လိုရိုက်နှက်နေတာမျိုးကို လုံးဝမကြိုက်မိတာအမှန်ပါ
ကျမယောက်ခမကတော့ထစ်ခနဲရှိ ဖုန့းဆက်ခေါ်တုန်းပေါ့ ကျမလည်းသည်းမခံနိုင်တော့တာနဲ့ပဲကျမမိဘတွေရှိတဲ့ မြို့ကို အမျိုးသားကိုပါခေါ်ပြီး အပြီးပြောင်းလာခဲ့ပါတယ်
စပြောင်းလာခါစဆိုတော့ စီးပွားရေးကမယ်မယ်ရရ မရှိသေးတော့ သူ့အမေကို လတိုင်းတော့မထောက်ပံ့ပေးနိုင်ဘူးရှင့်
အစ်ကိုလုပ်တဲ့သူကမရှိတော့ ညမအလတ်မက သူ့အမေနဲ့သူ့ညမတာဝန် သူ့ပုခုံးထက်ရောက်သွားပါတယ်
အလတ်မက ဝင်ငွေကောင်းပြီး သိန်းထောင်ချီရှိပါတယ် ဒါတောင် အစ်ကိုလုပ်တဲ့သူကမပြေလည်ဘူးပြောရင် စိတ်ဆိုးပါတယ်
ငါချည်းပဲပေးနေရတယ်ဆိုတာမျိုး ဒီမှာအဆင်ပြေနေရဲ့သားနဲ့ အဲ့ဒီကိုပြောင်းသွားတာကိုး ဆိုတဲ့ပြစ်တင်တာမျိုးတွေ မကြာမကြာပြောပါတယ်
ကျမမိဘတွေဆီကိုသူ့အစ်ကိုကိုခေါ်ပီး ပြောင်းသွားတာကိုလည်း သူရောသူ့အမေရော မကျေနပ်ကြပါဘူး
ကျမကတစ်ဦးတည်းသောသမီး ကျမကိုယူကတည်းက ကျမမိဘတွေရှိတဲ့နေရာမှာ အခြေချရမယ်ဆိုတာ အမျိုးသားက သိထားပီးသားပါ ပြောချင်တာကခုမှ စတာပါ
သူ့အမေနဲ့သူ့ညမက ထစ်ခနဲရှိရင် ဖုန်းဆက်ပြီး အပူတွေပေးတတ်ပါတယ် တရက်တစ်ရက် ဖုန်းတဂွမ်ဂွမ်ဆက်ပြီး ပြသနာပေါင်းသောင်းခြောက်ထောင်ကို ဖုန်းနဲ့အပူတွေပေးကြတာတနေ့တမျိုးမရိုးပါဘူး
ခပ်အေးအေးနေတတ်တဲ့ကျမအဖေတောင်အမြင်ကပ်တဲ့အထိပါပဲ
ညမအငယ်မကိုအကြောင်းပြလိုက် သူ့အမေက ပတ်ဝန်းကျင်နဲ့လည်းမတည့်ပါဘူး
ပတ်ဝန်းကျင်နဲ့ရန်ဖြစ်စကားများတိုင်းလည်း ဖုန်းတဂွမ်ဂွမ်ဆက် သားကိုအပူပေး
အဲ့အပူတွေက ကျမဆီပါကူးစက်ပါတယ် ကျမရော ကျမအမျိုးသားပါစိတ်မချမ်းသာရပါဘူး
သူနဲ့စယူကတည်းက ခုချိန်ထိပါပဲ
အလတ်မက သူ့အမေဆီလာလည်ဖို့ကိုလည်း ဖုန်းဆက်ပီးနေ့တိုင်းခေါ်ပါတယ် မရောက်ဖြစ်တာ တနှစ်တောင်မပြည့်သေးပါဘူး
မနေ့ကလည်း သူ့အမေနဲ့ညမအငယ်ဆုံးရဲ့ဆေးစရိတ်အတွက် တလကို ၅သောင်းပေးရမယ်လို့ပြောတယ်တဲ့
အလတ်မကပြောတယ်တဲ့ အမျိုးသားက ငါ့မှာအဆင်မပြေဘူး ကလေးနို့မှုန့်စရိတ်နဲ့ အိမ်စရိတ်က လောက်ငှရုံပဲပြောတာကို ဒါဆို ငါချည်းပဲတာဝန်ယူနေရမှာလားလို့ပြောတယ်တဲ့
