ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၆၁၉

ဖတ်ပြီးအကြံပြုပေးပါရှင်

ညီမကောင်လေးနဲ့ အိမ်ပေါင်းနေတာ နှစ်ဝက်ပြည့်ပါတော့မယ်၊

သူကကိုယ့်ထပ် 5နှစ်ငယ်ပြီး ညီမကသူ့ first love ပါ၊

အမြဲသူ့ကိုစိတ်ချမ်းသာအောင် တတ်နိုင်သလောက် ထားပေမယ့် သူ့စကားထဲ မိန်းမတယောက်ယောက်ပါလာရင် မခံမရပ်ဖြစ် ဒေါသအိုးပေါက်ကွဲလို့ပါ၊

ဒီနေ့ဆိုလည်း အလုပ်ကကောင်မလေးတယောက်နဲ့ သူ့ကိုဝိုင်းစကြတာ

သူကမသိသလိုပဲနေတဲ့ကိစ္စပြောပြတော့ ဒေါသကငယ်ထိပ်ရောက်ပြီး ပစ္စည်းတေပစ်ပေါက်မိပါတယ်၊

သူ့မှာလည်း သူလိပ်ပြာသန့်လို့ ပြောတာ၊ တကယ်ငြိရင် ပြောမလား စသဖြင့် ငိုယိုတောင်းပန်ရှာပါတယ်၊၊

သူပြောပြချိန် အေးဆေး​တုံ့ပြန်ပြီး ကျော်သွားရင် ဒီညလည်း အရင်ညတွေလိုပဲ ပျော်ရွှင်ပြီး အိပ်ရာတူတူဝင်ရမှာပါ၊

ခုတော့ ညီမဒေါသမထိန်းနိုင်လို့ 2ယောက်လုံး​မျက်ရည်တွေနဲ့ အရီအမောမရှိ ခြောက်ကပ်နေရပါပြီ၊၊

မေးချင်တာက ကိုယ့်အမျိုးသားဖောက်ပြန်နေတာလည်း မဟုတ်၊

ဒါပေမယ့်​ သူ့ဘဝမှာ ကြုံရမယ့်မိန်းမတွေ အများကြီးပါ၊

ဘသူ့ဆီမှ ပါမသွားပဲ ကိုယ့်ဆီမှာပဲပျော်အောင် ရေရှည်ဘလိုလုပ်ရမလဲရယ်၊

စကားထဲ မိန်းမတယောက်ယောက်ပါလာရင်​ ဒီနေ့လိုဒေါသငယ်ထိပ်တက်မဆောင့်ပဲ

လူကြီးဆန်ဆန် တုံ့ပြန်နည်းလေးတွေ မျှဝေပေးပါရှင့်၊၊

မဆိုင်ပဲဖြစ်ရတဲ့ဒီနေ့လို အဖြစ်အပျက်မျိုးတွေ ခဏခဏဖြစ်ရင် သူ့ဘာသာ သာယာနေတဲ့

အိမ်ထောင်ရေးလေး ကိုယ့်အတွေးလွန်တာကြောင့် ယိမ်းယိုင်​မှာစိုးလို့ပါ၊၊

ဖတ္ၿပီးအႀကံျပဳေပးပါရွင္

ညီမေကာင္ေလးနဲ႔ အိမ္ေပါင္းေနတာ ႏွစ္ဝက္ျပည့္ပါေတာ့မယ္၊

သူကကိုယ့္ထပ္ 5ႏွစ္ငယ္ၿပီး ညီမကသူ႔ first love ပါ၊

အၿမဲသူ႔ကိုစိတ္ခ်မ္းသာေအာင္ တတ္ႏိုင္သေလာက္ ထားေပမယ့္ သူ႔စကားထဲ မိန္းမတေယာက္ေယာက္ပါလာရင္ မခံမရပ္ျဖစ္ ေဒါသအိုးေပါက္ကြဲလို႔ပါ၊

ဒီေန႔ဆိုလည္း အလုပ္ကေကာင္မေလးတေယာက္နဲ႔ သူ႔ကိုဝိုင္းစၾကတာ

သူကမသိသလိုပဲေနတဲ့ကိစၥေျပာျပေတာ့ ေဒါသကငယ္ထိပ္ေရာက္ၿပီး ပစၥည္းေတပစ္ေပါက္မိပါတယ္၊

သူ႔မွာလည္း သူလိပ္ျပာသန္႔လို႔ ေျပာတာ၊ တကယ္ၿငိရင္ ေျပာမလား စသျဖင့္ ငိုယိုေတာင္းပန္ရွာပါတယ္၊၊

သူေျပာျပခ်ိန္ ေအးေဆး​တုံ႔ျပန္ၿပီး ေက်ာ္သြားရင္ ဒီညလည္း အရင္ညေတြလိုပဲ ေပ်ာ္႐ႊင္ၿပီး အိပ္ရာတူတူဝင္ရမွာပါ၊

ခုေတာ့ ညီမေဒါသမထိန္းႏိုင္လို႔ 2ေယာက္လုံး​မ်က္ရည္ေတြနဲ႔ အရီအေမာမရွိ ေျခာက္ကပ္ေနရပါၿပီ၊၊

ေမးခ်င္တာက ကိုယ့္အမ်ိဳးသားေဖာက္ျပန္ေနတာလည္း မဟုတ္၊

ဒါေပမယ့္​ သူ႔ဘဝမွာ ႀကဳံရမယ့္မိန္းမေတြ အမ်ားႀကီးပါ၊

ဘသူ႔ဆီမွ ပါမသြားပဲ ကိုယ့္ဆီမွာပဲေပ်ာ္ေအာင္ ေရရွည္ဘလိုလုပ္ရမလဲရယ္၊

စကားထဲ မိန္းမတေယာက္ေယာက္ပါလာရင္​ ဒီေန႔လိုေဒါသငယ္ထိပ္တက္မေဆာင့္ပဲ

လူႀကီးဆန္ဆန္ တုံ႔ျပန္နည္းေလးေတြ မွ်ေဝေပးပါရွင့္၊၊

မဆိုင္ပဲျဖစ္ရတဲ့ဒီေန႔လို အျဖစ္အပ်က္မ်ိဳးေတြ ခဏခဏျဖစ္ရင္ သူ႔ဘာသာ သာယာေနတဲ့

အိမ္ေထာင္ေရးေလး ကိုယ့္အေတြးလြန္တာေၾကာင့္ ယိမ္းယိုင္​မွာစိုးလို႔ပါ၊၊