ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၆၂၂

ညီမရင်ဖွင့်တိုင်ပင်ပြီး အကြံတောင်းချင်လို့ပါ

သူနဲ့စသိခဲ့တာကတော့ လွန်ခဲ့တဲ့3နှစ်ကျော် ညီမအသဲကွဲနေဝာာကို သူလာအားပေးရင်း နောက်ပိုင်းသူနဲ့စကားတွေပြောကြရင်း တွဲဖြစ်သွားပါတယ်

သူကော ညီမကော ညီမရဲ့ex‌ကောင်လေးကောက တမြို့ထဲကပါ

ညီမက တခြားမြို့ကိုသင်တန်းနဲ့အလုပ်အတွက်‌ပြောင်းနေရပါတယ်

တွဲရင်းသိခဲ့ရတာက သူဟာ သူ့အရင်ကောင်မလေးကို LDRSဖြစ်သွားလို့ဖြတ်လိုက်တာပါ

သူကဝေးနေတဲ့relationshipတစ်ခုကို တည်ဆောက်ရတာအရမ်းပင်ပန်းမယ်မလွယ်လောက်ဘူးထင်လို့ ဖြတ်လိုက်တာလို့ပြောပါတယ်

ရှေ့တယောက်က သူ့အပေါ်အရမ်းအရမ်းကောင်းခဲ့တာကို သူ့ဘေးလူတွေကနေတဆင့်လဲသိခဲ့ရပါတယ်

အဲ့အချိန်မှာ ညီမကိုယ့်RSကိုယ် သံသယစဝင်လာပါတယ်

ဒီလိုကောင်းတဲ့သူတောင် ဖြတ်ရင် ငါလည်း LDRSဖြစ်နေတဲ့ခြေနေမှာဘယ်ချိန်အဖြတ်ခံရမလဲလို့ ကိုယ့်ကိုယ်ကိုယ်တွေးမိသွားပါတယ်

သူ့ကိုပြောပြတော့ ဒါသူ ငယ်တုန်းကတွေးခဲ့မိတာပါပေါ့ ခုတော့အဲ့လိုအတွေးမရှိတော့ဘူးပြောတယ် ဒါပေမဲ့ တခြားအတွဲတွေလို အတူသွား အတူစားလျှောက်လည်ချင်တယ်ပြောပါတယ်

တွဲပြီး6လလောက်အကြာမှာဝောာ့ သူ့‌အခြေ‌အနေတွေက အရင်လိုမဟုတ် သိပ်မူမမှန်ဘဲခြေလှမ်းစပျက်တာသတိထားမိလာပါတယ်

မေးလိုက်ရင်လည်း မိသားစုကိစ္စတွေ အလုပ်ကိစ္စတွေနဲ့ခေါင်းရှုပ်နေလို့တယောက်ထဲအေးဆေးနေချင်တယ်တွေဘာတွေပြောလာပါတယ်

နောက်ပိုင်းပိုမပြေတော့လို့ ဒီRSကိုရပ်လိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ် သူလဲအသာတကြည်ပဲလက်ခံပါတယ် ဒီလိုနဲ့တခန်းရပ်သွားတယ်ပေါ့

ကြားထဲမှာ တစ်နှစ်လောက်အဆက်သွယ်ပြတ်သွားပါတယ်

နောက်တော့ နေကောင်းလားအဆင်ပြေလားလာမေးပါတယ် အဲ့အချိန်ညီမအမေ ကင်ဆာရောဂါဖြစ်လို့ အကြီးအကျယ်စိတ်ညစ်နေရတဲ့အချိန်ပါ

သူစကားတွေလာပြောပြီး အားပေးတယ် လနည်းနည်းကြာတော့ ပြန်တွဲဖို့ပြောပါတယ်

သူ့ကိုထပ်မယုံရဲဘူးပြောတော့ ယုံနိုင်တဲ့အချိန်ထိစောင့်ပါ့မယ်ပြောတယ် ညီမနာမည်ကိုလက်မှာတက်တူးထိုးတဲ့အထိလုပ်ပြတယ်

