ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၆၃၇

ရင်ထဲမှာ အရမ်းမွန်းကြပ်ပြီးကိုယ်တိုင်လဲအရမ်းပင်ပန်းနေပြီမို့ပါ ပထမဆုံးအနေနဲ့ရင်ဖွင့်တာမို့အမှားပါခဲ့ရင်ခွင့်လွှတ်ပေးပါရှင်

ကျွန်မတို့အိမ်ထောင်သက်တမ်း ၄ နှစ်ပါရှင် ။အမျိုးသားနဲ့ကျွန်မကအသက်၆နှစ်ကွာတဲ့အိမ်ထောင်ရေးပါ။

သူက ၃၂နှစ် ကျွန်မက ၂၅ ပါရှင်.

အိမ်ထောင်ဆိုတာထက် living together ကနေ စာချုပ်မှာနှစ်ဦးသဘောတူလက်မှတ်ထိုးခဲ့ကြတာပါ။

နဂိုကပဲ ကိုရီးယားမှာအလုပ်လုပ်ဖို့ကြိုးစားနေသူမို့ လက်မှတ်ထိုးပြီး သုံးလအကြာမှာ သူဟာပြည်ပကိုအလုပ်လုပ်ဖို့ထွက်သွားခဲ့တယ် ။

သူထွက်သွားပြီး ၁ လအကြာမှာ ကျွန်မမှာ ကိုယ်ဝန် ၂ လ ရှိနေခဲ့တယ် ။

နှစ်ယောက်တည်းဘဝမှာ အိမ်မက်တွေက သူက ကိုရီးယားမှာ အလုပ်လုပ်ပိုက်ဆံစု ကျွန်မကိုလဲ ဂျပန်ထွက် အလုပ်လုပ်ပြီး ပိုက်ဆံရှာဖို့ပေါ့။

ဒါပေမယ့် မထင်မှတ်ပဲ ကိုယ်ဝန်ရှိလာတော့ သင်တန်းတဖက်နဲ့ ကျန်ခဲ့တဲ့ ကျွန်မ ဘာမှမဆုံးဖြတ်ရဲလို့ သူ့ကိုသေချာတိုင်ပင်ပါတယ် ။

သူကတော့ မွေးရင်လဲ သဘော ဖျတ်ချမယ်ဆိုလဲသဘောပေါ့

Ultrasound ရိုက်ကြည့်တော့ ကလေးလေးကနှလုံးခုန်နေပြီဆိုတော့ ကျွန်မလူပီသတဲ့စိတ်နဲ့ မဖျတ်ချခဲ့ပါဘူး။

သူထွက်သွားတဲ့အချိန်မှာ သင်တန်းနဲ့နီးအောင်ဆိုပြီး ကျွန်မလဲတစ်ယောက်တည်းဖြစ်နေတာနဲ့ ငှါးထားတဲ့တိုက်ခန်းကိုပြန်အပ်ပြီး သင်တန်းနဲ့နီးရာမှာ အဆောင်နေခဲ့တယ်။

အဆောင်နေရင်း Morning sickness ကို ၆ လလောက်အထိနေ့ရောညပါခံစားနေရတော့ သင်တန်းကိုနားလိုက်ရတယ်။

သူ့မိဘကရန်ကုန်မှာဆိုပေမယ့် မြို့ထဲနဲ့မနီးတဲ့နေရာမို့ ကျွန်မသွားမနေခဲ့ဘူး ။ အခန်းမှာအတူရှိနေတဲ့ အစ်မကလဲ တကယ်ကိုမိဘလို ဂရုစိုက်ပေးခဲ့တယ် ။

ကိုယ်ဝန်လရင့်လာတော့အဆောင်မှာဆက်နေရင်လဲအဆင်မပြေတာရယ် morning sickness ကလဲ ၆ လအထိကိုမသက်သာတော့

သူ့မိဘတွေနဲ့နေဖို့ အဲ့အနားမှာ လုံးချင်းတိုက်ကို ၃ လ စာချုပ်နဲ့ငှါးပြီးပြောင်းခဲ့တယ်။

အဲ့အချိန်မှာ တစ်ယောက်တည်း ဒုက္ခတွေရင်ဆိုင်နေရတဲ့ကျွန်မကိုမှ မငဲ့ပဲ ကိုယ်ဝန်စရှိတာသိတည်းက

