သူငယ်ချင်း တစ်ယောက်အကြောင်းပါ ညီမ ကအပေါင်းအသင်း ရှိပေမယ့်
ချုပ်ချယ်တဲ့အိမ်ကမို့ Close friend တယောက်မှမရှိပါဘူး
လိုင်းပေါ်တက်လာရင်တောင် နေ့စဉ် ပြောစရာသူငယ်ချင်းမရှိပါဘူး
သင်တန်းတခုကနေသူငယ်ချင်းတယောက်ရခဲ့ပါတယ် ရည်းစားရသလိုကိုပျော်တာပါ(LGBTတော့မဟုတ်ပါ)
သူလည်း ညီမလိုပဲ အပေါင်းအသင်းမရှိတာမို့ လေးလလောက် ညီမအရင်းတွေလို ပေါင်းခဲ့ပါတယ် ညီမအရမ်းလည်းပျော်ခဲ့ပါတယ်
ပြသနာက ခုမှစမှာပါ ညီမက ညီမမကြိုက်ရင် Aww ommတောင်မပြောချင်တဲ့ လူမျိုးပါ
အသက် 22ပါ ရည်းစားမထားဖူးပါဘူး သူက တစ်လကိုတယောက်နီးပါးလောက်တွဲပါတယ်
သူကြိုက်တဲ့သင်တန်းက ဆရာက ညီမကိုလာအပ်တော့ ပြသနာသေအောင်ရှာပါတယ်
ညီမကိုBl ခိုင်းပါတယ် ညီမက ဆရာကိုလေးစားလို့မBlပါဘူး
ဒါမယ့် နင်ကျေနပ်အောင် ငါ စကားပြန်မပြောဘူးလို့ကတိပေးလိုက်ပါတယ်
နောက်ညီမကိုပြသနာရှာလွန်းလို့ ညီမ ဆရာ့ကိုBlလိုက်ရပါတယ် (ခုထိလည်းမျက်နှာပူပါတယ်)
အဲ့လောက်လုပ်ထားပီး သူကတခြားကောင်နဲ့ တစ်ပတ်အကြာမှာတွဲပါတယ်
သူတွဲတဲ့သူက သူနဲ့တွဲတဲ့နေ့မှ အရင်ရည်းစားကိုဖြတ်လိုက်တာပါ
(သူကအတည်ဆိုရင် ညီမမသိချင်ယောင်ဆောင်ပေးနိုင်ပေမယ့် ခဏပဲတွဲပီး ပြတ်ကြဦးမှာ ညီမသိနေပါတယ်)
ညီမကနင် စနိုက်ကြော် ဖစ်နေပီ မလုပ်ပါနဲ့ဆိုတော့ သူ့ကိုတမ်းတမ်းစွဲနေတာ
သူကဟိုကောင်မလေးကိုဖြတ်ပါလို့တခွန်းမှမပြောဖူးပါဘူးတဲ့
ညီမဒေါသတွေတော်တော်ထွက်ရပါတယ် (ပီးတော့လည်းနှစ်ပတ်နဲ့ပြတ်တာပါပဲ)
ပီးရင် Fb statusမှာ သူများရည်းစားကိုမျက်စောင်းတောင်မထိုးဘူး အဲ့လိုမိန်းမတွေကိုရွံတယ်လို့ရေးပါတယ်
ညီမက သူ့ပိုစ်ဖတ်ရင်းပိုစိတ်တိုလာပါတယ်
သူကပြောပါတယ် နင်က ငါ့ကို ဘာလို့ စကားမပြောတာလဲတဲ့ ညီမ ခုလောလောဆယ် သူငယ်ချင်းတယောက်ကို ဆုံးရှုံးရမှာ ဆိုတဲ့စိတ်ရယ်
ဆက်ပေါင်းရင်လည်း သူကဘာမှမဖစ်ပေမယ့် ညီမက သူ့ကြည့်ပီးဒေါသအရမ်းထွက်နေလို့ပါ
ညီမဘယ်လိုလုပ်ရမလဲ
ညီမဘယ်လိုလုပ်ရမလဲ