မမတို့ရေ ခု ညီမ ခံစားနေရတဲ့အဖြစ်လေး ရင်ဖွင့်ချင်လို့ပါ အကြံလေးလည်း ပေးကြပါနော်
ကောင်လေးနဲ့ ညီမနဲ့က ရီးစားဖစ်တာ ၆လလောက်ရှိပါပီ
သူက အရင်ကဆို ဂိမ်းတအားဆော့ပါတယ် ညီမနဲ့စဖစ်တော့ သူ ဂိမ်းကို လုံးဝ ရပ်ထားလိုက်ပါတယ်
တစ်ခါတစ်လေ ညီမကို ခွင့်တောင်းပီး သွားဆော့တာမျိုးတော့ရှိပါတယ်
ညီမလည်း အဲကတည်းက သူ့ကို သနားလို့ ညီမပါ တူတူ လိုက်ဆော့ပေးပါတယ် ခုထိပါဘဲ
အမြဲ ညတိုင်း ညီမနဲ့တူတူ သူ့သူငယ်ချင်းအတွဲနဲ့ ဆော့နေကြပါ
ဒီကြားထဲလည်း ဂိမ်းမဆော့တဲ့ရက်တွေရှိပါတယ် ဂိမ်းပြတ်တဲ့အထိ ဖြစ်သွားပါတယ်
ခုနောက်ပိုင်းကျ ဟိုတလောက သူ့သူငယ်ချင်းတွေနဲ့ အဖွဲ့လိုက် ပိုက်ဆံကြေးသွားဆော့ပါတယ်
အဲကတည်းက သူက အဖွဲ့လိုက် ညတိုင်း ဂိမ်းဆော့ချင်တာပါ
ညီမကိုလည်း မခေါ်ဘဲ သူတို့သူငယ်ချင်းအဖွဲ့နဲ့ဘဲ sq trainမယ်ဆိုပီး ပြောပါတယ်
သူက နေ့ခင်းဆို အလုပ်သွားပီး ည၇နာရီလောက်မှ စကားကောင်းကောင်းပြောရတာပါ
sq trainတာကို ၉နာရီစဆော့မယ်ပြောတော့ ညီမဖို့အချိန်ကလည်း အရမ်းမကျန်ပါဘူး
(နေ့ခင်းဘက်တော့ စကားနည်းနည်းပြောပေမဲ့ အလုပ်နဲ့ဆိုတော့ ကောင်းကောင်းမပြောရပါဘူး)
ညီမ ခု ခံစားနေရတာက အမြဲ ဂိမ်းတူတူဆော့နေတာကို ခု အဲလို ညီမကို မခေါ်တော့ ဝမ်းလည်းနည်းပါတယ်
ပီးတော့ ညီမတို့တူတူဆော့နေတဲ့ သူငယ်ချင်းရဲ့ ကောင်မလေးကျ ခေါ်ဆော့ပီး
ညီမကျ မခေါ်တော့ စိတ်ထဲ တအားဝမ်းနည်းနေလို့ပါ
ညီမခုခံစားနေရတာကို သူ့ကို ဘယ်လိုနားလည်အောင်ပြောပြရမလဲရှင့်
သူ့ကို မဆော့ဖို့တားရင်ရော ဘယ်လိုမျိုး ပညာသားပါပါ တားရမလဲရှင့်
အကြံလေးတွေ ပေးကြပါအုံးနော်