ကလေးမီးမဖွားခင်အထိကို Fb acc နောက်တစ်ခုနဲ့ ဇာတ်လမ်းတွေရှုပ်တာရှုပ်တာ လက်ချိုးမရေတွက်နိုင်အောင်ကိုများတာ ။

Acc အသစ်မှာ ကျွန်မကို Fri ပေးမဖြစ်သလို ကျွန်မက တစ်ခုခု ment လိုက်ရင်ချက်ချင်း delete တာ။

ကျွန်မကိုက ဖုန်းဆက်ရင် သုံးမိနစ် တကယ်ကို သုံးမိနစ်ထက်မကျော်ခဲ့ဘူး

ကျွန်မအတွက်အချိန်မပေးနိုင်ရတာက လက်မလည်အောင်ခြေရှုပ်နေရတာလေ ။

ကျွန်မက တစ်ခါတစ်ခါဆေးရုံကိစ္စ ပြောဖို့အတွက် ဖုန်းခေါ်လိုက်ရင် another call က သူံးနာရီလောက်စောင့်ရတယ်

ဘာဖြစ်လို့ ကြာနေတာလဲမေးမိရင် messenger ကို တစ်ပတ်လောက် delete ပြီးအဆက်အသွယ်ဖျတ်သေးတာ။

ကိုယ်ဝန်တဖက်နဲ့သူ့ရဲ့အမျိုးမျိုးဖောက်ပြန်နေမှုတွေကို နေ့နေ့ညညခံစားခဲ့ရတာ

မွေးခါနီးအထိ ခြေမငြိမ်ခဲ့ပုံများ အကြိမ်ကြိမ်သည်းခံနေတော့ ရောင့်တက်တာလားဆိုပြီး နှစ်ယောက်လုံးရဲတိုင်မယ်လို့ပြောလို့

ကျွန်မရှိတာမသိလို့ဖြစ်တာပါဆိုပြီး ကောင်မလေးတစ်ယောက်အိမ်အထိလာတောင်းပန်ရသည်အထိ သူလုပ်ရက်ခဲ့တာ ။

ဘယ်လောက်ပြသနာတွေတက်ရလဲဆို အခြောက်မကို အစစ်မထင်ပြီးs*x chat တာကနေ ဟိုကဖုန်းတွေဝယ်ခိုင်း

ပိုက်ဆံတွေပို့ခိုင်း သူကမပို့ပေးတော့ဟိုက ပြောထားတဲ့ ss တွေကို သူ့fb မှာ လိုက်မန့်တာရယ်

တကယ်ကို အမျိုးစုံစိတ်ဒုက္ခတွေခံစားခဲ့ရတယ်

သူ့မိဘနဲ့အတူနေတယ်ဆိုပေမယ့် ယောက္ခမဟာ ယောက္ခမပါပဲ ။ ကျွန်မရှေ့မှာတော့ပြုံးလို့ ပေါ့ ။

ကျွန်မနေ့လည်ဘက် အိပ်နေရင် အိပ်ပျော်နေတယ်အထင်နဲ့ ကျွန်မ မကောင်းကြောင်း ကျွန်မဆေးခန်းတစ်ခါသွား သိန်းချီကုန်ကြောင်း

သူတို့လဲကလေးမွေးလာတာအဲ့လောက်မကုန်ဘူး သူ့လိုသာ နုနေရင် ထမင်းငတ်မှာ

ဟိုဟာနဲ့လဲမစားချင် ဒါနဲ့လဲမစားချင် ဘာညာနဲ့ တုပ်လိုက်တဲ့အတင်း ကြားနေရဲ့နဲ့မကြားသလိုဟန်ဆောင်နေရတာတွေက

တဖက် သူ့သားလုပ်ရက်တွေကိုပြောပြပေမယ့် မသိသလို မယုံသလိုနဲ့ဆက်ဆံတာတွေနေ့စဉ်ခံစားနေရတော့

