ရင်ဖွင့်ချင်လို့ပါ ကျွန်မက အိမ်ထောင်သည်ပါ ကလေးတယောက်လဲရှိပါတယ်။
LDRSဘဝနဲ့3နှစ်နီးပါးတွဲပြီး အခုဆို အိမ်ထောင်ကျတာ တနှစ်ကျော်2နှစ်ထဲမှာပါ။
ကလေးဖေနဲ့က ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ပြီးတော့ အရမ်းယုံကြည်ရအောင်လဲနေတဲ့သူပါ။
အခု ကလေးမွေးပြီး1လခွဲကတည်းကနေ သူအလုပ်ကြောင့်ခွဲနေရတာ ကလေး11လထိပါ။
စိတ်ထဲမှာ သူ တခြားတယောက်နဲ့ငြိနေတယ်ဆိုတာကို အလိုလိုသိနေလို့ သူ့ဖုန်းကြည့်ချင်ရင်တောင် ပေးမကြည့်ပါဘူး။
ကိုင်လဲမကိုင်ခိုင်ဘူး။ မနေ့ညကတော့ သူဖုန်းကြည့်ရင်းအိပ်ပျော်နေတော့ သူ့ဖုန်းကပွင့်ရက်ကြီးဆိုတော့ ကိုယ်လဲယူကြည့်မိလိုက်တယ်။
အဲ့မှာစတော့တာပဲ သူတို့အချိတ်ဆက်တွေရှိနေတာ ကိုယ်ကလေးမမွေးခင်ကတည်းက အဆိုးဆုံးက ကလေးမွေးနေ့မှာ
အဲ့အမျိုးသမီးကို သူကလူကြုံနဲ့လက်ဆောင်ပို့ပေးပြီး တနေကုန်အိမ်မှာမရှိဘူး။
ညပိုင်းကလေးမွေးနေ့ပြီးတော့လဲ အဲ့တယောက်ဆီကို ဖုန်းဆက်ထားတာတွေတွေ့တယ်။
အဲ့မှာတော်တော်ဒေါသထွက်တာပါ ကလေးမွေးနေ့မှာတောင်
သူက တခြားမိန်းမတယောက်အတွက်ပဲအချိန်ပေးနေတာ တွေ့တော့ အရမ်းလဲနာကျင်ရတယ် အရမ်းလဲခံစားရတယ်။
အဲ့တယောက်ကို ဖုန်းလှမ်းဆက်တော့ အဲ့တယောက်ကမကိုင်ဘူး။
နောက်ပိုင်း ကိုယ့်ဆီကို အဲ့အမျိုးသမီးက တခြားနံပတ်တခုနဲ့ကိုယ့်ကိုဖုန်းပြန်ဆက်တယ်။
သူတို့ပက်သတ်နေတာကြာပြီတဲ့ လက်မှတ်ထိုးပြီး ယူထားဖို့တောင်ပြောတယ်တဲ့ ကလေးအဖေ over seaကပြန်လာရင်ယူမယ်လို့လဲပြောတယ်တဲ့။
ပြီးတော့ လတိုင်း သူငယ်ချင်းဆုံးပါးပြီး ကျန်ခဲ့တဲ့ သားမိ2ယောက်ကို သူကလတိုင်းထောက်ပံ့နေရတယ်လို့လဲ အဲ့အမျိုးသမီးကို ပြောထားတာ။
အဲ့အမျိုးသမီးက သူ့မှာ အိမ်ထောင်ရှိမှန်းမသိလို့ ပက်သတ်မိတာပါ နောက်မပက်သတ်တော့ဘူးလို့လဲပြောသွားတယ်။
အဲ့လူကတော့ အခုထိဝန်မခံသေးဘူး။ အဲ့အမျိုးသမီးနဲ့ကိုယ်နဲ့ဖုန်းပြောတုန်းက အဲ့လူအမေလဲ ဘေးမှာရှိပါတယ်။
သူ့သားဖောက်ပြန်နေတဲ့ မိန်းမနဲ့ဖုန်းပြောနေတာဆိုပြီး speakerဖွင့်ထားပြီး သူ့အမေကိုပါ နားထောင်ခိုင်းလိုက်ပါတယ်။
အဲ့လူကို စကားပြောချင်စိတ်လဲမရှိတော့ဘူး၊မြင်လဲမမြင်ချင်တော့ဘူး ၊ယုံကြည်မှုတွေလဲတစက်မှမရှိတော့ဘူး။
ယောက်ခမက ကိုယ့်ဘက်ကပါ ပါတယ်။ ဒီအိမ်ထောင်ရေး ဘယ်လိုဆက်တည်ဆောက်ရမလဲ အကြံဉာဏ်လေးပေးကြပါအုံး။
အဲ့အမျိုးသမီးပြောတာတော့ သူတို့ ဘာမှ လွန်ကျူးတဲ့ထိမဖြစ်ခဲ့ဖူးဘူးလို့ပြောတယ်။
ဟိုးအရင်ကတည်းက သိလာပြီးတော့မှ သူတို့အီစီကလီလုပ်ပြီး တွဲကြတာက 5/6လလောက်ပဲရှိသေးတယ်လည်းပြောတယ်။
ကိုယ်ကတော့ အခုစိတ်ထဲမှာ အရမ်းမွန်းကြပ်နေပါတယ်။
ပြီးတော့ ကလေးအဖေက ရက်ပိုင်းအတွင်းပဲ over seaထွက်တော့မှာပါ။
ကိုယ့်မျက်ကွယ်ထပ်ပြီး ခြေရှုပ်နေတော့မှာပဲဆိုပြီး စိတ်ကင်ဆာတွေရနေပါတယ်။