ရင်ဖွင့်စာ
မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၆၂၁
ရင်ဖွင့်တိုင်ပင်ချင်လို့ပါရှင်….ညီမရဲ့လက်ရှိချစ်သူက အိမ်ထောင်သည်အမျိုးသားတစ်ဦးပါ။
ညီမကအပျိုပါရှင်။ရည်းစားလဲတစ်ခါမှမထားဖူးပါဘူး။သူကပထမဆုံးရည်းစားဦးပါ။
ညီမနဲ့သူနဲ့က Onlineကနေစသိကြတာပါ။သူက liveမှာအ‌နွေးထည်လာဝယ်တာပါ။
pageကerrorဖြစ်တော့ သူပို့တဲ့စာကမရောက်တာနဲ့ ညီမရဲ့accကနေသွားပြောရာကနေစတာပါ။
သူနဲ့သိတာက၂၀၂၀ခုနှစ်10လပိုင်းလောက်ကပါ သူနဲ့ရည်းစားစဖြစ်တာက ၂၀၂၂နှစ်၁လပိုင်းကပါ။
ရည်းစားသက်တမ်း၉လမှာ အပြင်မှာတွေ့ဖြစ်ကြပြီးသူနဲ့ညီမ s*xဖြစ်ခဲ့တယ်ရှင်။
ဒါလဲ သူကညီမသဘောမတူတာကိုယူလိုက်တာပါ။
သူကအရေးပေါ်တားဆေးတိုက်တာမို့ ကိုယ်ဝန်တော့ မရခဲ့ဘူးပေါ့နော်။
ညီမကသူ့ကိုအရမ်းချစ်နေတာမို့ခွင့်လွှတ်ခဲ့ပါတယ်။ ညီမတို့ ဆက်တွဲခဲ့ကြပါတယ်။
တစ်ရက်ကြ ညီမရဲ့ fackaccနဲ့ သူ့နံမည်ကိုရိုက်ရှာကြည့်မှ သိခဲ့ရတာပါ သူ့မှာအိမ်ထောင်ရှိမှန်း။
သူကညီမရဲ့accကိုblထားခဲ့လို့ အစကတည်းကဘာမှမသိခဲ့ရတာပါ။
သူ့နံမည်အရင်းကိုတောင်ကိုယ့်ဘာသာစုံစမ်းလို့သိခဲ့ရတာပါရှင်။
သူနဲ့ညီမအသက်20ကျော်ကွာပါတယ်၊သူ့ရဲ့သမီးနဲ့ ညီမနဲ့ကအရွယ်တူပါပဲ။
သူက ဖုန်းဆိုင် ပိုင်ရှင် ဖြစ်ပြီးသူရဲ့အမျိုးသမီးက နိုင်ငံရေးနဲ့အဖမ်းခံထားရတယ်၊သူမှာ သားနဲ့သမီးနှစ်ယောက်ရှိပါတယ်ရှင်။
ဒါတွေအားလုံးက ကိုယ့်ဘာသာစုံစမ်းလို့သိခဲ့ရတာတွေပါ။သူကဘာမှမပြောပြထားခဲ့သလို ညီမကလဲ မမေးခဲ့မိဘူးပေါ့နော်။ကိုယ့်အမှားလဲပါပါတယ်။
အခုချိန်မှာကတော့ သူ့ရဲ့အမျိုးသမီးဟာ လွတ်လာပြီးလား မလွတ်လားသေးဘူးလားဆိုတာကတော့မသိသေးပါဘူးရှင်။
ညီမနဲ့သူနဲ့ကအခုချိန်ထိမပြတ်စဲရသေးပါဘူးရှင့်။ညီမသူ့ဆီက အဖြေတစ်ခုကိုစောင့်နေခဲ့ဝာာပါ။
သူတို့ကပေါင်းနေသေးတာလား၊မပေါင်းတော့ဘူးလားဆိုတာကိုပါ။