တခြားယုံအောင်တခြားဟာ‌တွေလဲ အမျိုးမျိုးလုပ်ပြပါတယ်

ညီမအမေကိစ္စနဲ့စိတ်အဆင်မပြေဖြစ်နေချိန်မှာ အရင်ကထက်နှစ်ဆလောက်ပိုဂရုစိုက်ပြတယ် အဲ့လိုနဲ့ 8လလောက်ကြာတော့ ပြန်တွဲဖြစ်သွားပါတယ်

သူ့အမေက ညီမတို့ဟိုးအရင်စတွဲကတည်းကသိပါတယ် ခုပြန်တွဲတဲ့အချိန်လဲ သူ့အိမ်ကအကုန်သိပြီး အားလုံးကသဘောတူပါတယ်

ညီမကတော့ ညီမ အမေရောဂါအခြေနေကြောင့် အမေ့ကိုဘာမှမပြောထားပါဘူး သိပ်မကြာပါဘူး

သူ့အမဆီကနေ ပြတ်သွားကြတာလား ဒီမှာ သူခြေရှုပ်သံတွေကြားနေတယ်ဆိုပီး လာပြောတယ်

သူ့မေးတော့လဲမဟုတ်ဘူးပဲငြင်းတယ် သူ့အမကော သူ့ညီမကော လာပြောကြပြီး နောက်ဆုံးငြင်းမရတဲ့သက်သေအထိပြောမှပဲ ဝန်ခံပါတယ် ညီမနဲ့အကြီးအကျယ်ပြသနာဖြစ်ပြီး ပြတ်သွားပါတယ်

အဲ့နောက်ကောင်မက သူတို့အိမ်နားကပါ သူ့အမေကော တအိမ်လုံးကော အဲ့ကောင်မရဲ့သတင်း‌တွေကြောင့် သဘောမတူဘဲ သူ့ကိုဆုံးမပြောပြကြတယ် မရပါဘူး

အိမ်ပေါ်ကနေဆင်းတဲ့အထိဆန္ဒပြပြီး အဲ့‌ကောင်မနဲ့ဆက်တွဲပါတယ် ပြောမရတဲ့အဆုံး အိမ်ကလဲ အိမ်ပေါ်ပြန်တက်ခိုင်းပြီးလွှတ်ထားပေးလိုက်ရပါတယ်

ညီမရဲ့နာမည်တက်တူးကိုလဲ ကောင်မသွားဖျက်ခိုင်းတာနဲ့ သူတခြားပုံcoverလုပ်လိုက်တယ် ညီမတော်တော်လေးခံစားခဲ့ရတယ် ကောင်မနဲ့6လတွဲပြီးပြတ်သွားပါတယ်

ပြတ်ပီးတဲ့နောက်ညီမဆီပြန်လာပါတယ် ညီမလက်မခံပါဘူး အသေအလဲတောင်းပန်ပါတယ် ညီမနေတဲ့မြို့အထိလူချင်းတွေ့ပြီး လာတောင်းပန်ပါ့မယ်ပြောတယ်

ညီမ မလာခိုင်းပါဘူး တကယ်ရောက်ချလာပြီးတောင်းပန်တယ် သူ့အိမ်ကလဲ ခွင့်လွှတ်ပေးဖို့ ညီမနဲ့ပဲသဘောတူတာဖြစ်ကြောင်းပြောပေးကြတယ်

ညီမလဲ အမေရောဂါဖြစ်နေ‌တုန်းအားပေးခဲ့တဲ့အရာတွေအတွက်ကော သူနဲ့ကလွန်လွန်ကျူးကျူးဖြစ်ဖူးတာလဲရှိတာကြောင့် တစ်ခါတော့ခွင့်လွှတ်လိုက်ပါမယ်ဆိုပြီး ပြန်လက်ခံလိုက်ပါတယ်

