ညီမပြောပြချင်တာ အိမ်ထောင်ရေးအချစ်ရေးမဟုတ်ပါဘူး
ညီမက အသက်အားဖြင့် ၂၁ လောက်ပဲရှိသေးတာမို့ အမှားလုပ်မိမှာဆိုးလို့ ကူဆုံးဖြတ်ပေးပါ
ညီမက ငယ်ငယ် ကတည်းကအဒေါ်တစ်ယောက်ဆီမှာနေရပါတယ်
မိဘတွေမရှိတော့လို့ပါ အဒေါ်က ကျွေးထားမွေးထားရတာ ကြည်ပေမယ့် သူ့သမီးက မကြည်တာမို့
ထမင်းစားလို့အသားဟင်းချက်ရင်တောင် အရိုးကပ်အသားတွေပဲကျွေးတာတို့ ဟင်းကိုဖွက်ထားတာတို့လုပ်ပါတယ်
ညီမ အသက် ၁၃ လောက်ရောက်တော့ အဒေါ်က စီးပွားရေးအဆင်မပြေလို့ နောက်ထပ်အဒေါ်တစ်ယောက်အိမ်မှာ သွားနေရပါတယ်
အဲ့အဒေါ်ကစစချင်းကတည်းက ကျောင်းမုန့်ဖိုးကို တစ်ရက် ၅၀၀ ပေးရတာကို သူရက်တိုင်းပေးရရင်စိတ်တိုပြီးဆဲတာမို့
နှစ်ရက်လောက်ပဲတောင်းပြီး တစ်ပတ်လုံးလောက်အောင် သုံးပါတယ်
စိတ်ထဲမှာလဲ ဪသူငါ့ကိုကျူရှင်တွေထားပေးတာပဲ ထမင်းလဲကျွေးထားတာပဲဆိုပြီး မုန့်ဖိုးလဲသိပ်မတောင်းဖြစ်ပါဘူး
နောက်ပိုင်း ၁၀ တန်းရောက်တော့လဲ မေးခွန်းဟောင်းစာအုပ်ဝယ်ဖို့ လိုတာမို့တောင်းရင်လဲဆူ အဆောင်နေရတာမို့
တစ်ခါတစ်လေဆိုတစ်ပတ်လုံးနေလို့ မုန့်ဖို့ကို မတွေ့ဖြစ်လို့ မတောင်းရင် မပေးပါဘူး
အရင်ကအဒေါ်ကမနေနိုင်တော့သူ့မိသားစုအဆင်မပြေတဲ့ကြားကနေ ၁၀၀၀ဖြစ်ဖြစ် ၂၀၀၀ ဖြစ်ဖြစ်အဲ့လိုပေးပါတယ်
(အမြဲ တစ်ခုခုလိုလို့တောင်းတိုင်း မျက်ရည်နဲ့မျက်ခွက်ဖြစ်အောင်တောင်းရပါတယ်)
အခု နောက်ပိုင်း ဒီလိုရောဂါတွေ နိုင်ငံရေးတွေဖြစ်တော့ အိမ်မှာပဲနေရတာမို့ အိမ်အလုပ်တွေအကုန်လုပ်ပေးပါတယ်
ညီမကအိပ်ရာစောစောမထနိုင်ပါဘူး ၇ နာရီလောက်မှနိုးပါတယ် ဒါပေမဲ့ အလုပ်တွေအကုန်လုပ်ပေးပါတယ်
သူညီမကိုသူစိတ်မကြည်တိုင်း ဆူပါတယ် ဆူတယ်ဆိုတာကလဲ ရိုးရိုးမဟုတ်ပါဘူး တိရစ္ဆာန် တွေ နဲ့နှိုင်းတာပါ
အဆိုးဆုံးကတော့ ညီမနဲ့သူပဲရှိနေတဲ့အချိန်ဆို ညီမကို အသံမာမာတွေနဲ့ပြောပြီး
