ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၆၁၇

အကြံဉာဏ်လေးလိုချင်လို့ပါ🥺

ညီမနဲ့ညီမကောင်လေးကတွဲတာ ဒီနေ့ဆို 28ရက်ရှိသွားပါပြီ

တကယ်အတည်တွဲမယ်လို့ဆုံးဖြတ်ထားတာပါ

ညီမက ပြည့်စုံတဲ့အထဲတော့ပါပါတယ် ညီမ အဖေသူနဲ့သဘောမတူမှာဆိုးလို့

သူ့ကိုညီမတို့ဆီလာ သင်တန်းတွေတူတူတက်မယ် အကုန်ထောက်ပံ့ပေးပါ့မယ်

ညီမဖေဖေမသိအောင်သူသဘောတူနိုင်လောက်တဲ့ထိကြိုးစားကြမယ်လို့‌ အကုန်စိတ်ကူးထားခဲ့တာပါ

တစ်ခုပဲ မဖောက်ပြန်ပါနဲ့သစ္စာရှိပေးပါ

မိန်းကလေးကိစ္စနဲ့ပတ်သတ်ရင်ခွင့်မလွှတ်ဖူးနော် လို့

ညီမလေ သူ့ကိုနေ့တိုင်းကိုအဲ့လိုဖြစ်မှာဆိုးလို့ မှာခဲ့ပြောခဲ့တာပါ

သူ့ကိုတွေ့ချင်လွန်းလို့ ရန်ကုန်ကနေသူ့ဆီ ဆွဲကြိုးတွေရောင်းလော့ကတ်တွေပေါင်နဲ့ရအောင်

အဆူခံအဆဲခံပြီးသွားတွေ့တဲ့ထိချစ်ခဲ့တာပါ

ဒါပေမယ့် သူက ညီမနဲ့မတွဲခင်ကတည်းက မနေ့ကမှသိလိုက်ရတာက သူ့မှာကောင်မလေးရှိတယ်တဲ့

လွန်ခဲ့တဲ့၅ရက်ကမှသူတို့ပျက်သွားတာ💔

ညီမလေ ရင်ထဲကမ္ဘာပျက်သွားသလိုခံစားရတယ်

သူက အဲ့ကောင်မလေးက အီစီကလီပါ

တကယ်ညီမကိုချစ်လို့ ဖျက်လိုက်တာပါ

အစောပိုင်းက ညီမကိုမယုံလို့ အဲ့ကောင်မလေးကိုလဲ အားနာလို့ဆက်တွဲနေတာပါ

ခွင့်လွှတ်ပေးပါ နောက်လုံး၀ကိုမဖြစ်စေရဘူးလို့အကြိမ်ကြိမ် ညီမကိုတောင်းပန်ပါတယ်

ညီမသူ့ကိုအရမ်းချစ်တော့ ညီမပြန်လက်ခံသင့်လားဟင် 😥

အႀကံဉာဏ္ေလးလိုခ်င္လို႔ပါ🥺

ညီမနဲ႔ညီမေကာင္ေလးကတြဲတာ ဒီေန႔ဆို 28ရက္ရွိသြားပါၿပီ

တကယ္အတည္တြဲမယ္လို႔ဆုံးျဖတ္ထားတာပါ

ညီမက ျပည့္စုံတဲ့အထဲေတာ့ပါပါတယ္ ညီမ အေဖသူနဲ႔သေဘာမတူမွာဆိုးလို႔

သူ႔ကိုညီမတို႔ဆီလာ သင္တန္းေတြတူတူတက္မယ္ အကုန္ေထာက္ပံ့ေပးပါ့မယ္

ညီမေဖေဖမသိေအာင္သူသေဘာတူႏိုင္ေလာက္တဲ့ထိႀကိဳးစားၾကမယ္လို႔‌ အကုန္စိတ္ကူးထားခဲ့တာပါ

တစ္ခုပဲ မေဖာက္ျပန္ပါနဲ႔သစၥာရွိေပးပါ

မိန္းကေလးကိစၥနဲ႔ပတ္သတ္ရင္ခြင့္မလႊတ္ဖူးေနာ္ လို႔

ညီမေလ သူ႔ကိုေန႔တိုင္းကိုအဲ့လိုျဖစ္မွာဆိုးလို႔ မွာခဲ့ေျပာခဲ့တာပါ

သူ႔ကိုေတြ႕ခ်င္လြန္းလို႔ ရန္ကုန္ကေနသူ႔ဆီ ဆြဲႀကိဳးေတြေရာင္းေလာ့ကတ္ေတြေပါင္နဲ႔ရေအာင္

အဆူခံအဆဲခံၿပီးသြားေတြ႕တဲ့ထိခ်စ္ခဲ့တာပါ

ဒါေပမယ့္ သူက ညီမနဲ႔မတြဲခင္ကတည္းက မေန႔ကမွသိလိုက္ရတာက သူ႔မွာေကာင္မေလးရွိတယ္တဲ့

လြန္ခဲ့တဲ့၅ရက္ကမွသူတို႔ပ်က္သြားတာ💔

ညီမေလ ရင္ထဲကမာၻပ်က္သြားသလိုခံစားရတယ္

သူက အဲ့ေကာင္မေလးက အီစီကလီပါ

တကယ္ညီမကိုခ်စ္လို႔ ဖ်က္လိုက္တာပါ

အေစာပိုင္းက ညီမကိုမယုံလို႔ အဲ့ေကာင္မေလးကိုလဲ အားနာလို႔ဆက္တြဲေနတာပါ

ခြင့္လႊတ္ေပးပါ ေနာက္လုံး၀ကိုမျဖစ္ေစရဘူးလို႔အႀကိမ္ႀကိမ္ ညီမကိုေတာင္းပန္ပါတယ္

ညီမသူ႔ကိုအရမ္းခ်စ္ေတာ့ ညီမျပန္လက္ခံသင့္လားဟင္ 😥