ကျမမှာ နှစ်ချီတွဲတဲ့ရီးစားရှိပါတယ် သူက ရိုးသားသလိုနဲ့ အပြောလဲကောင်း ယုံအောင်လဲနေခဲ့တော့ ကျမအလိုကိုလဲလိုက်ခဲ့တော့
အစကကျမသူ့ကိုပွေတယ်လို့ကို လုံးဝမထင်ခဲ့မိတာပါ
သူနဲ့ကျမ LDRS ဖြစ်တာကြောင့်လဲ သူပွေတာတွေကို စောစောမရိပ်မိခဲ့တာပါ
ဒီလိုနဲ့ တွဲပြီးတစ်နှစ်ကျော်ကြာတဲ့နောက်ပိုင်းမှာမှ သူ ML Gameက message ထဲမှာ ကောင်မလေးတွေနဲ့ ကြူတာကနေ တောက်လျှောက်
ကံတရားကကျမဘက်ကပါပြီး သူကြူတာတွေကို မမျှော်လင့်ဘဲ မိလာခဲ့ပါတယ်
မိန်းခလေးတွေသတိထားရအောင်လို့ ယောကျ်ားတွေရဲ့ ရှုပ်ပွေနည်းတွေကိုပါ တခါထဲပြောပြလိုက်ပါမယ်
ကျမရီးစားက ကျမမသိအောင် ဆင်းကတ်တွေ ဟန်းဆက်တွေအများကြီး သူဆောင်ထားပါတယ်
ကျမမေးရင် သူ့အလုပ်နဲ့ပက်သက်လို့ဆိုပြီးပြောပါတယ် တကယ်လဲ သူ့အလုပ်ကဖုန်းတွေနဲ့ပက်သက်ပါတယ်
ဒါကသူရဲ့အကြောင်းပြချက်ကောင်းတခုဖြစ်သွားတာပေါ့
ပြီးတော့ အဲ့ဒီဟန်းဆက်တွေ အဲ့ဒီဆင်းကတ်တွေအများကြီးနဲ့ ကျမမသိအောင်ကြူလို့ တစ်နှစ်ကျော်တဲ့အထိ ကျမတကယ်လုံးဝမမိခဲ့ပါဘူး
နည်းနည်းပါးပါးရိပ်မိခဲ့တာတွေတော့ရှိပါတယ် ဒါပေမယ့် အဲ့လောက်အထိဆိုးမယ်လို့ မထင်ခဲ့မိဘူး
ဘယ်လိုတွေရိပ်မိလဲဆိုတော့ ကျမနဲ့သူနဲ့အတူတွဲရိုက်ထားတဲ့ဓာတ်ပုံတွေကို ရဲတွေစစ်မှာစိုးလို့ သူ့ဖုန်းထဲကဓာတ်ပုံတွေကို အကုန်ဖျက်ပစ်လိုက်ပြီဆိုပြီး ညာပါတယ်
ကျမအဲ့မှာသံသယဝင်မိပါတယ် ဒါပေမယ့် သက်သေက မမိခဲ့ဘူး
အဲ့ဒါနဲ့ရှေ့ကစာကို ပြန်ကောက်ရရင် သူ ML Game ထဲက ကောင်မတွေကို ချစ်တွေသဲတွေခေါ်ထားတာ ဖုန်းပြောထားတာ အပြင်မှာပါ date ခဲ့တာတွေကို မိပါတယ်
သူအီထားတဲ့ game ထဲက ကောင်မလေးကိုသွားမေးကြည့်မှ အဲ့ကောင်မလေးကပြောပြလိုက်လို့ သူနဲ့အပြင်မှာပါ
တွေ့ခဲ့တာမှန်း သိတာပါ အဲ့ဒါနဲ့ကျမလဲ အော် သူပထမဆုံးပွေတာနေမှာပါလေဆိုပြီး ခွင့်လွှတ်ပေးခဲ့တယ်
နောက်တခါထပ်ပြီး ML game ထဲက ကောင်မတွေနဲ့ပြောထားတာတွေကိုပါ ထပ်မိပါတယ်
အဲ့တုန်းကဆို သူ့ယောကျ်ားလေးသူငယ်ချင်းတွေကပါ သူ့ဘက်ကနေ ကာကွယ်ပေးပါတယ် ( မိန်းခလေးတွေ သူ့ဘက်ကလူ သူ့သူငယ်ချင်း သူ့ဆွေမျိုး သူ့မိဘ ဘယ်သူ့ကိုမှ လွယ်လွယ်မယုံပါနဲ့နော် အချိန်တန်ရင် သူ့လူက သူ့လူဘက်ကပါပဲ)