ဖုန်းစစ်ကြည့်မှသိခဲ့ရတာက ညီမဆီကိုလာတောင်းပန်ရင်း ဒီမြို့က သူလိုင်းပေါ်ကသိတဲ့ကောင်မတစ်ယောက်နဲ့တစ်ရက်သွား‌တွေ့ပြီး စားသောက်လည်ပတ်ထားတာပါ

ဘာမှပတ်သက်မှု‌တော့ မရှိပါဘူး ညီမရှေ့မှာပဲ ဖုန်းခေါ်ပြပြီး ကောင်မလေးဘက်ကလဲရှင်းပြတော့ ရှိပါစေတော့ ပြန်လက်မခံခင်ဖြစ်တာ ပြန်လက်ခံပြီးနောက်ပိုင်းထပ်မဖြစ်စေနဲ့ပဲသတိပေးလိုက်ပါတယ်

နောက်ပိတ်ရက်ရတော့ ညီမလဲ ညီမမြို့ကိုပြန်ပါတယ် သူ့အိမ်ကိုလဲ သွားလာဝင်ထွက်ပါတယ် New Yearမှာသူ့အမျိုးအကုန်နဲ့လဲချက်ပြုတ်စားသောက်ပြီး အဆင်ပြေပြေပါပဲ

အဲ့လိုနဲ့ပိတ်ရက်ပြီးတော့ ညီမဒီဘက်သင်တန်းအလုပ်ရှိတဲ့မြို့ကိုပြန်လာပါတယ်

ပြန်လာပြီးအခုတစ်လပဲရှိပါသေးတယ်

ကောင်မတယောက်နဲ့လိုင်း‌ပေါ်မှာလိုတာထက်ပိုပြီးဖုန်းပြောvcပြောလုပ်ပါတယ်

ညီမပြောတော့အလုပ်ကိစ္စပြောတယ်ပဲဆင်ခြေပေးပါတယ် ညီမယုံအောင်messengerမှာလဲ အဲ့ကောင်မကို ညီမပုံပို့ထားပြီး သူပြန်တွဲနေပီဆိုတဲ့အကြောင်းပို့ထားပါတယ်

ဒါပေမဲ့ဖုန်းတွေကခေါ်တိုင်းမအား မေးလိုက်တိုင်းဘယ်သူနဲ့ပြောလဲဆိုရင်အဲ့ကောင်မဆိုတော့ ရန်ဖြစ်ပါရော အလုပ်ကိစ္စပြောတယ်ပဲအကြောင်းပြပါတယ်

အဲ့မှာသူ့ကိုမရစ်ပါနဲ့ သူ့အလုပ်အဆင်မပြေ/မိသားစုထဲမှာလဲအဆင်‌မပြေတဲ့တချို့ကိစ္စတွေရှိလို့ တယောက်ထဲအေးဆေးနေချင်တယ်လုပ်ပြန်ကော

ဒီတခါတော့မရတော့ဘူး ညီမ အဲ့ကောင်မဖုန်းနံပါတ်ကို ရအောင် ယူပြီးဟိုဘက်ကို ဖုန်းဆက်လိုက်ပါတယ်

ဘာလို့ကောင်မလေးနဲ့ပြန်တွဲနေပြီဆိုတာတောင် ဖုန်းခေါ်vcခေါ်နဲ့ လိုတာထက်ပိုပြောနေရတာလဲဆိုပြီး သွားရန်တွေ့လိုက်ပါတယ်

အဲ့မှာကောင်မက ပြန်တွဲနေမှန်းမသိဘူးငြင်းပါရော messenger မှာပုံပို့ပြီးပြောထားတာတောင်ဘာမသိတာလဲလို့မေးတော့ ဟုတ်တယ်

