တစ်ကယ်ကိုအကြံညာဏ်လေးလိုချင်လို့ပါရှင့်
ကျွန်မက အသက် ၃၈နှစ်ပါ အပျိုကြီးမမပေါ့ ကျွန်မ အကြံညာဏ်လေးလိုချင်လို့ပါရှင့်
အမှန်အတိုင်းပြောရရင် ကို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ အငယ်တွေ သူငယ်ချင်းတွေဆီက အကြံညာဏ်တောင်းရမှာရှက်လို့ပါ။
ကျွန်မသိချင်တာကလေ ဒီအသက်အရွယ်ထိ ကျွန်မကိုအမှန်တကယ်စိတ်ဝင်စားသူတစ်ယောက်မှ မရှိသေးတာပါ၊
ကျွန်မက ရုပ်ရည်အနေနဲ့လည်းမလှသည့်တိုင်ကြည့်ကောင်းပါတယ်။
အသားဖြူပြီး အရပ် ၅ပေ၃မှာ ပေါင်ချိန် ၁၁၃ပါ ပြောချင်တာက အရမ်းမဆိုးပါဘူးပေါ့နော်။
ကျွန်မက Master ဘွဲ့ရတစ်ယောက်ဖြစ်ပြီး ဆရာမတစ်ယောက်ပါ။
ကျွန်မအိမ်ကလည်း အဆင်ပြေပြေအနေအထားရှိပါတယ်။
အခု အိမ်က အသက်၄၀မပြည့်ခင်အိမ်ထောင်ပြုပါ့လားတဲ့
ကျွန်မအနေနဲ့ အိမ်ထောင်ပြုဖို့ဆိုတာက ကိုယ့်လာကမ်းလှမ်းမှလေ
အခုက ကျွန်မကို လာပြောသူစိတ်ဝင်စားသူ မရှိပါဘူး၊ လုပ်ငန်းခွင်မှာလည်းကျွန်မကိုလေးစားခင်မင်တဲ့သူပေါပေမဲ့ အဲ့သလိုပုံစံ စိတ်ဝင်စားသူမရှိပါဘူး။
သုများတွေလို online အချစ်ဆိုတာကိုကျ ကျွန်မကလက်တွေ့သမားမို့လားမသိဘူးမယုံရဲဘူးဖြစ်နေတယ်
တစ်ခါသားသူငယ်ချင်းတစ်ယောက်ကတော့ သ်ဘောသားတစ်ယောက်ပုံလာပြပြီး ချက်ကြည့်မလားမေးဘူးပါတယ်
အဲ့လို အပျင်းပြေပုံစံလည်းကျွန်မမလိုချင်ခဲ့ဘူးလေ။
ကျွန်မက ကိုယ့်ကိုကိုယ် ကို့အလုပ်တွေနဲ့ နေလာရာကနေ အခုမှ အိမ်ကအဲ့လိုပြောလာတော့ အလန့်တကြားစဥ်းစားတော့ ကျွန်မက အဲ့ဒီဘက်မှာတကယ်ကိုမစွံတဲ့သူဖြစ်နေပါတယ်။
အိမ်ကို ပွင့်ပွင့်လင်းလင်း ပြောပြပြီး ဒီအတိုင်းတစ်ယောက်ထဲ နေသွားသင့်လား၊
အိမ်ကလူတွေက စီစဥ်ပေးမယ်ဆိုရင်ရော စဥ်းစားသင့်လား တခါမှအချစ်မခံရဘူးပဲ အိမ်ထောင်ပြုသင့်လား။
အပျိုကြီး ဘဝကပဲ ထာဝရကောင်းသလား စဥ်းစားနေရလို့ပါ။
အကြံညာဏ်လေးပြောပြပေးကြပါ့လားရှင့်။
