ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၆၃၉

မင်မင် ရေ ကျွန်မရင်ထဲ မှာ အတွေး တွေ က ပြည့်နက် နေပြီး မှားသလား

မှန်သလားမခွဲခြားတတ်တော့လို့ အဖွဲ့ဝင်အားလုံးဆီက အမြင်နဲ့ အကြံဥာဏ်လေး ယူပါရစေရှင့်

ကျွန်မတို့က ချစ်သူ သက်တမ်း ၄ နှစ် ၄ လ ရှိပါပြီ

သူ ကျွန်မ ကို အရမ်းချစ်တယ် လို့ပြောရမလားပဲ

ကျွန်မ စိတ်ကောက်နေရင်အမြဲတမ်း ချော့ပါတယ်

တစ်နေကုန်ဖုန်းမကိုင်ပဲ ထားလဲ ဆက်တိုက်ခေါ်ပါတယ်

သူဘာပဲ လုပ်လုပ် အကုန်ပြောပြတယ် စိတ်ညစ်စရာ ရှိရင်လဲ တိုင်ပင်သလို

ပျော်စရာရှိရင်လဲ မျှဝေ ပါတယ် အကူအညီ လိုရင် လဲ သူပေးသလို

သူလိုရင်လဲ တောင်း ပါတယ် အပြန်အလှန်ပေါ့

ဒါပေမဲ့ လေ အခုချိန် ထိ သူက ကျွန်မ ကို ယူဖို့ တစ်ခါမှ မပြောဖူးဘူး

သူငယ်ချင်းတွေ က ဘယ်တော့စားရမလဲ မေးရင်လဲ စားရတော့မှာပါဆိုပြီး ပဲ ဖြေပါတယ်

ကျွန်မက မေးရင်လဲ သင်တန်းတက်အုံးမယ် သင်တန်းပြီး ရင် ပိုက်ဆံ စုရမယ်

အဲလိုပဲ ဖြေတယ် သူရော ကျွန်မရော ၂ယောက်စလုံး ဝန်ထမ်းတွေပါ

သူ့ဖက်က ယူမယ်လို့ တစ်ခါမှ မပြောတာ တကယ်ပဲ အဆင်မပြေသေး လို့ ယူမဲ့အကြောင်းမပြောသေးတာလား

ကျွန်မကို အပျော်ပဲ တွဲ နေတာလား ဝေခွဲမရတော့ဘူး တွေးရင်းတွေးရင်း စိတ်ကုန်လာနေပြီ














