မမတို့ရေ ညီမတခုလောက်မေးချင်လို့ပါရှင့် ညီမလိုလူမျိုး ဒီကမ္ဘာမှာ နောက်တယောက်တောင်မရှိနိုင်ဘူးထင်ပါတယ်
ကူညီ အကြံညဏ်လေးပေးကြပါအုန်းရှင့် စာရှည်မှာမို့လို့ အဆုံးထိဖတ်ဖြစ်အောင်ဖတ်ပေးကြဖို့မေတ္တာရပ်ခံပါတယ်
ညီမအသက်၁၇မပြည့်ခင်မှာ ညီမအမျိုးသားနဲ့ ချစ်သူဖြစ်ပါတယ် သူနဲ့ညီမက အသက်၉နှစ်ကွာပါတယ်
ညီမက.သူ့ကိုမြင်မြင်ချင်းကထဲက ချစ်ခဲ့တာပါ
သူစကားလိုက်ပြောတဲ့နေ့ကထဲက တခါမှမမြင်ဖူးပဲနဲ့ကို ရင်တွေခုန်ခဲ့တာပါ
သူမှာ အကိုနှစ်ယောက် ညီမတစ်ယောက်ရှိပါတယ်
သူတို့မောင်နှမ ၄ ယောက် စလုံး ငယ်ငယ်လေးကထဲက အဖေယောအမေယော အမပါဆုံးခဲ့တာပါ
သူ့ညီမအငယ်က ၃နှစ်လောက်ပေါ လိုရင်းကအခုမှစပြောမှာပါရှင့်
ညီမတို့ချစ်သူဖြစ်ပီး သိပ်မကြာခင် သူ့မွေးနေ့ရောက်တော့ ညီမ သူပျော်အောင်ကိတ်နဲ့ စပရိုက်လုပ်ပါတယ်
အဲနေ့မှာ သူ့ညီမနဲ့သူ့ရဲ့ဆက်ဆံရေးကိုစမြင်တော့တာပါပဲ သူညီမက သူ့ကို ကိုကိုဆိုပီးအရမ်းချွဲပါတယ်
ဖက်တယ်နမ်းတယ် သူ့ညီမထက်ညီမကတစ်နှစ်ငယ်ပါတယ်
သုကအဲလိုလုပ်တော့ ညီမ အရမ်းကိုသဝန်တိုခဲ့ပါတယ်
အဲတုန်းကတောကိုယ့်ကိုယ့် ငယ်သေးလို့မရင့်ကျက်သေးလို့ တိုတာပဲနေမှာလို့ထင်ခဲ့တာပါ
အခုဆို ညီမအသက်၂၂တောင်ရှိပါပီ အသက်၁၉နှစ်မှာလက်ထပ်ခဲ့တာပါ
ခုထိ သဝန်တိုနေတုန်းပဲမို့လို့ ဖြစ်သင့်ရဲ့လားလို့မေးချင်တာပါ
ခုနောက်ပိုင်းဆို သူ့ညီမတယောက်ထဲမဟုက်ထဲမဟုက်ပဲ သူ့ကိုချစ်တယ်လို့ပြောတဲ့သူမှန်သမျှကိုညီမအကုန်အမြင်ကပ်နေမိတာပါ
သူ့အကိုနှစ်ယောက် သူ့ရဲ့တူမတွေ သူ့အဒေါ် ဦးလေးတွေက သူ့ကိုချစ်တယ်ပြောရင်ကိုညီမလုံးဝမကြိုက်တော့တာပါ
အဲဒါက ဘယ်လိုသဝန်တိုတာမျိုးလဲရှင် သူညီမက ဖုန်းနဲ့ဆက်ပီးချွဲရင်လဲညီမ မကြိုက်ပါဘူး
ပလီပလာ နဲ့ချွဲနွဲမှာမျိုးကို ရှေ့မှာယော ကွယ်ရာမှာပါလုပ်မှာအရမ်းကြောက်နေမိပီး စိတ်ထဲပူလောင်နေပါတယ်
သူတို့အနီးကပ်နေရင်ကိုလုံးဝမကြိုက်တာပါ
အမတို့မြင်အောင်ပြောပြရရင် သူရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းတွေပါ လှုပ်ခါနေအောင် မူနွဲ့နေတာပါ
သူ့အသက်ကအခု၂၃တောင်ရောက်နေပါပီ ဖြစ်သင့်ရဲ့လားရှင့်
သူ့အသက်အရွယ်နဲ့ ဆိုးနွဲ့သင့်ရဲ့လား ဖြစ်နိုင်ရင် ညီမတေေယာက်ထဲပဲ ဆိုးနွဲ့ချင်တာပါ
ညီမကသူတို့ကို ေပးစားတာလဲမဟုက်ပါဘူး သူ့ကိုညီမသဝန်တိုတာကရိုးရိုးလေးပါ
ညီမရဲ့ယောက်ကျားကိုအကိုလိုချစ်တယ်အဖေလိုလဲချစ်တယ်
ဘဝမှာတခါမှမရဖူးတဲ့ အဖေလိုမေတ္တာမျိုးအကိုလိုမေတ္တာမျိုးသူပေးနိုင်တယ်
ဖြစ်နိုင်ရင် သူ့ဘဝမှာ အချစ်ရဆုံးအမျိုးသမီးက ညီမတယောက်ထဲ ဖြစ်စေချင်တာပါ
အတ္တဆန်ပေမဲ့ညိမ မှန်နေတယ်လို့ပဲစိတ်ကတထစ်ချယုံကြည်နေလို့ပါ
ညီမက သူ့ကိုမုန့်ဖိုးပေးတာဘာညာ ဘာမှကိုစိတ်မဝင်စားပါဘူး
သူ့မှာဒီအကိုတွေပဲအားကိုး စရာရှိတယ်ဆိုတာနားလည်လို့ ဘာမှကိုမပြောပါဘူး
ညီမက သူများတွေပြောတဲ့သဝန်ကြောင်တယ်ဆိုတဲ့ထဲများပါနေလားရှင့်ဖြေပေးကြပါနော် please
သူ့အသက်အရွယ်နဲ့ ဆိုးနွဲ့သင့်ရဲ့လား ဖြစ်နိုင်ရင် ညီမတေယောက်ထဲပဲ ဆိုးနွဲ့ချင်တာပါ
ညီမကသူတို့ကို ပေးစားတာလဲမဟုက်ပါဘူး သူ့ကိုညီမသဝန်တိုတာကရိုးရိုးလေးပါ