ငှါးထားတဲ့ အိမ်မှာ နှစ်လပဲနေပြီး မြို့ထဲတိုက်ခန်းပြန်နေခဲ့တယ် ။

ကျွန်မမြို့ထဲ ပြန်နေတော့ သားဖြစ်သူကိုတော့ သူဟာဘယ်လိုလုပ်ပေးကြောင်း

ကျွန်မကသာမနေနိုင်လို့ကြီးကျယ်လို့မနေတာဆိုပြီးပြောပြန်ရော

အဲ့လိုနဲ့ ကလေးမီးဖွားခါနီးမှာသူလဲခြေငြိမ်သွားခဲ့တယ် ။

ကလေးမီးဖွားတော့ ကျွန်မမိဘက ဝန်ထမ်းမို့ မီးဖွားပြီးနှစ်ပတ်အထိပဲနေပေးလို့ရတော့ ကလေးနှစ်ပတ်သားအရွယ်နဲ့ ကျွန်မတိုက်ခန်းထဲမှာ ကလေးနဲ့နှစ်ယောက်တည်းနေခဲ့တယ်

အဲ့အထိကို သူ့အမေလုပ်သူဟာ ညဘက်လေးတောင်လာမနေပေးခဲ့ဘူး

ဒါပေမယ့် ကျွန်မက ငါလုပ်နိုင်တယ်ဆိုပြီး ကျွန်မမာနနဲ့နေခဲ့တယ် ( ခွဲမွေးတာဆိူပေမယ့် ကလေးတာဝန်ကလွဲပြီး နေ့စဉ်စားဖို့အတွက်ကို ၆ လအထိ ဆိုင်ကနေချိုင့်ဆွဲစားခဲ့တာပါ)

၂၀၂၀ ဝန်းကျင်ဆိုတော့အိမ်လခတစ်လ ၁၆၀၀၀၀ အပါ ကျွန်မကိုတစ်လ ၅ သိန်းပေးတယ်

ကလေးနဲ့ဆိုတော့ တကယ်ကိုမလောက်ပါဘူး ဒီလိုနဲ့

ကလေးအသက်တစ်နှစ်ဝန်းကျင်မှာ ကျွန်မအလုပ်တစ်ခုစလုပ်တယ် online business ပေါ့

အဲ့အတွက်သူက ကျွန်မကို အရင်းအနှီးဆိုပြီး သိန်း တစ်ရာထုတ်ပေးတယ်

online business ဆိုတော့ dollar စျေးအတက်အကျနဲ့ငွေလဲရတဲ့အခါ အိတ်စိုက်ရတာက များပါတယ် ။

တစ်နှစ်ခွဲ အတွင်းမှာ မြတ်ခဲ့တဲ့အမြတ်က ကလေးစရိတ်မပူရဘူးပေါ့ ။

တစ်ခါမှကိုယ်ပိုင်အလုပ်က မလုပ်ဖူးတော့ Exp နီးတာတွေရယ် ငွေစျေးတွေတက်တာရယ်နဲ့

သေချာတွေးရင်မမြတ်ပေမယ့် အဲ့တစ်နှစ်ခွဲမှာ ကျွန်မအလုပ်ဟာ လူယုံကြည်မှုအားပေးမှုရခဲ့တယ်

အားပေးတယ်ဆိုပေမယ့်ရတဲ့အမြတ်က တစ်လမှ တစ်သိန်းခွဲသာသာရယ် ပေါ့

(အရင်းအနှီးထုတ်ပေးတဲ့အချိန်ကစလို့ တစ်နှစ်ခွဲအထိ သူကျွန်မကို အသုံးစရိတ်မပေးတော့ပါဘူး

အဲ့အရင်းကပဲတစ်လတစ်လ အသုံးစရိတ်ကိုပြန်သုံးနေရတာပါပဲ

အဲ့လိုနဲ့အရင်းက လျော့လျော့လာတော့ နောက်ပိုင်းမှာ ဆက်မလုပ်ဖြစ်တော့ပဲ ရပ်လိုက်ပါတော့တယ်)

အခုနောက်ပိုင်းပြသနာမှာ ကလေးလဲအသက်သုံးနှစ်ဖြစ်လာတော့ ကျွန်မကို ဂျပန်ထွက်ဖို့ပြန်ပြင်ဆင်ခိုင်းတယ်

ဟိုရောက်ရင် ကျွန်မအလုပ်လုပ်ဖို့ထုတ်ပေးတဲ့သိန်းတစ်ရာရယ် အခုကုန်ကျစရိတ်တွေအကုန်ကို သူ့ကိုပြန်ဆပ်ပါ