သူ့ဘက်ကတွေးရင်လည်း သူမှန်ပါတယ် ဒါပေမယ့် ကျမတို့ဘက်ကလည်းလုံးဝမပေးမကမ်းဘဲထားတာမျိုးလည်းမဟုတ်ပါဘူး
အခါကြီးရက်ကြီးနေ့တွေမှာ နိုင်သလောက်လေးလွှဲပေးပီးကန်တော့ဖြစ်ပါတယ် ဆေးဖိုးတွေလည်း ၃/၄ လတခါပေးဖြစ်ပါတယ်
ခုကလစဉ်ပေးရမယ်တောင်းတာဆိုတော့ ကျမတို့ဘက်က မပေးနိုင်တော့ ကျမအမျိုးသားကလည်းစိတ်မကောင်းဖြစ်တာပေါ့
အမျိုးသားမျက်နှာမကောင်းရင်ကျမလည်းစိတ်မချမ်းသာပါဘူး ကြာလာတော့ ကျမအမျိုးသားကိုရော အဲ့မိသားစုကိုပါ
စိတ်ပျက်လာပါတယ် သူ့ကိုယူမိလို့ ဒီလိုမိသားစုမျိုးနဲ့ပက်သက်ရတာဆိုတဲ့ ဆိုက်ကိုတွေဝင်လာပါတယ်
ကိုယ့်ဘဝကိုမကျေမနပ်တွေဖြစ်လာတယ် စိတ်ရှုပ်စရာတွေများတိုင်း စိတ်ကျသလိုဖြစ်လာတယ်
နေမပျော်တော့သလိုမျိုး သေပစ်လိုက်ချင်သလိုမျိုး အဓိကက သူ့ကိုယူမိတာကိုနောင်တရသလို သူ့ကြောင့်သူ့မိသားစုနဲ့ပါပက်သက်ရတာဆိုတဲ့အတွေးတွေက တော်တော်နှိပ်စက်ပါတယ်
ကျမက အရင်ကတည်းကလည်းစိတ်ရှုပ်တဲ့ဒဏ်ကိုမခံနိုင်ပါဘူး
အမျိုးသားကိုလည်းနင့်အမေတို့ဆီမှာ အပြီးသွားနေလိုက်တော့လို့ပြောဖူးပေမယ့် သူက မနေပါဘူး ဒါပေမယ့်
ဒီတခါတော့ သူ့ကိုတကယ် သွားနေစေချင်တော့တယ် ဒီအပူတွေက ကျမ လွတ်မြောက်ချင်တော့တာပဲသိတယ်
တကယ်ကိုပြတ်ပြတ်သားသားလုပ်လိုက်ချင်တော့တယ်
ဒါမှမဟုတ် ကျမ ဘာလုပ်သင့်လဲ အကြံပေးပါဦးရှင်
ကျမ ခုလိုပူလောင်နေရတာ ကျမကပဲ စိတ်မထားတတ်လို့လား ကတယ်ကိုစိတ်ပင်ပန်းရပါတယ်
ရင္ဖြင့္ရင္းနဲ႔အႀကံဉာဏ္ေလးေတြ ေတာင္းခ်င္လို႔ပါ
က်မနဲ႔က်မအမ်ိဳးသားနဲ႔က အိမ္ေထာင္က်တာ ၃ ႏွစ္ေက်ာ္ပါၿပီ
က်မအမ်ိဳးသားက ေမာင္ႏွမ၃ ေယာက္မွာ အႀကီးဆုံးသားပါ က်မကေတာ့ ေမာင္ႏွမ မရွိ တစ္ဦးတည္းေသာသမီးပါ
က်မတို႔အိမ္ေထာင္စက်ကတည္းက က်မ စိတ္မခ်မ္းသာခဲ့ရဘူးရွင္
အမ်ိဴးသားရဲ႕ ညမအငယ္ဆုံးက စိတ္မူမမွန္တဲ့စိတ္ေရာဂါသယ္ေလးပါ အေမနဲ႔ႏွသ္ေယာက္အတူေနပါတယ္
ညမအလတ္မကေတာ့ သူ႔ေယာက္ခမအိမ္မွာ သူ႔အိမ္ေထာင္ဖက္နဲ႔အတူေနပါတယ္