အဲ့လိုမိတုန်းကဆိုရင် ကျမအတန်တန်ပြောထားရဲ့သားနဲ့ သူ့လုပ်ရက်လေခြင်းဆိုပြီး ကျမမှာအရမ်းတွေလောင်မြိုက်ပြီး
ကိုယ့်မျက်နှာကိုယ်ပြန်ရိုက်လို့ မျက်လုံးမှာ အညိုအမဲစွဲတာ ရက်အတော်ကြာမှ ပျောက်ပါတယ်
ကျမပထမတခါမိကထဲက သူ့ကိုပြောထားတယ် အလုပ်ကိစ္စကလွဲရင် ကောင်မတွေနဲ့ လုံးဝမပက်သက်ပါနဲ့လို့ ကျမသေချာမှာထားတယ်
သို့သော် ကျမဖတ်ဖူးတဲ့စာတွေထဲကအတိုင်းပဲ ဗီဇဆိုးဆိုတာ သေတဲ့အထိမပျောက်ဘူးဆိူတာ အရမ်းမှန်ပါတယ်
သူကဗီဇဆိုးနဲ့လာတဲ့သူမို့ သူ့ရဲ့ရှုပ်ပွေခြင်းတွေကို လုံးဝမရပ်တန့်နိုင်ခဲ့ပါဘူး
သူရှုပ်ပွေတယ်ဆိုလို့ ကျမက အားနည်းချက်တခုခုရှိတယ်လို့လဲမထင်ပါနဲ့နော် ကျမကကိုယ့်ဘာသာမြှောက်ပြောတာမဟုတ်ပေမယ့် ပြည့်စုံတဲ့အထဲမှာပါပါတယ်
အဲ့တော့ ကိုယ့်မှာအားနည်းရှိလို့ သူဖောက်ပြန်တာမဟုတ်ဘူး သူ့ဗီဇဆိုးကြောင့်သာဖောက်ပြန်တာဆိုတဲ့စာကလဲ တကယ်ကိုမှန်တာပါရှင်
အဲ့လိုနဲ့သူဖောက်ပြန်တာတွေကို ကျမက တမင်လိုက်ရှာတာမဟုတ်ဘဲနဲ့ ကံတရားကကျမဘက်ကပါလို့ သူဖောက်ပြန်တာတွေကို မတော်တဆကျမတွေ့မိပြီး မိလာခဲ့ပါတယ်
သူနဲ့ကျမပြည်ပမှာအတူတူရှိတုန်းကလဲ သူက ကျမနဲ့နေရတာမွန်းကြပ်ကြောင်း မလွတ်လပ်ကြောင်းတွေပြောပါတယ်
ဘာလို့လဲဆိုတော့ သူကောင်မတွေကို လွတ်လပ်စွာဖုန်းဆက်အီလို့မရ video call ပြောလို့မရလို့ပါပဲ ကျမသူကိုချော့ပြောတယ် နားလည်အောင်ပြောတယ်
ခြောက်ပြောတယ် ငိုပြောတယ် ဘယ်လိုပြောပြောကို ဗီဇဆိုးပါတဲ့ယောကျ်ားရဲ့ဗီဇဆိုးကတော့ လုံးဝမပျောက်ခဲ့ပါဘူး
သူပြောင်းလဲမယ်ထင်လို့ကျမစောင့်ခဲ့လဲ မပြောင်းလဲခဲ့ပါဘူး ပြည်ပမှာကျမနဲ့အတူရှိနေတာကိုတောင် ကျမလစ်တဲ့အချိန်လေးကို messenger viberမှာ ဖောက်ပြန်ခဲ့ပါတယ်
အဲ့ဒါတွေကို ကျမဘယ်လိုသိခဲ့လဲဆိုတော့ တနေ့ကျတော့ မနက်အစောကြီး သူ့ဟန်းဆက်နောက်တလုံးကနေ video call ခေါ်သံကြီး ထမြည်လာပါတယ်
ကျမကိုင်လိုက်ပေမယ့် သူ့ဖုန်းက password ခံထားတော့ ကျမကိုင်လို့မရဘူး
ဒါနဲ့ သူ့ကို password ဖွင့်ခိုင်းတော့လဲ အဲ့ဒါသူများဖုန်းမို့ password သူမသိဘူးပြောပါတယ်