အဲ့ပို့ပြီးမကြာခင်မှာပဲ ပြန်ပျက်သွားပြီလို့ သူကဖုန်းဆက်လာပါတယ်တဲ့လေ 😂အကွက်တွေနော်

ပိုဆိုးတာက လွန်ခဲ့တဲ့3ရက်လောက်ကမှ အဲ့ကောင်မကိုproposeလဲလာလုပ်ထားပါသေးတယ်တဲ့ကောင်မကတော့ မူနေဆဲကာလပေါ့

ညီမအကုန်recordingဖမ်းပြီး သူ့ကိုသွားမေးပါတယ် ဘာလို့ဒီလိုလုပ်ရတာလဲ ထပ်လုပ်ရက်တာလဲဆိုပြီး မူးနေတဲ့အချိန်သွားပြောမိတာဆိုပြီး ပြန်ပြောပါတယ်

ကောင်မကို ဖုန်း messenger အကုန်blockလိုက်ပြီး ထပ်မပတ်သက်ဘဲနေပါ့မယ် သူလုပ်မိတာ ဘယ်လိုတောင်းပန်ရမလဲတောင်မသိတော့ဘူးပြောပါတယ်

ညီမ သူ့ကိုနှစ်ပြားမတန်အောင် ရှယ်ပြောပြီး သူ့အမျိုးတွေအကုန်ကိုလဲ အဲ့ကိစ္စလှမ်းပြောလိုက်ပါတယ်

သူ့အမေအပါအဝင်ပေါ့ သူ့အမေကညီမကိုသူ့သားအတွက် ငိုပြီးတောင်းပန်ပြီး ပြတ်တော့မပြတ်စေချင်တဲ့အကြောင်း ငိုပြီးပြောပါတယ်

ညီမလဲငိုမိပါတယ် ဒီလိုလုပ်နေတဲ့သူမျိုးက တသက်လုံးဒီလိုပဲဆက်သွားမှာလားရှင့် ပြန်လက်ခံချင်လားမေးရင် ဒီလိုအကြိမ်ကြိမ်လုပ်တဲ့သူအတွက်မေးခွန်းကရှင်းပါတယ်

တဖက်မှာတော့ လွန်လွန်ကျူးကျူးဖြစ်ခဲ့ဖူးတဲ့ကိစ္စနဲ့သူ့အမေမျက်နှာ တစ်ဖက်မှာတော့ ပြတ်သားလိုက်ချင်တဲ့စိတ်နဲ့ အရမ်းကိုမွန်းကြပ်နေပါတယ်

ဒုတိယအကြိမ်/တတိယအကြိမ် ငါလက်ခံမိခဲ့လေခြင်း ဘာလို့လက်ခံခဲ့ရတာလဲဆိုပြီး ကိုယ့်ကိုယ်ကိုအပြစ်ရှိနေသလိုကြီးလဲခံစားနေရပါတယ်

ဒါကြောင့် မိန်းမသားတို့ရင်ဖွင့်ရာမှာရင်ဖွင့်ရင်း တခြားမိန်းမသားတွေရဲ့ အကြံပေးချက်‌တွေကိုလဲ နားထောင်ချင်လို့ အကြံပေးဖို့တောင်းဆိုချင်ပါတယ်

ညီမရင္ဖြင့္တိုင္ပင္ၿပီး အႀကံေတာင္းခ်င္လို႔ပါ

သူနဲ႔စသိခဲ့တာကေတာ့ လြန္ခဲ့တဲ့3ႏွစ္ေက်ာ္ ညီမအသဲကြဲေနဝာာကို သူလာအားေပးရင္း ေနာက္ပိုင္းသူနဲ႔စကားေတြေျပာၾကရင္း တြဲျဖစ္သြားပါတယ္

