ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၆၂၃

ညီမအခုခံစားနေရတဲ့အဖြစ်လေးကိုရင်ဖွင့်ချင်ပါတယ်ရှင်

ဒီလိုပါ ညီမ ထက်အသက်ကြီးတဲ့အကိုကြီးတယောက်နဲ့ချစ်သူတွေဖြစ်ခဲ့ပါတယ်

ညီမတို့ချစ်နေတဲ့အချိန်ထိ သူ့မှာတခြားတယောက်ရှိလားအမြဲမေးခဲ့ပါတယ် သူကမရှိဖူးပြောခဲ့ပါတယ်

အဲ့နောက်ညီမသူ့ကိုအရမ်းချစ်ခဲ့ပါတယ်

သူလည်းချစ်ပါတယ်

ကြားမာလည်းဖုန်းbusyတွေညတိုင်းပြခဲ့ပါတယ်ညီမကမေးရင် သူငယ်ချင်းပါဆိုပီးပြောပါတယ်

Another callက ဘယ်သူနဲ့ပြောလဲမေးရင် ဘယ်သူနဲ့ပြောတာကအစပြောရအုံးမာလားဆိုပြီးညီမကိုပြောလာပါတယ်

အာ့နောက်ရန်တွေဖစ်လိုက်နဲ့ ဒီလိုနဲ့…အခုညီမှညီမသိရတာသူ့အရင်နှစ်အကြာကြီးတွဲခဲ့တဲ့Exနဲ့ပြန်အဆင်ပြေပီးညတိုင်းပြောနေတာဆိုတာညီမသိခဲ့ရတယ်

ညီမအရမ်းစိတ်တိုပီးခနခနမေးတော့မှ သူလည်းဝန်ခံလာတယ်

ဟုတ်တယ်သူExကိုမပြတ်ဘူးပေါ့နော် ဟိုကောင်မလေးကိုသူတာဝန်ယူရမယ်

နှစ်တွေအကြာကြီးတွဲလာလို့ဆိုပီ

ဟိုဘက်ကိုသူရွေးရမယ်ဆိုပီးညီမကိုဆောတီးသူ့အမှားပါဆိုပီးပြောခဲ့တယ်

အစထဲကညီမမေးတယ်ချစ်သူရှိလားဆိုမရှိဘူးဆိုလို့ ညီမသူ့ကိုချစ်ခဲ့တာပါ

ပထမလူကိုမမေ့နိုင်ဘဲ ဒုတိယလူကိုအစားထိုးခဲ့

ပထမလူနဲ့အဆင်ပြေသွားတော့သူကအရမ်းပျော်နေတယ်

ညီမတော့ရင်ဘတ်ကြီးနဲ့ချစ်ထားရတော့သေလောက်အောင်ခံစားရတယ်

ညီမကိုသူချစ်ရင်ထားခဲ့မှာမဟုတ်ဘူးမလား

သူမချစ်လို့ညီမကိုထားခဲ့တာလေ

ညီမလည်းကျေကျေနပ်နပ်လမ်းခွဲပေးလိုက်ပါတယ်

ညီမဆုံးဖြတ်ချက်မှန်တယ်မလားရှင့်

ညီမခံစားနေရလို့ရင်ဖွင့်တာပါရှင့်





သူလည်းချစ်ပါတယ်















