ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၆၃၀

ရင်ဖွင့်ချင်လို့ပါရှင့်တစ်ယောက်တည်းကြိတ်ခံစားနေရတော့မခံစားနူိင်တော့လို့ပါရှင့်။

ညီမကအိမ်ထောင်သည်ပါ။ညီမအမျိုးသားနဲ့ရည်စားဘ၀နဲ့အိမ်ထောင်သက်ပါဆိုရင်၁၀နှစ်ရှိပါပြီ။

ကလေးကတော့မရှိသေးပါဘူး။ညီမအပေါ်မှာစသိကတည်းကအဖေတစ်​ေယောက်လိုရောအကိုတစ်ယောက်လိုပါသိပ်ကိုကောင်းခဲ့တဲ့ယောကျ်ားပါ။

အိမ်ထောင်ကျပြီးနောက်ပိုင်းလည်းပြောင်းလဲခြင်းမရှိခဲ့ပါဘူး။

သူ့မိဘ​တွေရောသူ့ညီအကိုေမာင်နှမကပါကိုယ့်အပေါ်တကယ်ကောင်းကြပါတယ်။

ဖြစ်ပုံကလွန်ခဲ့တဲ့တစ်နှစ်ကစတာပါ။ကျမကအရင်ကအလုပ်ရှိပါတယ်။

ကိုဗစ်ကာလမှာအမျိုးသားကစိတ်မချလို့ဆိုပြီး အလုပ်ထွက်လိုက်ရတာခုဆိုအလုပ်မလုပ်ဖြစ်တာ၃နှစ်ကျော်ပါပြီ။

လွန်ခဲ့တဲ့၁နှစ်ေကျာ်ေလာက်ကကျမအမျိုးသားလည်းစီးပွားရေးအဆင်မပြေလို့ဆိုပြီးအလုပ်စုံလုပ်ခဲ့ရာမိတ်ဆွေအပေါင်းအသင်းအသစ်တွေရလာပါတယ်။

အဲလူတွေကမိန်းမလိုက်စားကျပါတယ်(ကျမလည်းနောက်မှသူ့တို့အကြောင်းသိရတာပါ)။

ကျမတို့လင်မယားချစ်ချစ်ခင်ခင်နေရင်လည်း”အကို မိန်းမဆိုတာအလိုလိုက်ရတာမဟုတ်ဘူး”စသည်ဖြင့်ပြောဆိုတာတွေကိုကျမအမျိုးသားပြန်ပြောလို့သိရပါတယ်။

သူ့တို့စိတ်ဓါတ်ကိုသဘောမကျပေမဲ့လည်းကျမအမျိုးသားကိုသူတို့နဲ့သတိထားပေါင်းလို့ပဲပြောခဲ့ပါတယ်။

နောက်ပိုင်းကျမအမျိုးသားကိုကောင်မလေးငယ်ငယ်လေးတွေနဲ့ချိတ်ဆက်ပေးပါတယ်။

(အဲဒါကတော့ကောင်မလေးဘက်ကစာပို့တာကိုကျမကိုယ်တိုင်တွေ့လိုက်လို့ပါ။ကျမအမျိုးသားဘက်ကတော့ဘာမှမဖြစ်သေးဘူး။)

နောက်တော့ကျမအမျိုးသားကblockလိုက်တော့ ကျမအမျိုးသားမိတ်ဆွေက ကျမအနားမှာရှိတာကိုမသိပဲ အကိုကဘာလို့လဲ ကောင်မလေးသနားပါတယ်ဘာညာ ပြောတာကို ကျမကိုယ်တိုင်ဘေးကကြားခဲ့ရတာပါ။

ဆိုတော့နောက်ပိုင်းကျမကသူ့တို့နဲ့မ​ေပေါင်းခိုင်းတော့ပါဘူး။ ဒါပေမဲ့အလုပ်မပြတ်သေးလို့ပြောပြီးကျမအမျိုးသားကခုထိသူတို့နဲ့ပေါင်းနေပါတယ်။

ပြီးတော့ခြေလှမ်းတွေစပျက်လာပါပြီ။ktvကိုသွားတာကျမပြန်သိတော့မသွားပါဘူးဘာညာငြင်းပြီး နောက်နေ့ကျမစောင့်ကြည့်တော့အဲသွားတာတော့မတွေ့တော့ဘူး။

