ညီမရင်ဖွင့်ချင်လို့ပါ
၃နှစ်နီးပါးမြိုသိပ်ထားရတာလုံးဝအဆင်မပြေနေဘူး ညီမအမျိုးသားနဲ့လက်ထပ်ခါစ
တစ်လလောက်မှာအမျိုးသားကအလူပ်လုပ်ဖို့ထိုင်းတက်လာပီး
ညီမကပတ်စပို့မရိုက်ရသေးလို့ပတ်စပို့စောင့်နေတာပါ
အမျိုးသားကထိုင်းလည်းရောက်ရောသူ့ရည်းစားဟောင်းနဲ့ဆက်သွယ်နေကြတာ(ဖုန်းကနေတစ်ဆင့်)
ညီမကကိုယ့်ယောကျာ်းတခြားနိုင်ငံမှာဘေးကင်းဖို့ ဘုရားသွားလိုက် အလှူလုပ်ပေးလိုက်နဲ့ သစ္စာ ရှိပေးခဲ့တာပါ
ပတ်စပို့လည်းမရသေးတဲ့အပြင် ကိုဗစ်ကြောင့် လမ်းပိတ်ထားတယ်
ပတ်စပို့မရတဲ့အဆုံး အောက်လမ်းကတက်မယ်လို့မိဘတွေနဲ့တိုင်ပင်တယ်
မိဘကစိတ်ပူလို့ သူ့သမီးရဲတွေဖမ်းမိမှာစိုးလို့ပတ်စပို့စောင့်ခိုင်းတယ်
ညီမလည်းကိုယ်ချစ်တဲ့သူနဲ့ဘေးနားမှာရှိချင်တာနဲ့ပဲမိဘတွေကိုအသိမပေးပဲအောက်လမ်းနဲ့တက်လာခဲ့တယ်
ထိုင်းလည်းရောက်ရော ညီမအမျိုးသားဖုန်းကနေတစ်ဆင့် ဘုရားသွားထားတဲ့ပုံကိုပို့မလို့ပုံရွေးနေတုန်း
သူ့ရည်းစားဟောင်းနဲ့ video callမှာစကားပြော ပျော်မြူးနေတဲ့ပုံရိပ်တွေ မိန်းမ တေွဆိုတဲ့အသုံးအနှုန်းတွေ သုံးနေကြတာ
ညီမအဲ့ပုံရိပ်တွေကိုမြင်ပီးနောက်ပိုင်းဘာတစ်ခုမှမပျော်လိုက်ရတော့ဘူး
တစ်ခါတစ်လေပျော်မိလိုက်တဲ့အခိုက်တန့်မှာ အဲ့ပုံရိပ်ကိုအမြဲတမ်းမြင်မြင်လာတယ်
ဒီဘဝမှာညီမပျော်ရွှင်မှုကိုမရန်ုင်တော့ဘူးထင်ပါတယ်
အခုထိညီမအမျိုးသားကို လက်မလွှတ်နိုင်သေးဘူးရယ်
ဘယ်လိုလုပ်ရင် ကောင်းမလဲရှင့် အကြံဥာဏ်လေးပေးပါအုံးမမ
ညီမရင္ဖြင့္ခ်င္လို႔ပါ
၃ႏွစ္နီးပါးၿမိဳသိပ္ထားရတာလုံးဝအဆင္မေျပေနဘူး ညီမအမ်ိဳးသားနဲ႔လက္ထပ္ခါစ
တစ္လေလာက္မွာအမ်ိဳးသားကအလူပ္လုပ္ဖို႔ထိုင္းတက္လာပီး
ညီမကပတ္စပို႔မ႐ိုက္ရေသးလို႔ပတ္စပို႔ေစာင့္ေနတာပါ
အမ်ိဳးသားကထိုင္းလည္းေရာက္ေရာသူ႔ရည္းစားေဟာင္းနဲ႔ဆက္သြယ္ေနၾကတာ(ဖုန္းကေနတစ္ဆင့္)
ညီမကကိုယ့္ေယာက်ာ္းတျခားႏိုင္ငံမွာေဘးကင္းဖို႔ ဘုရားသြားလိုက္ အလႉလုပ္ေပးလိုက္နဲ႔ သစၥာ ရွိေပးခဲ့တာပါ
ပတ္စပို႔လည္းမရေသးတဲ့အျပင္ ကိုဗစ္ေၾကာင့္ လမ္းပိတ္ထားတယ္
ပတ္စပို႔မရတဲ့အဆုံး ေအာက္လမ္းကတက္မယ္လို႔မိဘေတြနဲ႔တိုင္ပင္တယ္
မိဘကစိတ္ပူလို႔ သူ႔သမီးရဲေတြဖမ္းမိမွာစိုးလို႔ပတ္စပို႔ေစာင့္ခိုင္းတယ္
ညီမလည္းကိုယ္ခ်စ္တဲ့သူနဲ႔ေဘးနားမွာရွိခ်င္တာနဲ႔ပဲမိဘေတြကိုအသိမေပးပဲေအာက္လမ္းနဲ႔တက္လာခဲ့တယ္
ထိုင္းလည္းေရာက္ေရာ ညီမအမ်ိဳးသားဖုန္းကေနတစ္ဆင့္ ဘုရားသြားထားတဲ့ပုံကိုပို႔မလို႔ပုံေ႐ြးေနတုန္း
သူ႔ရည္းစားေဟာင္းနဲ႔ video callမွာစကားေျပာ ေပ်ာ္ျမဴးေနတဲ့ပုံရိပ္ေတြ မိန္းမ ေတြဆိုတဲ့အသုံးအႏႈန္းေတြ သုံးေနၾကတာ
ညီမအဲ့ပုံရိပ္ေတြကိုျမင္ပီးေနာက္ပိုင္းဘာတစ္ခုမွမေပ်ာ္လိုက္ရေတာ့ဘူး
တစ္ခါတစ္ေလေပ်ာ္မိလိုက္တဲ့အခိုက္တန္႔မွာ အဲ့ပုံရိပ္ကိုအၿမဲတမ္းျမင္ျမင္လာတယ္
ဒီဘဝမွာညီမေပ်ာ္႐ႊင္မႈကိုမရႏ္ုင္ေတာ့ဘူးထင္ပါတယ္
အခုထိညီမအမ်ိဳးသားကို လက္မလႊတ္ႏိုင္ေသးဘူးရယ္
ဘယ္လိုလုပ္ရင္ ေကာင္းမလဲရွင့္ အႀကံဥာဏ္ေလးေပးပါအုံးမမ