သူေကာ ညီမေကာ ညီမရဲ႕ex‌ေကာင္ေလးေကာက တၿမိဳ႕ထဲကပါ

ညီမက တျခားၿမိဳ႕ကိုသင္တန္းနဲ႔အလုပ္အတြက္‌ေျပာင္းေနရပါတယ္

တြဲရင္းသိခဲ့ရတာက သူဟာ သူ႔အရင္ေကာင္မေလးကို LDRSျဖစ္သြားလို႔ျဖတ္လိုက္တာပါ

သူကေဝးေနတဲ့relationshipတစ္ခုကို တည္ေဆာက္ရတာအရမ္းပင္ပန္းမယ္မလြယ္ေလာက္ဘူးထင္လို႔ ျဖတ္လိုက္တာလို႔ေျပာပါတယ္

ေရွ႕တေယာက္က သူ႔အေပၚအရမ္းအရမ္းေကာင္းခဲ့တာကို သူ႔ေဘးလူေတြကေနတဆင့္လဲသိခဲ့ရပါတယ္

အဲ့အခ်ိန္မွာ ညီမကိုယ့္RSကိုယ္ သံသယစဝင္လာပါတယ္

ဒီလိုေကာင္းတဲ့သူေတာင္ ျဖတ္ရင္ ငါလည္း LDRSျဖစ္ေနတဲ့ေျခေနမွာဘယ္ခ်ိန္အျဖတ္ခံရမလဲလို႔ ကိုယ့္ကိုယ္ကိုယ္ေတြးမိသြားပါတယ္

သူ႔ကိုေျပာျပေတာ့ ဒါသူ ငယ္တုန္းကေတြးခဲ့မိတာပါေပါ့ ခုေတာ့အဲ့လိုအေတြးမရွိေတာ့ဘူးေျပာတယ္ ဒါေပမဲ့ တျခားအတြဲေတြလို အတူသြား အတူစားေလွ်ာက္လည္ခ်င္တယ္ေျပာပါတယ္

တြဲၿပီး6လေလာက္အၾကာမွာေဝာာ့ သူ႔‌အေျခ‌အေနေတြက အရင္လိုမဟုတ္ သိပ္မူမမွန္ဘဲေျခလွမ္းစပ်က္တာသတိထားမိလာပါတယ္

ေမးလိုက္ရင္လည္း မိသားစုကိစၥေတြ အလုပ္ကိစၥေတြနဲ႔ေခါင္းရႈပ္ေနလို႔တေယာက္ထဲေအးေဆးေနခ်င္တယ္ေတြဘာေတြေျပာလာပါတယ္

ေနာက္ပိုင္းပိုမေျပေတာ့လို႔ ဒီRSကိုရပ္လိုက္ဖို႔ဆုံးျဖတ္လိုက္ပါတယ္ သူလဲအသာတၾကည္ပဲလက္ခံပါတယ္ ဒီလိုနဲ႔တခန္းရပ္သြားတယ္ေပါ့

ၾကားထဲမွာ တစ္ႏွစ္ေလာက္အဆက္သြယ္ျပတ္သြားပါတယ္

ေနာက္ေတာ့ ေနေကာင္းလားအဆင္ေျပလားလာေမးပါတယ္ အဲ့အခ်ိန္ညီမအေမ ကင္ဆာေရာဂါျဖစ္လို႔ အႀကီးအက်ယ္စိတ္ညစ္ေနရတဲ့အခ်ိန္ပါ

သူစကားေတြလာေျပာၿပီး အားေပးတယ္ လနည္းနည္းၾကာေတာ့ ျပန္တြဲဖို႔ေျပာပါတယ္

သူ႔ကိုထပ္မယုံရဲဘူးေျပာေတာ့ ယုံႏိုင္တဲ့အခ်ိန္ထိေစာင့္ပါ့မယ္ေျပာတယ္ ညီမနာမည္ကိုလက္မွာတက္တူးထိုးတဲ့အထိလုပ္ျပတယ္

