ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၆၂၇

ရင်ဖွင့်ချင်လို့ပါရှင့်

ကျွန်မ အိမ်ထောင်သည်ပါ အိမ်ထောင်ကျတာ ခုလထဲမှာမှ တစ်နှစ်ပြည့်မှာပါ

ကျွန်မ အမျိုးသားက တစ်ခြားကောင်မလေးတစ်ယောက်နဲ့ လိုင်းပေါ်မှာ ဖောက်ပြန်နေလို့ပါ

s*x chat တာတွေကိုပါ record ယူပြီး audio manager မှာ သိမ်းထားတာပါ

အဲ audio manager password ကို ဘယ်တော့မှ အသိမခံခဲ့ပါဘူး

ပြီးခဲ့လ လယ် လောက်ကမှ ကျွန်မလည်း password မှတ်ထားတာတွေ့ပြီး

ဖွင့်ကြည့်လိုက်တော့ အဲဒါတွေတွေ့တော့တာပါပဲ

ကျွန်မ ဘယ်လိုမှ မရပ်တည်နိုင်ခဲ့ဘူး

အိမ်ထောင်သက် တစ်နှစ်တောင် မပြည့်သေးတဲ့ ကျွန်မအပေါ် ရက်စက်လှချည်လားလို့ ရင်တွေကွဲရပါတယ်

အရင် သမီးရည်းစား ဘဝမှာတုန်းကလဲ အဲလိုဖောက်ပြန်တာတွေ ရှိခဲ့ဖူးပါတယ်

သူ့ကိုချစ်လွန်းလို့ နားလည် ခွင့်လွှတ်ပေးခဲ့တာပါ

သမီးရည်းစား ဘဝတည်းက ကိုယ်ထိ လက်ရောက်လည်းရိုက်ဖူးပါတယ်

ကျွန်မကိုကကို သိပ်ချစ်ခဲ့တော့ မပြတ်သားနု်င်ခဲ့ပါဘူး

သူက နည်းနည်းပါးပါး ပြန်ချော့လိုက်ရင် ပျော့သွားပြန်ရော

ကျွန်မ မျှော်လင့်ခဲ့မိတယ်လေ ငါ သူ့အပေါ် ကောင်းအောင် နေခဲ့တာပဲ ငါ့အပေါ် ပြန်ကောင်းလာမှာပါလို့

ကိုယ်ပေးတဲ့ သစ္စာ မေတ္တာ တွေ တစ်နေ့ ပြန်ရမှာပါပဲ ဆိုပြီး မျှော်လင့်ခဲ့မိတယ်

ရင္ဖြင့္ခ်င္လို႔ပါရွင့္

ကြၽန္မ အိမ္ေထာင္သည္ပါ အိမ္ေထာင္က်တာ ခုလထဲမွာမွ တစ္ႏွစ္ျပည့္မွာပါ

ကြၽန္မ အမ်ိဳးသားက တစ္ျခားေကာင္မေလးတစ္ေယာက္နဲ႔ လိုင္းေပၚမွာ ေဖာက္ျပန္ေနလို႔ပါ

s*x chat တာေတြကိုပါ record ယူၿပီး audio manager မွာ သိမ္းထားတာပါ

အဲ audio manager password ကို ဘယ္ေတာ့မွ အသိမခံခဲ့ပါဘူး

ၿပီးခဲ့လ လယ္ ေလာက္ကမွ ကြၽန္မလည္း password မွတ္ထားတာေတြ႕ၿပီး

ဖြင့္ၾကည့္လိုက္ေတာ့ အဲဒါေတြေတြ႕ေတာ့တာပါပဲ

ကြၽန္မ ဘယ္လိုမွ မရပ္တည္ႏိုင္ခဲ့ဘူး

အိမ္ေထာင္သက္ တစ္ႏွစ္ေတာင္ မျပည့္ေသးတဲ့ ကြၽန္မအေပၚ ရက္စက္လွခ်ည္လားလို႔ ရင္ေတြကြဲရပါတယ္

အရင္ သမီးရည္းစား ဘဝမွာတုန္းကလဲ အဲလိုေဖာက္ျပန္တာေတြ ရွိခဲ့ဖူးပါတယ္

သူ႔ကိုခ်စ္လြန္းလို႔ နားလည္ ခြင့္လႊတ္ေပးခဲ့တာပါ

သမီးရည္းစား ဘဝတည္းက ကိုယ္ထိ လက္ေရာက္လည္း႐ိုက္ဖူးပါတယ္

ကြၽန္မကိုကကို သိပ္ခ်စ္ခဲ့ေတာ့ မျပတ္သားႏု္င္ခဲ့ပါဘူး

သူက နည္းနည္းပါးပါး ျပန္ေခ်ာ့လိုက္ရင္ ေပ်ာ့သြားျပန္ေရာ

ကြၽန္မ ေမွ်ာ္လင့္ခဲ့မိတယ္ေလ ငါ သူ႔အေပၚ ေကာင္းေအာင္ ေနခဲ့တာပဲ ငါ့အေပၚ ျပန္ေကာင္းလာမွာပါလို႔

ကိုယ္ေပးတဲ့ သစၥာ ေမတၱာ ေတြ တစ္ေန႔ ျပန္ရမွာပါပဲ ဆိုၿပီး ေမွ်ာ္လင့္ခဲ့မိတယ္