သူရှာတာကျွန်မနဲ့မဆိုင်ဘူးတဲ့ (အလုပ်လုပ်စဉ်က အိမါစရိတ်မပေးလို့ဒီလိုနဲ့အရင်းကပဲပြန်သုံးရတော့ ကုန်တာရယ်

သူ့မိဘကို သူပေးခိုင်းတဲ့ ဆယ်ဂဏန်းဝန်းကျင်တွေရယ်ဆိုတာကို ဘယ်လိုပြောပြော လက်မခံပါဘူး)

၂၀၂၀ ကပဲ အိမ်လခ၁၆၀၀၀၀ အပါ ၅သိန်းပေးခဲ့တာ အခု ၂၀၂၃ အထိကိုမှ အိမ်လခ အပါအဝင် ၅၅၀၀၀၀ ပဲသူပေးတာပါ ။

ကလေးတဖက်နဲ့မို့ လောက်ငှအောင်ကျွန်မအတတ်နိုင်ဆုံးသုံးပေမယ့် ကလေးကျန်းမာရေးဖြစ်တဲ့အခါ ဘယ်လိုမှမလောက်လို့ ပိုတောင်းမိရင် လမ်းခွဲဖို့ အကြိမါကြိမ်ကိုပြောတာပါ။

သူလဲပင်ပန်းရတာသိပေမယ့် လက်ရှိငွေစျေးနဲ့ဆို won တစ်သိန်းဟာ မြန်မာငွေ နှစ်သိန်းရနေတာပါ။

သူပေးတဲ့အသုံးစရိတ်ကနေ ပိုသုံးမိနေရင် ပြောလိုက်တာ မျက်ရည်ကျရအောင်နာအောင်ပြောတာပါ

ကျွန်မကို လမ်းခွဲကြောင်း သတင်းစာထဲထည့်မယ်ပါ ပြောတော့တာ

သူပြောနေကျကတော့ သူ့အမေနဲ့သွားနေရင် လမ်းမခွဲဘူး တောင်းတာလဲပေးမယ်ပေါ့

မနေရင်ကွာမယ် က တမျိုး စိတ်ပင်ပန်းမှုတွေကမရိုးရပါဘူး (ကိုယ်ဝန်နဲ့နေခဲ့စဉ်ကပဲ ချဉ်သွားလို့ ထပ်မနေရဲတော့ပါဘူးရှင်)

အသုံးစရိတ်ကနေပိုနေတဲ့အခါ ကလေးကျန်းမာရေးပိုသူံးမိတဲ့အခါ ကလေးပဲဖြစ်ဖြစ် လူကြီးပဲဖြစ်ဖြစ် အသေခံ

သူ့ကံနဲ့သူပဲလို့ပြောထွက်တဲ့အခါ တကယ်ကို အံ့ဩမိတာပါ

အရမ်းလဲကြောက်လာတယ် (ဒါလား ကလေးကိုcaption ပေါင်းစုံနဲ့ချစ်ကြောင်းပြောနေတဲ့ဖခင်ရဲ့စကားက)

မင်းကဘယ်လောက်ငွေရှာနိုင်လို့လဲဆိုတော့စကားတွေကိုနေ့တိုင်း လတိုင်းမကြားနိုင်တော့ပါဘူး

စာထဲမှာထည့်မရေးဖြစ်တော့တဲ့စိတ်ပင်ပန်းမှုတွေဟာအများကြီးပါပဲ

ရှေ့ဆက်ဖို့အားလဲမရှိတော့သလို နေ့ရက်တိုင်းမျက်ရည်တွေနဲ့နေနေရတာ အရမ်းပင်ပန်းနေပါပြီ

ကျွန်မဘာဆက်လုပ်ရမလဲရှင်

ရင္ထဲမွာ အရမ္းမြန္းၾကပ္ၿပီးကိုယ္တိုင္လဲအရမ္းပင္ပန္းေနၿပီမို႔ပါ ပထမဆုံးအေနနဲ႔ရင္ဖြင့္တာမို႔အမွားပါခဲ့ရင္ခြင့္လႊတ္ေပးပါရွင္

ကြၽန္မတို႔အိမ္ေထာင္သက္တမ္း ၄ ႏွစ္ပါရွင္ ။အမ်ိဳးသားနဲ႔ကြၽန္မကအသက္၆ႏွစ္ကြာတဲ့အိမ္ေထာင္ေရးပါ။

သူက ၃၂ႏွစ္ ကြၽန္မက ၂၅ ပါရွင္.