ညီမက ဘာဖြစ်လို့အဲ့လိုပြောရတာလဲ ဘာအမှားလုပ်မိလို့လဲမေးရင် ပတ်ဝန်းကျင်အိမ်တွေကကြားအောင် ငါကပဲမှားပါတယ်
ငါ့ကိုခွင့်လွှတ်ပါအဲ့လိုအော်ပြီး အကျယ်ကြီးပြောပါတယ်
ညီမကိုရိုင်းသလိုပုံစံမျိုးလုပ်တာပါ ကြာတော့ညီမလဲရှက်ပါတယ်
တအားပဲစိတ်တွေအဆင်မပြေတော့လို့ အိမ်ကနေထွက်ပြေးပြီး အလုပ်လုပ်ချင်ပေမဲ့ ကျောင်းကလဲတစ်ပိုင်းတစ်စနဲ့ပါ
သူငယ်ချင်းအပေါင်းသင်းဆိုတာလဲမရှိပါဘူး ငယ်ငယ်ကတည်းက သူငယ်ချင်းတွေလည်ရင်ပေးမလိုက်ပါဘူး
သူငယ်ချင်းအိမ်လိုက်လည်လဲမရပါဘူးအိမ်ကိုခေါ်လာလဲမကြိုက်ပါဘူး
အခုညီမမှာကောင်လေးရှိတာမို့ နည်းနည်းပါးပါးခင်တဲ့အကြောင်းသိ အမတွေက ကောင်လေးနဲ့ယူလိုက်ဖို့ပြောပေမဲ့
ညီမ မယူချင်ပါဘူး ညီမ ဘဝကိုတိုးတတ်အောင်လုပ်ချင်ပါသေးတယ်
အခုလုံးဝအဆင်မပြေတော့တာမို့ အိမ်ကထွက်ပြီးရရာ အလုပ်လုပ်ရမလား ဆက်နေရမလား ဆုံးဖြတ်ခတ်နေပါတယ်
ညီမေျပာျပခ်င္တာ အိမ္ေထာင္ေရးအခ်စ္ေရးမဟုတ္ပါဘူး
ညီမက အသက္အားျဖင့္ ၂၁ ေလာက္ပဲရွိေသးတာမို႔ အမွားလုပ္မိမွာဆိုးလို႔ ကူဆုံးျဖတ္ေပးပါ
ညီမက ငယ္ငယ္ ကတည္းကအေဒၚတစ္ေယာက္ဆီမွာေနရပါတယ္
မိဘေတြမရွိေတာ့လို႔ပါ အေဒၚက ေကြၽးထားေမြးထားရတာ ၾကည္ေပမယ့္ သူ႔သမီးက မၾကည္တာမို႔
ထမင္းစားလို႔အသားဟင္းခ်က္ရင္ေတာင္ အ႐ိုးကပ္အသားေတြပဲေကြၽးတာတို႔ ဟင္းကိုဖြက္ထားတာတို႔လုပ္ပါတယ္
ညီမ အသက္ ၁၃ ေလာက္ေရာက္ေတာ့ အေဒၚက စီးပြားေရးအဆင္မေျပလို႔ ေနာက္ထပ္အေဒၚတစ္ေယာက္အိမ္မွာ သြားေနရပါတယ္
အဲ့အေဒၚကစစခ်င္းကတည္းက ေက်ာင္းမုန႔္ဖိုးကို တစ္ရက္ ၅၀၀ ေပးရတာကို သူရက္တိုင္းေပးရရင္စိတ္တိုၿပီးဆဲတာမို႔
ႏွစ္ရက္ေလာက္ပဲေတာင္းၿပီး တစ္ပတ္လုံးေလာက္ေအာင္ သုံးပါတယ္
စိတ္ထဲမွာလဲ ဪသူငါ့ကိုက်ဴရွင္ေတြထားေပးတာပဲ ထမင္းလဲေကြၽးထားတာပဲဆိုၿပီး မုန႔္ဖိုးလဲသိပ္မေတာင္းျဖစ္ပါဘူး