က်မတို႔လည္းအိမ္ခြဲေနပါတယ္ ျပသနာက ညမအငယ္ဆုံးကစိတ္နည္းနည္းေဖာက္လာပီဆိုရင္ အေမလုပ္တဲ့သူက သားကိုဖုန္းဆက္ေခၚပါတယ္
သားကလိုက္သြားပီး ညမကိုဆုံးမတယ္ဆိုပီး ေသြးထြက္သံယိုျဖစ္တဲ့အထိ ႐ိုက္ပါတယ္
က်မတစ္သက္မွာ တခါမွ ဒီလိုျမင္ကြင္းမ်ိဳး မျမင္ဖူးတာအမွန္တယ္ ဝဠ္လည္မွာကိုလည္းေတာ္ေတာ္ေၾကာက္သြားတာပါ
ကိုယ္က သားသမီးလည္းေမြးဦးမွာဆိုေတာ့ တကယ္တမ္းေျပာရရင္ ညမျဖစ္ေပမယ့္လည္း အဲ့လို႐ိုက္ႏွက္ေနတာမ်ိဳးကို လုံးဝမႀကိဳက္မိတာအမွန္ပါ
က်မေယာက္ခမကေတာ့ထစ္ခနဲရွိ ဖုန႔းဆက္ေခၚတုန္းေပါ့ က်မလည္းသည္းမခံႏိုင္ေတာ့တာနဲ႔ပဲက်မမိဘေတြရွိတဲ့ ၿမိဳ႕ကို အမ်ိဳးသားကိုပါေခၚၿပီး အၿပီးေျပာင္းလာခဲ့ပါတယ္
စေျပာင္းလာခါစဆိုေတာ့ စီးပြားေရးကမယ္မယ္ရရ မရွိေသးေတာ့ သူ႔အေမကို လတိုင္းေတာ့မေထာက္ပံ့ေပးႏိုင္ဘူးရွင့္
အစ္ကိုလုပ္တဲ့သူကမရွိေတာ့ ညမအလတ္မက သူ႔အေမနဲ႔သူ႔ညမတာဝန္ သူ႔ပုခုံးထက္ေရာက္သြားပါတယ္
အလတ္မက ဝင္ေငြေကာင္းၿပီး သိန္းေထာင္ခ်ီရွိပါတယ္ ဒါေတာင္ အစ္ကိုလုပ္တဲ့သူကမေျပလည္ဘူးေျပာရင္ စိတ္ဆိုးပါတယ္
ငါခ်ည္းပဲေပးေနရတယ္ဆိုတာမ်ိဳး ဒီမွာအဆင္ေျပေနရဲ႕သားနဲ႔ အဲ့ဒီကိုေျပာင္းသြားတာကိုး ဆိုတဲ့ျပစ္တင္တာမ်ိဳးေတြ မၾကာမၾကာေျပာပါတယ္
က်မမိဘေတြဆီကိုသူ႔အစ္ကိုကိုေခၚပီး ေျပာင္းသြားတာကိုလည္း သူေရာသူ႔အေမေရာ မေက်နပ္ၾကပါဘူး
က်မကတစ္ဦးတည္းေသာသမီး က်မကိုယူကတည္းက က်မမိဘေတြရွိတဲ့ေနရာမွာ အေျခခ်ရမယ္ဆိုတာ အမ်ိဳးသားက သိထားပီးသားပါ ေျပာခ်င္တာကခုမွ စတာပါ
သူ႔အေမနဲ႔သူ႔ညမက ထစ္ခနဲရွိရင္ ဖုန္းဆက္ၿပီး အပူေတြေပးတတ္ပါတယ္ တရက္တစ္ရက္ ဖုန္းတဂြမ္ဂြမ္ဆက္ၿပီး ျပသနာေပါင္းေသာင္းေျခာက္ေထာင္ကို ဖုန္းနဲ႔အပူေတြေပးၾကတာတေန႔တမ်ိဳးမ႐ိုးပါဘူး
ခပ္ေအးေအးေနတတ္တဲ့က်မအေဖေတာင္အျမင္ကပ္တဲ့အထိပါပဲ
ညမအငယ္မကိုအေၾကာင္းျပလိုက္ သူ႔အေမက ပတ္ဝန္းက်င္နဲ႔လည္းမတည့္ပါဘူး
ပတ္ဝန္းက်င္နဲ႔ရန္ျဖစ္စကားမ်ားတိုင္းလည္း ဖုန္းတဂြမ္ဂြမ္ဆက္ သားကိုအပူေပး