အိမ္ေထာင္ဆိုတာထက္ living together ကေန စာခ်ဳပ္မွာႏွစ္ဦးသေဘာတူလက္မွတ္ထိုးခဲ့ၾကတာပါ။

နဂိုကပဲ ကိုရီးယားမွာအလုပ္လုပ္ဖို႔ႀကိဳးစားေနသူမို႔ လက္မွတ္ထိုးၿပီး သုံးလအၾကာမွာ သူဟာျပည္ပကိုအလုပ္လုပ္ဖို႔ထြက္သြားခဲ့တယ္ ။

သူထြက္သြားၿပီး ၁ လအၾကာမွာ ကြၽန္မမွာ ကိုယ္ဝန္ ၂ လ ရွိေနခဲ့တယ္ ။

ႏွစ္ေယာက္တည္းဘဝမွာ အိမ္မက္ေတြက သူက ကိုရီးယားမွာ အလုပ္လုပ္ပိုက္ဆံစု ကြၽန္မကိုလဲ ဂ်ပန္ထြက္ အလုပ္လုပ္ၿပီး ပိုက္ဆံရွာဖို႔ေပါ့။

ဒါေပမယ့္ မထင္မွတ္ပဲ ကိုယ္ဝန္ရွိလာေတာ့ သင္တန္းတဖက္နဲ႔ က်န္ခဲ့တဲ့ ကြၽန္မ ဘာမွမဆုံးျဖတ္ရဲလို႔ သူ႔ကိုေသခ်ာတိုင္ပင္ပါတယ္ ။

သူကေတာ့ ေမြးရင္လဲ သေဘာ ဖ်တ္ခ်မယ္ဆိုလဲသေဘာေပါ့

Ultrasound ႐ိုက္ၾကည့္ေတာ့ ကေလးေလးကႏွလုံးခုန္ေနၿပီဆိုေတာ့ ကြၽန္မလူပီသတဲ့စိတ္နဲ႔ မဖ်တ္ခ်ခဲ့ပါဘူး။

သူထြက္သြားတဲ့အခ်ိန္မွာ သင္တန္းနဲ႔နီးေအာင္ဆိုၿပီး ကြၽန္မလဲတစ္ေယာက္တည္းျဖစ္ေနတာနဲ႔ ငွါးထားတဲ့တိုက္ခန္းကိုျပန္အပ္ၿပီး သင္တန္းနဲ႔နီးရာမွာ အေဆာင္ေနခဲ့တယ္။

အေဆာင္ေနရင္း Morning sickness ကို ၆ လေလာက္အထိေန႔ေရာညပါခံစားေနရေတာ့ သင္တန္းကိုနားလိုက္ရတယ္။

သူ႔မိဘကရန္ကုန္မွာဆိုေပမယ့္ ၿမိဳ႕ထဲနဲ႔မနီးတဲ့ေနရာမို႔ ကြၽန္မသြားမေနခဲ့ဘူး ။ အခန္းမွာအတူရွိေနတဲ့ အစ္မကလဲ တကယ္ကိုမိဘလို ဂ႐ုစိုက္ေပးခဲ့တယ္ ။

ကိုယ္ဝန္လရင့္လာေတာ့အေဆာင္မွာဆက္ေနရင္လဲအဆင္မေျပတာရယ္ morning sickness ကလဲ ၆ လအထိကိုမသက္သာေတာ့

သူ႔မိဘေတြနဲ႔ေနဖို႔ အဲ့အနားမွာ လုံးခ်င္းတိုက္ကို ၃ လ စာခ်ဳပ္နဲ႔ငွါးၿပီးေျပာင္းခဲ့တယ္။

အဲ့အခ်ိန္မွာ တစ္ေယာက္တည္း ဒုကၡေတြရင္ဆိုင္ေနရတဲ့ကြၽန္မကိုမွ မငဲ့ပဲ ကိုယ္ဝန္စရွိတာသိတည္းက

ကေလးမီးမဖြားခင္အထိကို Fb acc ေနာက္တစ္ခုနဲ႔ ဇာတ္လမ္းေတြရႈပ္တာရႈပ္တာ လက္ခ်ိဳးမေရတြက္ႏိုင္ေအာင္ကိုမ်ားတာ ။