တစ္ကယ္ကိုအႀကံညာဏ္ေလးလိုခ်င္လို႔ပါရွင့္
ကြၽန္မက အသက္ ၃၈ႏွစ္ပါ အပ်ိဳႀကီးမမေပါ့ ကြၽန္မ အႀကံညာဏ္ေလးလိုခ်င္လို႔ပါရွင့္
အမွန္အတိုင္းေျပာရရင္ ကို႔ရဲ႕လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ အငယ္ေတြ သူငယ္ခ်င္းေတြဆီက အႀကံညာဏ္ေတာင္းရမွာရွက္လို႔ပါ။
ကြၽန္မသိခ်င္တာကေလ ဒီအသက္အ႐ြယ္ထိ ကြၽန္မကိုအမွန္တကယ္စိတ္ဝင္စားသူတစ္ေယာက္မွ မရွိေသးတာပါ၊
ကြၽန္မက ႐ုပ္ရည္အေနနဲ႔လည္းမလွသည့္တိုင္ၾကည့္ေကာင္းပါတယ္။
အသားျဖဴၿပီး အရပ္ ၅ေပ၃မွာ ေပါင္ခ်ိန္ ၁၁၃ပါ ေျပာခ်င္တာက အရမ္းမဆိုးပါဘူးေပါ့ေနာ္။
ကြၽန္မက Master ဘြဲ႕ရတစ္ေယာက္ျဖစ္ၿပီး ဆရာမတစ္ေယာက္ပါ။
ကြၽန္မအိမ္ကလည္း အဆင္ေျပေျပအေနအထားရွိပါတယ္။
အခု အိမ္က အသက္၄၀မျပည့္ခင္အိမ္ေထာင္ျပဳပါ့လားတဲ့
ကြၽန္မအေနနဲ႔ အိမ္ေထာင္ျပဳဖို႔ဆိုတာက ကိုယ့္လာကမ္းလွမ္းမွေလ
အခုက ကြၽန္မကို လာေျပာသူစိတ္ဝင္စားသူ မရွိပါဘူး၊ လုပ္ငန္းခြင္မွာလည္းကြၽန္မကိုေလးစားခင္မင္တဲ့သူေပါေပမဲ့ အဲ့သလိုပုံစံ စိတ္ဝင္စားသူမရွိပါဘူး။
သုမ်ားေတြလို online အခ်စ္ဆိုတာကိုက် ကြၽန္မကလက္ေတြ႕သမားမို႔လားမသိဘူးမယုံရဲဘူးျဖစ္ေနတယ္
တစ္ခါသားသူငယ္ခ်င္းတစ္ေယာက္ကေတာ့ သ္ေဘာသားတစ္ေယာက္ပုံလာျပၿပီး ခ်က္ၾကည့္မလားေမးဘူးပါတယ္
အဲ့လို အပ်င္းေျပပုံစံလည္းကြၽန္မမလိုခ်င္ခဲ့ဘူးေလ။
ကြၽန္မက ကိုယ့္ကိုကိုယ္ ကို႔အလုပ္ေတြနဲ႔ ေနလာရာကေန အခုမွ အိမ္ကအဲ့လိုေျပာလာေတာ့ အလန္႔တၾကားစဥ္းစားေတာ့ ကြၽန္မက အဲ့ဒီဘက္မွာတကယ္ကိုမစြံတဲ့သူျဖစ္ေနပါတယ္။
အိမ္ကို ပြင့္ပြင့္လင္းလင္း ေျပာျပၿပီး ဒီအတိုင္းတစ္ေယာက္ထဲ ေနသြားသင့္လား၊
အိမ္ကလူေတြက စီစဥ္ေပးမယ္ဆိုရင္ေရာ စဥ္းစားသင့္လား တခါမွအခ်စ္မခံရဘူးပဲ အိမ္ေထာင္ျပဳသင့္လား။
အပ်ိဳႀကီး ဘဝကပဲ ထာဝရေကာင္းသလား စဥ္းစားေနရလို႔ပါ။
အႀကံညာဏ္ေလးေျပာျပေပးၾကပါ့လားရွင့္။