(တခြားနေရာပြောင်းလားတော့မသိ)အပြင်ထွက်ရင်တခါမှဖုန်းမကိုင်ဖဲမနေတဲ့ယောကျ်ားကဖုန်းချက်ချင်းမကိုင်တာနဲ့အိမ်ပြန်နောက်ကျတာနဲ့ ကိုယ့်ဆိုစိတ်မရှည်တာနဲ့ဖြစ်လာပါပြီ။

အပြင်သွားစရာရှိလို့ သူနဲ့လိုက်ခဲ့မယ်ဆိုလည်းမခေါ်ပါဘူး။

(အရင်ကဘယ်သွားသွားခေါ်ပါတယ်)ခုကကိုယ်ကအမြဲတန်းအိမ်မှာတစ်ယောက်တည်းကျန်ခဲ့ရတယ်။

သူ့ဖုန်းကိုတော့​ေပေးကိုင်ပါတယ်။ဒါပေမဲ့ရှာတာဘာမှမတွေ့ဘူး။

အပြင်မှာထားနေပြီဆိုတာတော့ရင်ထဲမှာသိနေပြီ။ဒါပေမဲ့ဘယ်လိုလုပ်ရမလဲမသိဖြစ်နေလို့ အကြံဥာဏ်ပေးကြပါအုံးရှင့်။

လူလည်းစိတ်ဆင်းရဲလို့စားမ၀င်အိပ်မပျော်ပါပဲ။အပြင်သူနဲ့လိုက်မယ်ပြောတိုင်းေ၀့နေတာနဲ့ စကားများရတာအကြိမ်ကြိမ်ပါပဲ။

ကိုယ့်သွားချင်တဲ့နေရာတွေလိုက်ပို့ပေမဲ့ ကျန်တဲ့အချိန်သူဘာလုပ်လဲမသိလို့စိတ်ဆင်းရဲရပါတယ်။

စာရှည်သွားရင်တောင်းပန်ပါတယ်နော်။

ရင္ဖြင့္ခ်င္လို႔ပါရွင့္တစ္ေယာက္တည္းႀကိတ္ခံစားေနရေတာ့မခံစားႏူိင္ေတာ့လို႔ပါရွင့္။

ညီမကအိမ္ေထာင္သည္ပါ။ညီမအမ်ိဳးသားနဲ႔ရည္စားဘ၀နဲ႔အိမ္ေထာင္သက္ပါဆိုရင္၁၀ႏွစ္ရွိပါၿပီ။

ကေလးကေတာ့မရွိေသးပါဘူး။ညီမအေပၚမွာစသိကတည္းကအေဖတစ္​ေေယာက္လိုေရာအကိုတစ္ေယာက္လိုပါသိပ္ကိုေကာင္းခဲ့တဲ့ေယာက်္ားပါ။

အိမ္ေထာင္က်ၿပီးေနာက္ပိုင္းလည္းေျပာင္းလဲျခင္းမရွိခဲ့ပါဘူး။

သူ႔မိဘ​ေတြေရာသူ႔ညီအကိုေမာင္ႏွမကပါကိုယ့္အေပၚတကယ္ေကာင္းၾကပါတယ္။

ျဖစ္ပုံကလြန္ခဲ့တဲ့တစ္ႏွစ္ကစတာပါ။က်မကအရင္ကအလုပ္ရွိပါတယ္။

ကိုဗစ္ကာလမွာအမ်ိဳးသားကစိတ္မခ်လို႔ဆိုၿပီး အလုပ္ထြက္လိုက္ရတာခုဆိုအလုပ္မလုပ္ျဖစ္တာ၃ႏွစ္ေက်ာ္ပါၿပီ။

လြန္ခဲ့တဲ့၁ႏွစ္ေက်ာ္ေလာက္ကက်မအမ်ိဳးသားလည္းစီးပြားေရးအဆင္မေျပလို႔ဆိုၿပီးအလုပ္စုံလုပ္ခဲ့ရာမိတ္ေဆြအေပါင္းအသင္းအသစ္ေတြရလာပါတယ္။

အဲလူေတြကမိန္းမလိုက္စားက်ပါတယ္(က်မလည္းေနာက္မွသူ႔တို႔အေၾကာင္းသိရတာပါ)။

က်မတို႔လင္မယားခ်စ္ခ်စ္ခင္ခင္ေနရင္လည္း”အကို မိန္းမဆိုတာအလိုလိုက္ရတာမဟုတ္ဘူး”စသည္ျဖင့္ေျပာဆိုတာေတြကိုက်မအမ်ိဳးသားျပန္ေျပာလို႔သိရပါတယ္။