အဲ့အပူေတြက က်မဆီပါကူးစက္ပါတယ္ က်မေရာ က်မအမ်ိဳးသားပါစိတ္မခ်မ္းသာရပါဘူး
သူနဲ႔စယူကတည္းက ခုခ်ိန္ထိပါပဲ
အလတ္မက သူ႔အေမဆီလာလည္ဖို႔ကိုလည္း ဖုန္းဆက္ပီးေန႔တိုင္းေခၚပါတယ္ မေရာက္ျဖစ္တာ တႏွစ္ေတာင္မျပည့္ေသးပါဘူး
မေန႔ကလည္း သူ႔အေမနဲ႔ညမအငယ္ဆုံးရဲ႕ေဆးစရိတ္အတြက္ တလကို ၅ေသာင္းေပးရမယ္လို႔ေျပာတယ္တဲ့
အလတ္မကေျပာတယ္တဲ့ အမ်ိဳးသားက ငါ့မွာအဆင္မေျပဘူး ကေလးႏို႔မႈန႔္စရိတ္နဲ႔ အိမ္စရိတ္က ေလာက္ငွ႐ုံပဲေျပာတာကို ဒါဆို ငါခ်ည္းပဲတာဝန္ယူေနရမွာလားလို႔ေျပာတယ္တဲ့
သူ႔ဘက္ကေတြးရင္လည္း သူမွန္ပါတယ္ ဒါေပမယ့္ က်မတို႔ဘက္ကလည္းလုံးဝမေပးမကမ္းဘဲထားတာမ်ိဳးလည္းမဟုတ္ပါဘူး
အခါႀကီးရက္ႀကီးေန႔ေတြမွာ ႏိုင္သေလာက္ေလးလႊဲေပးပီးကန္ေတာ့ျဖစ္ပါတယ္ ေဆးဖိုးေတြလည္း ၃/၄ လတခါေပးျဖစ္ပါတယ္
ခုကလစဥ္ေပးရမယ္ေတာင္းတာဆိုေတာ့ က်မတို႔ဘက္က မေပးႏိုင္ေတာ့ က်မအမ်ိဳးသားကလည္းစိတ္မေကာင္းျဖစ္တာေပါ့
အမ်ိဳးသားမ်က္ႏွာမေကာင္းရင္က်မလည္းစိတ္မခ်မ္းသာပါဘူး ၾကာလာေတာ့ က်မအမ်ိဳးသားကိုေရာ အဲ့မိသားစုကိုပါ
စိတ္ပ်က္လာပါတယ္ သူ႔ကိုယူမိလို႔ ဒီလိုမိသားစုမ်ိဳးနဲ႔ပက္သက္ရတာဆိုတဲ့ ဆိုက္ကိုေတြဝင္လာပါတယ္
ကိုယ့္ဘဝကိုမေက်မနပ္ေတြျဖစ္လာတယ္ စိတ္ရႈပ္စရာေတြမ်ားတိုင္း စိတ္က်သလိုျဖစ္လာတယ္
ေနမေပ်ာ္ေတာ့သလိုမ်ိဳး ေသပစ္လိုက္ခ်င္သလိုမ်ိဳး အဓိကက သူ႔ကိုယူမိတာကိုေနာင္တရသလို သူ႔ေၾကာင့္သူ႔မိသားစုနဲ႔ပါပက္သက္ရတာဆိုတဲ့အေတြးေတြက ေတာ္ေတာ္ႏွိပ္စက္ပါတယ္
က်မက အရင္ကတည္းကလည္းစိတ္ရႈပ္တဲ့ဒဏ္ကိုမခံႏိုင္ပါဘူး
အမ်ိဳးသားကိုလည္းနင့္အေမတို႔ဆီမွာ အၿပီးသြားေနလိုက္ေတာ့လို႔ေျပာဖူးေပမယ့္ သူက မေနပါဘူး ဒါေပမယ့္
ဒီတခါေတာ့ သူ႔ကိုတကယ္ သြားေနေစခ်င္ေတာ့တယ္ ဒီအပူေတြက က်မ လြတ္ေျမာက္ခ်င္ေတာ့တာပဲသိတယ္
တကယ္ကိုျပတ္ျပတ္သားသားလုပ္လိုက္ခ်င္ေတာ့တယ္
ဒါမွမဟုတ္ က်မ ဘာလုပ္သင့္လဲ အႀကံေပးပါဦးရွင္
က်မ ခုလိုပူေလာင္ေနရတာ က်မကပဲ စိတ္မထားတတ္လို႔လား ကတယ္ကိုစိတ္ပင္ပန္းရပါတယ္