အကယ်၍များ သူနဲ့သူအမျိုးသမီးဟာမကွဲရသေးဘူး ပေါင်းနေသေးတယ်ဆိုရင်တော့ ညီမသူ့ဘေးနားကနေ အပြီးတိုင်ထွက်သွားမှာပါ။
ညီမကကလေးနှစ်ယောက်အဖေကိုချစ်လို့ရပါတယ်၊ဒါပေမယ့် “လွတ်လွတ်ကင်းကင်းရှိဖို့တော့လိုတာပေါ့”လို့ သူ့ကိုပြောပြထားပါတယ်။
သူကညီမကိုရှင်းပြမယ်လို့တော့ပြောပေမယ့် အခုချိန်ထိဘာမှမပြောသေးပါဘူး။
မေးလိုက်တိုင်း ခေါင်းရှုပ်နေလို့ဆိုတာပဲပြောပါတယ်။ညီမဘက်ကအရေးကြီးသလောက် သူဘက်ကသွေးအေးနေသလိုပါပဲ အဲ့ကိစ္စနဲ့မေးလိုက်ရင်။
သူကညီမကိုလက်ထပ်လို့ရအောင်လုပ်မယ်လို့တော့ပြောတာပါပဲရှင်။
ဒါပေမယ့် ညီမကြောင့် ကွဲရမယ်ဆိုတဲ့အဖြစ်မျိုးကိုတော့ ညီမ မလိုချင်ဘူးပေါ့။
ဒီ2လပိုင်းထဲမှာလည်းသူနဲ့တွေ့ဖို့ရှိပါတယ်။သူကအတူနေဖို့ပဲပြောနေပါတယ်။သူကတွေ့တိုင်းအတူနေချင်နေတာပါရှင်။
အကယ်၍များကလေးရခဲ့ရင်လဲ ညီမဘာသာ မွေးဖို့ကိုဆုံးဖြတ်ထားပါတယ်။
ညီမသူ့ကို သိပ်ချစ်ပါတယ်ရှင်…ဒါပေမယ့် မဖြစ်နိုင်ရင်တော့ညီမအပြီးတိုင်ထွက်သွားမှာပါ။
သူကသူ့အသိုင်းအဝိုင်းထဲမှာအရေးပါတဲ့လူတစ်ယောက်ပါ။ညီမက ဘာမှမဟုတ်တဲ့သူပါရှင် ညီမတစ်ယောက်မရှိတော့လည်း အရေးမကြီးပါဘူး။
လူလေးယောက်ပျော်ရွင်ဖို့အတွက်ကို ညီမလဲရဲပါတယ်ရှင်။ နောက်ဆုံးအနေနဲ့ ဒီတစ်‌ခေါက်သူ့ကိုတွေ့ ဖြစ်အောင်သွားတွေ့ဖြစ်ဖို့ဆုံးဖြတ်ထားတာပါ။
ဘာလုပ်ရမှန်းလဲမသိတော့လို့။သေပဲ‌ သေပစ်လိုက်ရရမလားလို့ပဲတွေးမိနေလို့ပါရှင်။ညီမက စိတ်ကျရောဂါလဲဖြစ်ဖူးတဲ့သူပါ။
ခဏခဏလဲ သေကြောင်းကြံဖူးတယ်၊အဲ့ကတည်းကသေခဲ့ရင်ကောင်းမယ်လို့ တွေးနေမိတယ်ရှင်။
နိုင်ငံရေးနဲ့ပညာရေးကလဲ ရပ်ထားရပါတယ်ရှင်။အိမ်နဲ့လဲအဆင်မပြေပါဘူး။
ဘာလို့ ကံဆိုးမှုတွေနဲ့ပဲ ကြုံနေရဝာလဲလို့ တွေးမိနေလို့ပါ။
သေလိုက်ရင် ပိုကောင်းနဲ့ဘဝတစ်ခုကိုရမှာပဲလို့တွေးမိနေတာပါ။