သူ႔တို႔စိတ္ဓါတ္ကိုသေဘာမက်ေပမဲ့လည္းက်မအမ်ိဳးသားကိုသူတို႔နဲ႔သတိထားေပါင္းလို႔ပဲေျပာခဲ့ပါတယ္။

ေနာက္ပိုင္းက်မအမ်ိဳးသားကိုေကာင္မေလးငယ္ငယ္ေလးေတြနဲ႔ခ်ိတ္ဆက္ေပးပါတယ္။

(အဲဒါကေတာ့ေကာင္မေလးဘက္ကစာပို႔တာကိုက်မကိုယ္တိုင္ေတြ႕လိုက္လို႔ပါ။က်မအမ်ိဳးသားဘက္ကေတာ့ဘာမွမျဖစ္ေသးဘူး။)

ေနာက္ေတာ့က်မအမ်ိဳးသားကblockလိုက္ေတာ့ က်မအမ်ိဳးသားမိတ္ေဆြက က်မအနားမွာရွိတာကိုမသိပဲ အကိုကဘာလို႔လဲ ေကာင္မေလးသနားပါတယ္ဘာညာ ေျပာတာကို က်မကိုယ္တိုင္ေဘးကၾကားခဲ့ရတာပါ။

ဆိုေတာ့ေနာက္ပိုင္းက်မကသူ႔တို႔နဲ႔မ​ေေပါင္းခိုင္းေတာ့ပါဘူး။ ဒါေပမဲ့အလုပ္မျပတ္ေသးလို႔ေျပာၿပီးက်မအမ်ိဳးသားကခုထိသူတို႔နဲ႔ေပါင္းေနပါတယ္။

ၿပီးေတာ့ေျခလွမ္းေတြစပ်က္လာပါၿပီ။ktvကိုသြားတာက်မျပန္သိေတာ့မသြားပါဘူးဘာညာျငင္းၿပီး ေနာက္ေန႔က်မေစာင့္ၾကည့္ေတာ့အဲသြားတာေတာ့မေတြ႕ေတာ့ဘူး။

(တျခားေနရာေျပာင္းလားေတာ့မသိ)အျပင္ထြက္ရင္တခါမွဖုန္းမကိုင္ဖဲမေနတဲ့ေယာက်္ားကဖုန္းခ်က္ခ်င္းမကိုင္တာနဲ႔အိမ္ျပန္ေနာက္က်တာနဲ႔ ကိုယ့္ဆိုစိတ္မရွည္တာနဲ႔ျဖစ္လာပါၿပီ။

အျပင္သြားစရာရွိလို႔ သူနဲ႔လိုက္ခဲ့မယ္ဆိုလည္းမေခၚပါဘူး။

(အရင္ကဘယ္သြားသြားေခၚပါတယ္)ခုကကိုယ္ကအၿမဲတန္းအိမ္မွာတစ္ေယာက္တည္းက်န္ခဲ့ရတယ္။

သူ႔ဖုန္းကိုေတာ့​ေေပးကိုင္ပါတယ္။ဒါေပမဲ့ရွာတာဘာမွမေတြ႕ဘူး။

အျပင္မွာထားေနၿပီဆိုတာေတာ့ရင္ထဲမွာသိေနၿပီ။ဒါေပမဲ့ဘယ္လိုလုပ္ရမလဲမသိျဖစ္ေနလို႔ အႀကံဥာဏ္ေပးၾကပါအုံးရွင့္။

လူလည္းစိတ္ဆင္းရဲလို႔စားမ၀င္အိပ္မေပ်ာ္ပါပဲ။အျပင္သူနဲ႔လိုက္မယ္ေျပာတိုင္းေ၀့ေနတာနဲ႔ စကားမ်ားရတာအႀကိမ္ႀကိမ္ပါပဲ။

ကိုယ့္သြားခ်င္တဲ့ေနရာေတြလိုက္ပို႔ေပမဲ့ က်န္တဲ့အခ်ိန္သူဘာလုပ္လဲမသိလို႔စိတ္ဆင္းရဲရပါတယ္။

စာရွည္သြားရင္ေတာင္းပန္ပါတယ္ေနာ္။