ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၆၃၅

ညီမနဲ့သူနဲ့ကအိမ်ထောင်သက် ခြောက်နှစ်ပြည့်တော့မှာပါ

ညီမတို့အိမ်ထောင်စကျကတည်းက ဘဝကို 1ကနေစတာပါ

ညီမကကျောင်းမပြီးသေးတော့သူကဆက်ထားပေးခဲ့တယ်

သမာအာစီဝကျကျနဲ့ရှာကျွေးခဲ့ပါတယ်အဲ့လိုနဲ့ ကိုဗစ်တွေဖြစ်တော့ညီမလဲကျောင်းဆက်မတက်တော့ဘဲအိမ်မှာပဲနေဖြစ်ပါတယ်

သူ့ဆွေမျိုးတွေနဲ့ကလဲညီမနဲ့ကတောက်ကစ အမြဲလိုလိုဖြစ်ပါတယ်

နေထိုင်ရာဒေသတွေမတူလို့ပဲနေမှာပါ ညီမကနှစ်ယောက်တည်းတူတူဘဝကိုဖြတ်သန်းချင်တာပါသူကအဲ့လိုမဟုတ်ဘူး

ဆွေတွေမျိုးတွေနဲ့သိုက်သိုက်ဝန်းဝန်းနေချင်တာ ကလေးလဲမယူချင်သေးလို့ညီမကငယ်သေးတော့ သူကတော့လိုချင်တယ်

သူကအသောက်အစားအရမ်းတော့မရှိပါဘူး ညီမကမကြိုက်တော့

သူက limit နဲ့လုပ်ခိုင်းတာပါ တခါတလေခိုးသောက်ပါတယ်

အဲ့လိုတွေသောက်တိုင်းလဲ ပြသာနာအမြဲလိုလိုဖြစ်ပါတယ်

ညီမကသူ့ကိုအမြဲလိုလိုချုပ်ချယ်မိပါတယ် ဟိုသွားရင်မကြိုက်ဟိုဟာမလုပ်နဲ့ဆိုပြီးအဲ့ဒါကလဲသူ့ကိုချစ်လို့ပါ

အခုနောက်ပိုင်းအလုပ်ကအဆင်ပြေတော့ suzuki ကားလေးအလုပ်အတွက်လိုလို့ဝယ်ထားလိုက်တယ်

အဲ့ဒါကစတာပဲလို့တော့ထင်တယ် စီးပွားရေးလေးလဲအဆင်ပြေကာစ ကားလေးလဲရှိတော့ သူကနဲနဲ ပွေရှုပ်ချင်လာပါတော့တယ်

အခုလဲညီမကိုစိတ်ကုန်လာပြီတဲ့ ခဏ ခွဲနေကြရအောင်တဲ့ သူမပြတ်နိုင်ရင်တော့ပြန်ပေါင်းကြမယ်တဲ့လေ

ညီမသူ့ကိုမပြတ်နိုင်ဘူး နင့်ကိုအရင်ကအရမ်းချုပ်ချယ်ခဲ့တာတွေမှားမှန်းငါသိတယ်ငါပြင်မယ်ဆိုတော့လဲ သူလက်မခံဘူး

အခုသူကကောင်မလေးတွေနဲ့ရောကြည့်နေတယ်ညီမကိုတကယ်ချစ်မချစ်စမ်းကြည့်နေတာတဲ့ ညီမသူ့ကိုမပြတ်နိုင်ဘူး

ဘယ်လိုလုပ်ရမလဲ အကြံဥာဏ်လေးတွေပေးကြပါဦးရှင်

သူကစိတ်ကုန်တယ်ဆိုတာညီမချုပ်ချယ်တာတွေကိုပါ

ညီမက ပုံပျက်ပန်းပျက်ဖြစ်နေလို့မဟုတ်ပါဘူးရှင့် တော်တော်ကြည့်ကောင်းတဲ့ထဲမှာပါပါတယ်

ညီမနဲ႔သူနဲ႔ကအိမ္ေထာင္သက္ ေျခာက္ႏွစ္ျပည့္ေတာ့မွာပါ

ညီမတို႔အိမ္ေထာင္စက်ကတည္းက ဘဝကို 1ကေနစတာပါ

ညီမကေက်ာင္းမၿပီးေသးေတာ့သူကဆက္ထားေပးခဲ့တယ္

သမာအာစီဝက်က်နဲ႔ရွာေကြၽးခဲ့ပါတယ္အဲ့လိုနဲ႔ ကိုဗစ္ေတြျဖစ္ေတာ့ညီမလဲေက်ာင္းဆက္မတက္ေတာ့ဘဲအိမ္မွာပဲေနျဖစ္ပါတယ္

