ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၆၂၄

ညီမအမျိုးသားနဲ့အိမ်ထောင်ကျတာ၇နှစ်ရှိပါပြီ အိမ်ထောင်ပြုစကငယ်သေးတော့သူလောင်းကစားသမားဆိုတာမသိပါဘူး

သူကညီမကိုအရမ်းချစ်လွန်းလို့ရအောင်ယူခဲ့တာပါ သူနဲ့စယူထဲကသူကဘောလုံးပွဲလောင်းပါတယ်

သူတို့အိမ်ကအဆင်ပြေတော့သူ့အမေကလိုက်ရှင်းပေးပါတယ်

သူ့အကြွေးတွေကိုနောက်ပိုင်းကျလိမ္မာလည်းခနဘဲလောင်းကစားကိုအရမ်းခုန်မင်တော့အကြွေးတွေတင်ပါတယ်

ခနတိုင်းလည်းထွက်ပြေးရပါတယ်ဒါပေမယ့်သူဘယ်ဘဲရောက်ရောက်ညီမကိုခနခနဖုန်းဆက်ပါတယ်

ဘယ်လောက်ချစ်ကြောင်းစာပို့ပါတယ် အဲ့နောက်မှာသူကအရမ်းဆိုးလာပြီးအကြွေးတွေဝိုင်းနေလို့သူ့အမေကသူ့အိမ်ရောင်းပြီးကိုဆပ်ပေးလိုက်ပါတယ်

သူ့အမေလည်းအတော်ကိုဒုက္ခရောက်ခဲ့ပါတယ်အဲ့နောက်ပိုင်းဘောလုံးပွဲကြောင့်သူများလုပ်ကြံလို့အချုပ်လည်းကျဘူးပါတယ်

အချုပ်ကလွတ်လာတော့အတော်ကိုငြိမ်ပါတယ် ညီမကိုလည်းအတော်ကိုဂရုစိုက်ပြီးချစ်ပါတယ်

ညီမလည်းသူဆိုးတဲ့ဒဏ်တွေကိုသည်းခံခဲ့တာပါတာပေါ့ အဲ့လိုနဲ့နေလာလိုက်တာခုတစ်ခါပြန်ထလာပြီးသူ့အမေရဲ့ကားနှစ်စီးလုံးကိုရောင်းစားလိုက်ပါတယ်

လောင်းကစားကိုသူကအလွန်ခုံမင်ပါတယ် နှလုံးဘောလုံးကြက်တိုက်အကုန်လုပ်ပါတယ်

ဒါမဲ့ဘီယာကိုတခါတလေတောင်မသောက်တဲ့လူပါခုကျတော့အရင်ကနဲ့မတူတော့ဘဲဘီယာလည်းနေ့တိုင်းသောက်ပါတယ်

အဲ့အတွက်လည်းနေ့တိုင်းရန်ဖြစ်ရပါတယ် ခုကျသူ့အမေကိုဒုက္ခပေးပြီးကားရောင်းစားလိုက်တော့သူ့မောင်နှမတွေကစိတ်ဆိုးလို့ရင်မဆိုင်ရဲလို့ရှောင်နေပါတယ်

ညီမအဓိကပြောချင်တာခုလာပါပြီအဲ့တာကတော့အရင်ကဆိုဘယ်လောက်ဘဲထွက်သွားသွားညီမကိုအမြဲတမ်းခနခနဖုန်းခေါ်စာပို့ပါတယ်

ခုတစ်ကြိမ်ကျတော့ညီမဘက်ကစခေါ်မှဖုန်းကိုင်ပါတယ်တစ်နေကုန်နေလို့ဖုန်းတစ်ကောလ်မဆက်ပါဘူ

းအဲ့တာကအရမ်းထူးဆန်းနေပါတယ်မိန်းမကိစ္စစိတ်ချရတဲ့သူမို့မယားငယ်ရှိတယ်လို့လဲမထင်ပါဘူး

သူကခလေးအရမ်းလိုချင်နေတာပါညီမကမယူရဲသေးပါဘူးတခါဘဝပျက်ပြီးတာတောင်ထပ်ပြီးလုပ်နေလို့ပါ

ယောက္ခမကလည်းခလေးယူလို့ပြောနေပါတယ် ညီမကခလေးယူပြီးမှခလေးတစ်ယောက်နဲ့ဒုက္ခရောက်မှာကြောက်ပါတယ်

ညီမဘယ်လိုလုပ်သင့်လဲရှင့် သူဘက်ကမဆက်သွယ်တာရောညီမကိုမချစ်တော့တာများဖြစ်နေမလားရှင့်

