Acc အသစ္မွာ ကြၽန္မကို Fri ေပးမျဖစ္သလို ကြၽန္မက တစ္ခုခု ment လိုက္ရင္ခ်က္ခ်င္း delete တာ။

ကြၽန္မကိုက ဖုန္းဆက္ရင္ သုံးမိနစ္ တကယ္ကို သုံးမိနစ္ထက္မေက်ာ္ခဲ့ဘူး

ကြၽန္မအတြက္အခ်ိန္မေပးႏိုင္ရတာက လက္မလည္ေအာင္ေျခရႈပ္ေနရတာေလ ။

ကြၽန္မက တစ္ခါတစ္ခါေဆး႐ုံကိစၥ ေျပာဖို႔အတြက္ ဖုန္းေခၚလိုက္ရင္ another call က သူံးနာရီေလာက္ေစာင့္ရတယ္

ဘာျဖစ္လို႔ ၾကာေနတာလဲေမးမိရင္ messenger ကို တစ္ပတ္ေလာက္ delete ၿပီးအဆက္အသြယ္ဖ်တ္ေသးတာ။

ကိုယ္ဝန္တဖက္နဲ႔သူ႔ရဲ႕အမ်ိဳးမ်ိဳးေဖာက္ျပန္ေနမႈေတြကို ေန႔ေန႔ညညခံစားခဲ့ရတာ

ေမြးခါနီးအထိ ေျခမၿငိမ္ခဲ့ပုံမ်ား အႀကိမ္ႀကိမ္သည္းခံေနေတာ့ ေရာင့္တက္တာလားဆိုၿပီး ႏွစ္ေယာက္လုံးရဲတိုင္မယ္လို႔ေျပာလို႔

ကြၽန္မရွိတာမသိလို႔ျဖစ္တာပါဆိုၿပီး ေကာင္မေလးတစ္ေယာက္အိမ္အထိလာေတာင္းပန္ရသည္အထိ သူလုပ္ရက္ခဲ့တာ ။

ဘယ္ေလာက္ျပသနာေတြတက္ရလဲဆို အေျခာက္မကို အစစ္မထင္ၿပီးs*x chat တာကေန ဟိုကဖုန္းေတြဝယ္ခိုင္း

ပိုက္ဆံေတြပို႔ခိုင္း သူကမပို႔ေပးေတာ့ဟိုက ေျပာထားတဲ့ ss ေတြကို သူ႔fb မွာ လိုက္မန္႔တာရယ္

တကယ္ကို အမ်ိဳးစုံစိတ္ဒုကၡေတြခံစားခဲ့ရတယ္

သူ႔မိဘနဲ႔အတူေနတယ္ဆိုေပမယ့္ ေယာကၡမဟာ ေယာကၡမပါပဲ ။ ကြၽန္မေရွ႕မွာေတာ့ၿပဳံးလို႔ ေပါ့ ။

ကြၽန္မေန႔လည္ဘက္ အိပ္ေနရင္ အိပ္ေပ်ာ္ေနတယ္အထင္နဲ႔ ကြၽန္မ မေကာင္းေၾကာင္း ကြၽန္မေဆးခန္းတစ္ခါသြား သိန္းခ်ီကုန္ေၾကာင္း

သူတို႔လဲကေလးေမြးလာတာအဲ့ေလာက္မကုန္ဘူး သူ႔လိုသာ ႏုေနရင္ ထမင္းငတ္မွာ

ဟိုဟာနဲ႔လဲမစားခ်င္ ဒါနဲ႔လဲမစားခ်င္ ဘာညာနဲ႔ တုပ္လိုက္တဲ့အတင္း ၾကားေနရဲ႕နဲ႔မၾကားသလိုဟန္ေဆာင္ေနရတာေတြက

တဖက္ သူ႔သားလုပ္ရက္ေတြကိုေျပာျပေပမယ့္ မသိသလို မယုံသလိုနဲ႔ဆက္ဆံတာေတြေန႔စဥ္ခံစားေနရေတာ့