သူ႔ေဆြမ်ိဳးေတြနဲ႔ကလဲညီမနဲ႔ကေတာက္ကစ အၿမဲလိုလိုျဖစ္ပါတယ္

ေနထိုင္ရာေဒသေတြမတူလို႔ပဲေနမွာပါ ညီမကႏွစ္ေယာက္တည္းတူတူဘဝကိုျဖတ္သန္းခ်င္တာပါသူကအဲ့လိုမဟုတ္ဘူး

ေဆြေတြမ်ိဳးေတြနဲ႔သိုက္သိုက္ဝန္းဝန္းေနခ်င္တာ ကေလးလဲမယူခ်င္ေသးလို႔ညီမကငယ္ေသးေတာ့ သူကေတာ့လိုခ်င္တယ္

သူကအေသာက္အစားအရမ္းေတာ့မရွိပါဘူး ညီမကမႀကိဳက္ေတာ့

သူက limit နဲ႔လုပ္ခိုင္းတာပါ တခါတေလခိုးေသာက္ပါတယ္

အဲ့လိုေတြေသာက္တိုင္းလဲ ျပသာနာအၿမဲလိုလိုျဖစ္ပါတယ္

ညီမကသူ႔ကိုအၿမဲလိုလိုခ်ဳပ္ခ်ယ္မိပါတယ္ ဟိုသြားရင္မႀကိဳက္ဟိုဟာမလုပ္နဲ႔ဆိုၿပီးအဲ့ဒါကလဲသူ႔ကိုခ်စ္လို႔ပါ

အခုေနာက္ပိုင္းအလုပ္ကအဆင္ေျပေတာ့ suzuki ကားေလးအလုပ္အတြက္လိုလို႔ဝယ္ထားလိုက္တယ္

အဲ့ဒါကစတာပဲလို႔ေတာ့ထင္တယ္ စီးပြားေရးေလးလဲအဆင္ေျပကာစ ကားေလးလဲရွိေတာ့ သူကနဲနဲ ေပြရႈပ္ခ်င္လာပါေတာ့တယ္

အခုလဲညီမကိုစိတ္ကုန္လာၿပီတဲ့ ခဏ ခြဲေနၾကရေအာင္တဲ့ သူမျပတ္ႏိုင္ရင္ေတာ့ျပန္ေပါင္းၾကမယ္တဲ့ေလ

ညီမသူ႔ကိုမျပတ္ႏိုင္ဘူး နင့္ကိုအရင္ကအရမ္းခ်ဳပ္ခ်ယ္ခဲ့တာေတြမွားမွန္းငါသိတယ္ငါျပင္မယ္ဆိုေတာ့လဲ သူလက္မခံဘူး

အခုသူကေကာင္မေလးေတြနဲ႔ေရာၾကည့္ေနတယ္ညီမကိုတကယ္ခ်စ္မခ်စ္စမ္းၾကည့္ေနတာတဲ့ ညီမသူ႔ကိုမျပတ္ႏိုင္ဘူး

ဘယ္လိုလုပ္ရမလဲ အႀကံဥာဏ္ေလးေတြေပးၾကပါဦးရွင္

သူကစိတ္ကုန္တယ္ဆိုတာညီမခ်ဳပ္ခ်ယ္တာေတြကိုပါ

ညီမက ပုံပ်က္ပန္းပ်က္ျဖစ္ေနလို႔မဟုတ္ပါဘူးရွင့္ ေတာ္ေတာ္ၾကည့္ေကာင္းတဲ့ထဲမွာပါပါတယ္