စိတ်ဆင်းရဲနေလို့ပါမင်မင်
အကြောင်းအရာက ကျမမှာ လက်ရှိ နယ်က မိဘအိမ် ရှိပါတယ်
အမျိုးသား က စီးပွားရှာ ကောင်းတော့ ရန်ကုန် မြို့ တမြို့မှာ လုံးချင်း အိမ်လေး ဝယ်လိုက်တယ်ပေါ့
ဖြစ်ချင်တော့ အမျိုးသား အကို မိသားစု အခန်းငှားနေရတာ မကြည့်ရက်လို့ ခေါ်ထားမိတယ်ပေါ့
အိမ်စောင့် သဘောမျိုးပါ ဘာ အခန်းခ ဘာခ ညာခ မပေးရပါဘူး
ဆန်ဆို ပေါ်ဆန်းမွှေး မှ ကျမ အိတ်လိုက်ထောင်ပေးပါတယ် ဆီ ၁၀ ပိသာ ပုံး အ့လိုဝယ်တာပါ
နေ့စဥ် ဟင်းဖိုး အနိမ့်ဆုံး တသောင်း ပေးပါတယ်
ကြာလာတော့ ကျမမှာ မစုမိတော့ဘူး အမျိုးသား အကိုကလည်း အလုပ်မရှိ ထိုင်စား အေးဆေး နေထိုင်ရင် မပြောလိုပါဘူး
တနေ့ တနေ့ ဘယ်ဟာကဘလို ဗျစ်တောက် မျည်တွန် နေတာ ကျမ နားမခံနိုင်တော့ဘူးပေါ့
အမျိုးသား ပြောပြရအောင်လည်း သူ့အလုပ်က စိတ်ပင်ပန်းလို့ မပြောတာပါ
ရေရှည် ဘလိုမှ မနေနိုင်တော့ဘူး အိမ်မှာ ဆက်ထားဖို့ အဆင်မပြေဘူးရယ်
အ့တာ ဘလို လုပ်ရမလည်း မျှဝေပေးပါလို့
ကျမမှာ ခလေး ၂နှစ်သားလေးနဲ့ အလုပ်က မရှိ လမ်းပျောက်နေပီ မင်မင်
မျက်နှာ ပြောင်တိုက်ပီး နေနေတဲ့ မိသားစု အိမ်ပေါ်က သူ့အလိုလို
ဆင်းသွားမဲ့ ယတြာလေးများရှိရင်လည်း မန့်ပေးပါ ညီမ တို့ရေ