ေနာက္ပိုင္း ၁၀ တန္းေရာက္ေတာ့လဲ ေမးခြန္းေဟာင္းစာအုပ္ဝယ္ဖို႔ လိုတာမို႔ေတာင္းရင္လဲဆူ အေဆာင္ေနရတာမို႔
တစ္ခါတစ္ေလဆိုတစ္ပတ္လုံးေနလို႔ မုန႔္ဖို႔ကို မေတြ႕ျဖစ္လို႔ မေတာင္းရင္ မေပးပါဘူး
အရင္ကအေဒၚကမေနႏိုင္ေတာ့သူ႔မိသားစုအဆင္မေျပတဲ့ၾကားကေန ၁၀၀၀ျဖစ္ျဖစ္ ၂၀၀၀ ျဖစ္ျဖစ္အဲ့လိုေပးပါတယ္
(အၿမဲ တစ္ခုခုလိုလို႔ေတာင္းတိုင္း မ်က္ရည္နဲ႔မ်က္ခြက္ျဖစ္ေအာင္ေတာင္းရပါတယ္)
အခု ေနာက္ပိုင္း ဒီလိုေရာဂါေတြ ႏိုင္ငံေရးေတြျဖစ္ေတာ့ အိမ္မွာပဲေနရတာမို႔ အိမ္အလုပ္ေတြအကုန္လုပ္ေပးပါတယ္
ညီမကအိပ္ရာေစာေစာမထႏိုင္ပါဘူး ၇ နာရီေလာက္မွႏိုးပါတယ္ ဒါေပမဲ့ အလုပ္ေတြအကုန္လုပ္ေပးပါတယ္
သူညီမကိုသူစိတ္မၾကည္တိုင္း ဆူပါတယ္ ဆူတယ္ဆိုတာကလဲ ႐ိုး႐ိုးမဟုတ္ပါဘူး တိရစာၦန္ ေတြ နဲ႔ႏႈိင္းတာပါ
အဆိုးဆုံးကေတာ့ ညီမနဲ႔သူပဲရွိေနတဲ့အခ်ိန္ဆို ညီမကို အသံမာမာေတြနဲ႔ေျပာၿပီး
ညီမက ဘာျဖစ္လို႔အဲ့လိုေျပာရတာလဲ ဘာအမွားလုပ္မိလို႔လဲေမးရင္ ပတ္ဝန္းက်င္အိမ္ေတြကၾကားေအာင္ ငါကပဲမွားပါတယ္
ငါ့ကိုခြင့္လႊတ္ပါအဲ့လိုေအာ္ၿပီး အက်ယ္ႀကီးေျပာပါတယ္
ညီမကို႐ိုင္းသလိုပုံစံမ်ိဳးလုပ္တာပါ ၾကာေတာ့ညီမလဲရွက္ပါတယ္
တအားပဲစိတ္ေတြအဆင္မေျပေတာ့လို႔ အိမ္ကေနထြက္ေျပးၿပီး အလုပ္လုပ္ခ်င္ေပမဲ့ ေက်ာင္းကလဲတစ္ပိုင္းတစ္စနဲ႔ပါ
သူငယ္ခ်င္းအေပါင္းသင္းဆိုတာလဲမရွိပါဘူး ငယ္ငယ္ကတည္းက သူငယ္ခ်င္းေတြလည္ရင္ေပးမလိုက္ပါဘူး
သူငယ္ခ်င္းအိမ္လိုက္လည္လဲမရပါဘူးအိမ္ကိုေခၚလာလဲမႀကိဳက္ပါဘူး
အခုညီမမွာေကာင္ေလးရွိတာမို႔ နည္းနည္းပါးပါးခင္တဲ့အေၾကာင္းသိ အမေတြက ေကာင္ေလးနဲ႔ယူလိုက္ဖို႔ေျပာေပမဲ့
ညီမ မယူခ်င္ပါဘူး ညီမ ဘဝကိုတိုးတတ္ေအာင္လုပ္ခ်င္ပါေသးတယ္
အခုလုံးဝအဆင္မေျပေတာ့တာမို႔ အိမ္ကထြက္ၿပီးရရာ အလုပ္လုပ္ရမလား ဆက္ေနရမလား ဆုံးျဖတ္ခတ္ေနပါတယ္