ငွါးထားတဲ့ အိမ္မွာ ႏွစ္လပဲေနၿပီး ၿမိဳ႕ထဲတိုက္ခန္းျပန္ေနခဲ့တယ္ ။

ကြၽန္မၿမိဳ႕ထဲ ျပန္ေနေတာ့ သားျဖစ္သူကိုေတာ့ သူဟာဘယ္လိုလုပ္ေပးေၾကာင္း

ကြၽန္မကသာမေနႏိုင္လို႔ႀကီးက်ယ္လို႔မေနတာဆိုၿပီးေျပာျပန္ေရာ

အဲ့လိုနဲ႔ ကေလးမီးဖြားခါနီးမွာသူလဲေျခၿငိမ္သြားခဲ့တယ္ ။

ကေလးမီးဖြားေတာ့ ကြၽန္မမိဘက ဝန္ထမ္းမို႔ မီးဖြားၿပီးႏွစ္ပတ္အထိပဲေနေပးလို႔ရေတာ့ ကေလးႏွစ္ပတ္သားအ႐ြယ္နဲ႔ ကြၽန္မတိုက္ခန္းထဲမွာ ကေလးနဲ႔ႏွစ္ေယာက္တည္းေနခဲ့တယ္

အဲ့အထိကို သူ႔အေမလုပ္သူဟာ ညဘက္ေလးေတာင္လာမေနေပးခဲ့ဘူး

ဒါေပမယ့္ ကြၽန္မက ငါလုပ္ႏိုင္တယ္ဆိုၿပီး ကြၽန္မမာနနဲ႔ေနခဲ့တယ္ ( ခြဲေမြးတာဆိူေပမယ့္ ကေလးတာဝန္ကလြဲၿပီး ေန႔စဥ္စားဖို႔အတြက္ကို ၆ လအထိ ဆိုင္ကေနခ်ိဳင့္ဆြဲစားခဲ့တာပါ)

၂၀၂၀ ဝန္းက်င္ဆိုေတာ့အိမ္လခတစ္လ ၁၆၀၀၀၀ အပါ ကြၽန္မကိုတစ္လ ၅ သိန္းေပးတယ္

ကေလးနဲ႔ဆိုေတာ့ တကယ္ကိုမေလာက္ပါဘူး ဒီလိုနဲ႔

ကေလးအသက္တစ္ႏွစ္ဝန္းက်င္မွာ ကြၽန္မအလုပ္တစ္ခုစလုပ္တယ္ online business ေပါ့

အဲ့အတြက္သူက ကြၽန္မကို အရင္းအႏွီးဆိုၿပီး သိန္း တစ္ရာထုတ္ေပးတယ္

online business ဆိုေတာ့ dollar ေစ်းအတက္အက်နဲ႔ေငြလဲရတဲ့အခါ အိတ္စိုက္ရတာက မ်ားပါတယ္ ။

တစ္ႏွစ္ခြဲ အတြင္းမွာ ျမတ္ခဲ့တဲ့အျမတ္က ကေလးစရိတ္မပူရဘူးေပါ့ ။

တစ္ခါမွကိုယ္ပိုင္အလုပ္က မလုပ္ဖူးေတာ့ Exp နီးတာေတြရယ္ ေငြေစ်းေတြတက္တာရယ္နဲ႔

ေသခ်ာေတြးရင္မျမတ္ေပမယ့္ အဲ့တစ္ႏွစ္ခြဲမွာ ကြၽန္မအလုပ္ဟာ လူယုံၾကည္မႈအားေပးမႈရခဲ့တယ္

အားေပးတယ္ဆိုေပမယ့္ရတဲ့အျမတ္က တစ္လမွ တစ္သိန္းခြဲသာသာရယ္ ေပါ့

(အရင္းအႏွီးထုတ္ေပးတဲ့အခ်ိန္ကစလို႔ တစ္ႏွစ္ခြဲအထိ သူကြၽန္မကို အသုံးစရိတ္မေပးေတာ့ပါဘူး

အဲ့အရင္းကပဲတစ္လတစ္လ အသုံးစရိတ္ကိုျပန္သုံးေနရတာပါပဲ

အဲ့လိုနဲ႔အရင္းက ေလ်ာ့ေလ်ာ့လာေတာ့ ေနာက္ပိုင္းမွာ ဆက္မလုပ္ျဖစ္ေတာ့ပဲ ရပ္လိုက္ပါေတာ့တယ္)

အခုေနာက္ပိုင္းျပသနာမွာ ကေလးလဲအသက္သုံးႏွစ္ျဖစ္လာေတာ့ ကြၽန္မကို ဂ်ပန္ထြက္ဖို႔ျပန္ျပင္ဆင္ခိုင္းတယ္