တျခားယုံေအာင္တျခားဟာ‌ေတြလဲ အမ်ိဳးမ်ိဳးလုပ္ျပပါတယ္

ညီမအေမကိစၥနဲ႔စိတ္အဆင္မေျပျဖစ္ေနခ်ိန္မွာ အရင္ကထက္ႏွစ္ဆေလာက္ပိုဂ႐ုစိုက္ျပတယ္ အဲ့လိုနဲ႔ 8လေလာက္ၾကာေတာ့ ျပန္တြဲျဖစ္သြားပါတယ္

သူ႔အေမက ညီမတို႔ဟိုးအရင္စတြဲကတည္းကသိပါတယ္ ခုျပန္တြဲတဲ့အခ်ိန္လဲ သူ႔အိမ္ကအကုန္သိၿပီး အားလုံးကသေဘာတူပါတယ္

ညီမကေတာ့ ညီမ အေမေရာဂါအေျခေနေၾကာင့္ အေမ့ကိုဘာမွမေျပာထားပါဘူး သိပ္မၾကာပါဘူး

သူ႔အမဆီကေန ျပတ္သြားၾကတာလား ဒီမွာ သူေျခရႈပ္သံေတြၾကားေနတယ္ဆိုပီး လာေျပာတယ္

သူ႔ေမးေတာ့လဲမဟုတ္ဘူးပဲျငင္းတယ္ သူ႔အမေကာ သူ႔ညီမေကာ လာေျပာၾကၿပီး ေနာက္ဆုံးျငင္းမရတဲ့သက္ေသအထိေျပာမွပဲ ဝန္ခံပါတယ္ ညီမနဲ႔အႀကီးအက်ယ္ျပသနာျဖစ္ၿပီး ျပတ္သြားပါတယ္

အဲ့ေနာက္ေကာင္မက သူတို႔အိမ္နားကပါ သူ႔အေမေကာ တအိမ္လုံးေကာ အဲ့ေကာင္မရဲ႕သတင္း‌ေတြေၾကာင့္ သေဘာမတူဘဲ သူ႔ကိုဆုံးမေျပာျပၾကတယ္ မရပါဘူး

အိမ္ေပၚကေနဆင္းတဲ့အထိဆႏၵျပၿပီး အဲ့‌ေကာင္မနဲ႔ဆက္တြဲပါတယ္ ေျပာမရတဲ့အဆုံး အိမ္ကလဲ အိမ္ေပၚျပန္တက္ခိုင္းၿပီးလႊတ္ထားေပးလိုက္ရပါတယ္

ညီမရဲ႕နာမည္တက္တူးကိုလဲ ေကာင္မသြားဖ်က္ခိုင္းတာနဲ႔ သူတျခားပုံcoverလုပ္လိုက္တယ္ ညီမေတာ္ေတာ္ေလးခံစားခဲ့ရတယ္ ေကာင္မနဲ႔6လတြဲၿပီးျပတ္သြားပါတယ္

ျပတ္ပီးတဲ့ေနာက္ညီမဆီျပန္လာပါတယ္ ညီမလက္မခံပါဘူး အေသအလဲေတာင္းပန္ပါတယ္ ညီမေနတဲ့ၿမိဳ႕အထိလူခ်င္းေတြ႕ၿပီး လာေတာင္းပန္ပါ့မယ္ေျပာတယ္

ညီမ မလာခိုင္းပါဘူး တကယ္ေရာက္ခ်လာၿပီးေတာင္းပန္တယ္ သူ႔အိမ္ကလဲ ခြင့္လႊတ္ေပးဖို႔ ညီမနဲ႔ပဲသေဘာတူတာျဖစ္ေၾကာင္းေျပာေပးၾကတယ္

ညီမလဲ အေမေရာဂါျဖစ္ေန‌တုန္းအားေပးခဲ့တဲ့အရာေတြအတြက္ေကာ သူနဲ႔ကလြန္လြန္က်ဴးက်ဴးျဖစ္ဖူးတာလဲရွိတာေၾကာင့္ တစ္ခါေတာ့ခြင့္လႊတ္လိုက္ပါမယ္ဆိုၿပီး ျပန္လက္ခံလိုက္ပါတယ္

