ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၆၃၁

ညီမကအိမ်ထောင်သည်ပါ ကလေးနှစ်ယောက်ရှိပါတယ်

အခုကအိမ်ထောင်ရေးကိစ္စမဟုတ်ပါဘူးမင်မင်

အမေနဲ့အဖေပါ အခုညီမက ကိုယ့်အိမ်နဲ့ကိုနေပါတယ်

အမေကငယ်ငယ်ကထဲက ညီမကို အမျိုးမျိုးအရှက်ခွဲနှိပ်စက်ခဲ့ပါတယ်

အခုတော့ညီမက အဆင်ပြေတော့ နဲနဲကောင်းစပြုသလိုပါပဲ ညီမရဲ့ညီမကအိမ်မှာလာနေပါတယ်

အမေကနယ်ကပါ အခုအိမ်ရောက်နေပါတယ် ညီမရဲ့ညီမလေးက သူ့ကြိုက်ပါတယ်

ယူမယ်ပြောတဲ့ယောကျ်ားတိုင်းလိုက်အိပ်ပါတယ် လိုက်အိပ်တာလည်းတစ်ပတ်ဆယ်ရက်ပါ

အဲ့လိုတေလုပ်လွန်းလို့ညီမကပြောပါတယ် အဲ့ဒါအမေကသူ့သမီးပြောရမလားဆိုပီး သူရန်ကုန်လာတာပဲမှားပါတယ်

ဆိုပီးအော်ဟစ်ပီးအရှက်ခွဲပါတယ် ညီမကလည်းမနေတတ်သူပါ

ညီမရဲ့ညီမ ကယောကျ်ားတကာနဲ့လိုက်အိပ်ပီးပြန်လာတာကိုညီမကိုတခွန်းမစကားမပြောပါဘူး

သူလုပ်ချင်ရာလုပ်တာပါ ညီမရဲ့အိမ်မှာနေပီး အခုလိုတေလုပ်တာဘယ်လိုမှသည်းမခံလို့ပြောလိုက်မိတာ ကို

အမေက သူ့သမီးပြောရင်မကြိုက်ပါဘူး

သူ့သမီးဘယ်လောက်အမှားလုပ်လုပ်အမှားလို့မမြင်ပါဘူး

အခုကစိတ်ဆင်းရဲတာက အမေကိုယ်တိုင်ကိုကဘက်လိုက်နေတော့စိတ်တရက်မှမချမ်းသာပါဘူး

ညီမကိုကဒီလိုမိဘမျိုးနဲ့တွေ့တာကိုက ဘယ်ဘဝကဝဋ်ကျွေးတေလဲမသိတော့ပါဘူး







ယူမယ်ပြောတဲ့ယောက်ျားတိုင်းလိုက်အိပ်ပါတယ် လိုက်အိပ်တာလည်းတစ်ပတ်ဆယ်ရက်ပါ



ညီမရဲ့ညီမ ကယောက်ျားတကာနဲ့လိုက်အိပ်ပီးပြန်လာတာကိုညီမကိုတခွန်းမစကားမပြောပါဘူး