ဟိုေရာက္ရင္ ကြၽန္မအလုပ္လုပ္ဖို႔ထုတ္ေပးတဲ့သိန္းတစ္ရာရယ္ အခုကုန္က်စရိတ္ေတြအကုန္ကို သူ႔ကိုျပန္ဆပ္ပါ

သူရွာတာကြၽန္မနဲ႔မဆိုင္ဘူးတဲ့ (အလုပ္လုပ္စဥ္က အိမါစရိတ္မေပးလို႔ဒီလိုနဲ႔အရင္းကပဲျပန္သုံးရေတာ့ ကုန္တာရယ္

သူ႔မိဘကို သူေပးခိုင္းတဲ့ ဆယ္ဂဏန္းဝန္းက်င္ေတြရယ္ဆိုတာကို ဘယ္လိုေျပာေျပာ လက္မခံပါဘူး)

၂၀၂၀ ကပဲ အိမ္လခ၁၆၀၀၀၀ အပါ ၅သိန္းေပးခဲ့တာ အခု ၂၀၂၃ အထိကိုမွ အိမ္လခ အပါအဝင္ ၅၅၀၀၀၀ ပဲသူေပးတာပါ ။

ကေလးတဖက္နဲ႔မို႔ ေလာက္ငွေအာင္ကြၽန္မအတတ္ႏိုင္ဆုံးသုံးေပမယ့္ ကေလးက်န္းမာေရးျဖစ္တဲ့အခါ ဘယ္လိုမွမေလာက္လို႔ ပိုေတာင္းမိရင္ လမ္းခြဲဖို႔ အႀကိမါႀကိမ္ကိုေျပာတာပါ။

သူလဲပင္ပန္းရတာသိေပမယ့္ လက္ရွိေငြေစ်းနဲ႔ဆို won တစ္သိန္းဟာ ျမန္မာေငြ ႏွစ္သိန္းရေနတာပါ။

သူေပးတဲ့အသုံးစရိတ္ကေန ပိုသုံးမိေနရင္ ေျပာလိုက္တာ မ်က္ရည္က်ရေအာင္နာေအာင္ေျပာတာပါ

ကြၽန္မကို လမ္းခြဲေၾကာင္း သတင္းစာထဲထည့္မယ္ပါ ေျပာေတာ့တာ

သူေျပာေနက်ကေတာ့ သူ႔အေမနဲ႔သြားေနရင္ လမ္းမခြဲဘူး ေတာင္းတာလဲေပးမယ္ေပါ့

မေနရင္ကြာမယ္ က တမ်ိဳး စိတ္ပင္ပန္းမႈေတြကမ႐ိုးရပါဘူး (ကိုယ္ဝန္နဲ႔ေနခဲ့စဥ္ကပဲ ခ်ဥ္သြားလို႔ ထပ္မေနရဲေတာ့ပါဘူးရွင္)

အသုံးစရိတ္ကေနပိုေနတဲ့အခါ ကေလးက်န္းမာေရးပိုသူံးမိတဲ့အခါ ကေလးပဲျဖစ္ျဖစ္ လူႀကီးပဲျဖစ္ျဖစ္ အေသခံ

သူ႔ကံနဲ႔သူပဲလို႔ေျပာထြက္တဲ့အခါ တကယ္ကို အံ့ဩမိတာပါ

အရမ္းလဲေၾကာက္လာတယ္ (ဒါလား ကေလးကိုcaption ေပါင္းစုံနဲ႔ခ်စ္ေၾကာင္းေျပာေနတဲ့ဖခင္ရဲ႕စကားက)

မင္းကဘယ္ေလာက္ေငြရွာႏိုင္လို႔လဲဆိုေတာ့စကားေတြကိုေန႔တိုင္း လတိုင္းမၾကားႏိုင္ေတာ့ပါဘူး

စာထဲမွာထည့္မေရးျဖစ္ေတာ့တဲ့စိတ္ပင္ပန္းမႈေတြဟာအမ်ားႀကီးပါပဲ

ေရွ႕ဆက္ဖို႔အားလဲမရွိေတာ့သလို ေန႔ရက္တိုင္းမ်က္ရည္ေတြနဲ႔ေနေနရတာ အရမ္းပင္ပန္းေနပါၿပီ

ကြၽန္မဘာဆက္လုပ္ရမလဲရွင္