ဖုန္းစစ္ၾကည့္မွသိခဲ့ရတာက ညီမဆီကိုလာေတာင္းပန္ရင္း ဒီၿမိဳ႕က သူလိုင္းေပၚကသိတဲ့ေကာင္မတစ္ေယာက္နဲ႔တစ္ရက္သြား‌ေတြ႕ၿပီး စားေသာက္လည္ပတ္ထားတာပါ

ဘာမွပတ္သက္မႈ‌ေတာ့ မရွိပါဘူး ညီမေရွ႕မွာပဲ ဖုန္းေခၚျပၿပီး ေကာင္မေလးဘက္ကလဲရွင္းျပေတာ့ ရွိပါေစေတာ့ ျပန္လက္မခံခင္ျဖစ္တာ ျပန္လက္ခံၿပီးေနာက္ပိုင္းထပ္မျဖစ္ေစနဲ႔ပဲသတိေပးလိုက္ပါတယ္

ေနာက္ပိတ္ရက္ရေတာ့ ညီမလဲ ညီမၿမိဳ႕ကိုျပန္ပါတယ္ သူ႔အိမ္ကိုလဲ သြားလာဝင္ထြက္ပါတယ္ New Yearမွာသူ႔အမ်ိဳးအကုန္နဲ႔လဲခ်က္ျပဳတ္စားေသာက္ၿပီး အဆင္ေျပေျပပါပဲ

အဲ့လိုနဲ႔ပိတ္ရက္ၿပီးေတာ့ ညီမဒီဘက္သင္တန္းအလုပ္ရွိတဲ့ၿမိဳ႕ကိုျပန္လာပါတယ္

ျပန္လာၿပီးအခုတစ္လပဲရွိပါေသးတယ္

ေကာင္မတေယာက္နဲ႔လိုင္း‌ေပၚမွာလိုတာထက္ပိုၿပီးဖုန္းေျပာvcေျပာလုပ္ပါတယ္

ညီမေျပာေတာ့အလုပ္ကိစၥေျပာတယ္ပဲဆင္ေျခေပးပါတယ္ ညီမယုံေအာင္messengerမွာလဲ အဲ့ေကာင္မကို ညီမပုံပို႔ထားၿပီး သူျပန္တြဲေနပီဆိုတဲ့အေၾကာင္းပို႔ထားပါတယ္

ဒါေပမဲ့ဖုန္းေတြကေခၚတိုင္းမအား ေမးလိုက္တိုင္းဘယ္သူနဲ႔ေျပာလဲဆိုရင္အဲ့ေကာင္မဆိုေတာ့ ရန္ျဖစ္ပါေရာ အလုပ္ကိစၥေျပာတယ္ပဲအေၾကာင္းျပပါတယ္

အဲ့မွာသူ႔ကိုမရစ္ပါနဲ႔ သူ႔အလုပ္အဆင္မေျပ/မိသားစုထဲမွာလဲအဆင္‌မေျပတဲ့တခ်ိဳ႕ကိစၥေတြရွိလို႔ တေယာက္ထဲေအးေဆးေနခ်င္တယ္လုပ္ျပန္ေကာ

ဒီတခါေတာ့မရေတာ့ဘူး ညီမ အဲ့ေကာင္မဖုန္းနံပါတ္ကို ရေအာင္ ယူၿပီးဟိုဘက္ကို ဖုန္းဆက္လိုက္ပါတယ္

ဘာလို႔ေကာင္မေလးနဲ႔ျပန္တြဲေနၿပီဆိုတာေတာင္ ဖုန္းေခၚvcေခၚနဲ႔ လိုတာထက္ပိုေျပာေနရတာလဲဆိုၿပီး သြားရန္ေတြ႕လိုက္ပါတယ္

အဲ့မွာေကာင္မက ျပန္တြဲေနမွန္းမသိဘူးျငင္းပါေရာ messenger မွာပုံပို႔ၿပီးေျပာထားတာေတာင္ဘာမသိတာလဲလို႔ေမးေတာ့ ဟုတ္တယ္

အဲ့ပို႔ၿပီးမၾကာခင္မွာပဲ ျပန္ပ်က္သြားၿပီလို႔ သူကဖုန္းဆက္လာပါတယ္တဲ့ေလ 😂အကြက္ေတြေနာ္

ပိုဆိုးတာက လြန္ခဲ့တဲ့3ရက္ေလာက္ကမွ အဲ့ေကာင္မကိုproposeလဲလာလုပ္ထားပါေသးတယ္တဲ့ေကာင္မကေတာ့ မူေနဆဲကာလေပါ့

ညီမအကုန္recordingဖမ္းၿပီး သူ႔ကိုသြားေမးပါတယ္ ဘာလို႔ဒီလိုလုပ္ရတာလဲ ထပ္လုပ္ရက္တာလဲဆိုၿပီး မူးေနတဲ့အခ်ိန္သြားေျပာမိတာဆိုၿပီး ျပန္ေျပာပါတယ္

ေကာင္မကို ဖုန္း messenger အကုန္blockလိုက္ၿပီး ထပ္မပတ္သက္ဘဲေနပါ့မယ္ သူလုပ္မိတာ ဘယ္လိုေတာင္းပန္ရမလဲေတာင္မသိေတာ့ဘူးေျပာပါတယ္

ညီမ သူ႔ကိုႏွစ္ျပားမတန္ေအာင္ ရွယ္ေျပာၿပီး သူ႔အမ်ိဳးေတြအကုန္ကိုလဲ အဲ့ကိစၥလွမ္းေျပာလိုက္ပါတယ္

သူ႔အေမအပါအဝင္ေပါ့ သူ႔အေမကညီမကိုသူ႔သားအတြက္ ငိုၿပီးေတာင္းပန္ၿပီး ျပတ္ေတာ့မျပတ္ေစခ်င္တဲ့အေၾကာင္း ငိုၿပီးေျပာပါတယ္

ညီမလဲငိုမိပါတယ္ ဒီလိုလုပ္ေနတဲ့သူမ်ိဳးက တသက္လုံးဒီလိုပဲဆက္သြားမွာလားရွင့္ ျပန္လက္ခံခ်င္လားေမးရင္ ဒီလိုအႀကိမ္ႀကိမ္လုပ္တဲ့သူအတြက္ေမးခြန္းကရွင္းပါတယ္

တဖက္မွာေတာ့ လြန္လြန္က်ဴးက်ဴးျဖစ္ခဲ့ဖူးတဲ့ကိစၥနဲ႔သူ႔အေမမ်က္ႏွာ တစ္ဖက္မွာေတာ့ ျပတ္သားလိုက္ခ်င္တဲ့စိတ္နဲ႔ အရမ္းကိုမြန္းၾကပ္ေနပါတယ္

ဒုတိယအႀကိမ္/တတိယအႀကိမ္ ငါလက္ခံမိခဲ့ေလျခင္း ဘာလို႔လက္ခံခဲ့ရတာလဲဆိုၿပီး ကိုယ့္ကိုယ္ကိုအျပစ္ရွိေနသလိုႀကီးလဲခံစားေနရပါတယ္

ဒါေၾကာင့္ မိန္းမသားတို႔ရင္ဖြင့္ရာမွာရင္ဖြင့္ရင္း တျခားမိန္းမသားေတြရဲ႕ အႀကံေပးခ်က္‌ေတြကိုလဲ နားေထာင္ခ်င္လို႔ အႀကံေပးဖို႔ေတာင္းဆိုခ်င္ပါတယ္