ကျမလဲသက်သေမရှိ သူနဲ့ရန်လဲမဖြစ်ချင်တော့တာနဲ့ အသာငြိမ်နေခဲ့ပါတယ်
စိတ်ထဲမှာတော့ အခဲမကျေပါဘူး တနေ့ကျတော့ သူသုံးနေကျ gmail တွေအပြင် တခြား gmail တခုကိုပါ သူ့ဖုန်းထဲမှာ ရုတ်တရက်တွေ့လိုက်ရပါတယ်
အဲ့ဒါနဲ့ကျမအဲ့ gmail ထဲဝင်ကြည့်တော့ အဲ့ gmail က fb အကောင့်နဲ့ချိတ်ထားလို့ messenger က ဘယ်သူတွေစာပို့လဲဆိုတာပါ ကျမတွေ့လိုက်ပါတယ်
အဲ့ဒါနဲ့ ကျမအဲ့ gmail နဲ့ fb ထဲဝင်မယ်လဲလုပ်ရော သူ့ဖုန်းကို သူဆွဲလုပြီး အဲ့ gmail ကို သူဖျက်ပစ်လိုက်ပါတယ်
အဲ့ gmail က သူများကိုပေးထားတဲ့ gmail တဲ့လေ ဒါပေမယ့် ကျမအဲ့ gmail နာမည်ရယ် ဖုန်းနံပါတ်ရယ်ကို ကျမမြင်သွားခဲ့တယ်
အဲ့ဒါနဲ့တနေ့သူလစ်တုန်း ကျမသူ့ဆင်းကတ်ကို ကျမဖုန်းထဲထည့်ပြီး သူ့gmail ကို ကျမယူလိုက်ပီးတော့ သူကျမမသိအောင်ဖွင့်ကြူထားတဲ့ သူ့ fb အကောင့်ကိုပါ ကျမယူနိုင်ခဲ့တယ်
အဲ့မှာပဲ ကျမအပြင် သူကြူထားတဲ့ မိန်းခလေး ၄၊၅ ယောက်ကို တွေ့လိုက်ရပါတယ်
အဲ့မိန်းခလေးတွေရဲ့ chat color တွေကလဲ ပန်းရောင်တွေ nick name တွေကလဲ အသဲတွေနဲ့ တွေ့လိုက်ရတယ်
အဲ့စာထဲကတယောက်နဲ့သူပြောထားတာဖတ်ကြည့်ပြီး သူ့အလိမ်တွေအများကြီးထဲက ရီစရာအလိမ်တခုကို ပြောပြဦးမယ်
ဟိုးအရင်က ကျမနဲ့သူနဲ့ပုံကို Viber မှာ ကျမတင်ခိုင်းတော့ သူတင်ပေးတယ် ပြီးမှ သူ့အမေကဆူနေလို့ဖျက်လိုက်မယ်ဆိုပြီးသူဖျက်လိုက်တယ်
အခုသူ့fb အကောင့်ထဲဝင်ကြည့်မှ သူ့အီထားတဲ့ကောင်မတွေထဲက တယောက်က သူနဲ့ကျမရဲ့စုံတွဲပုံကို Viber မှာတင်ထားတာမြင်ပြီး သူ့ကိုလာပြောလို့ သူကကျမနဲ့ပုံကိုဖျက်လိုက်တာပဲဆိုတာ သိလိုက်ရတယ်
ပြီးတော့ သူအီထားတဲ့ကောင်မတွေကိုလဲ သူနဲ့ကျမအခုအတူနေနေတဲ့တိုင်းပြည်ကိုလာဖို့ခေါ်ထားတယ်
passport ရှိလားလဲ မေးထားတယ် အဲ့တိုင်းပြည်ကိုသူရောက်တာကလဲ ကျမအရင်ရောက်ပြီးမှ သူရောက်တာမို့ ကျမကြောင့်သူရောက်လာတာလို့ပြောလို့ရတယ်
အဲ့ဒါကို သူက တခြားကောင်မတွေကို ကျမနဲ့သူအတူနေတဲ့နိုင်ငံခြားကိုခေါ်တယ်
သူအီထားတဲ့ကောင်မတွေနဲ့လဲ s*x တွေ chat တယ် ကျမနေရာမှာ တခြားလူသာဆိုရင် သွေးပျက်နေလောက်ပေမယ့်
ကျမကဒီတခါတော့ အရမ်းမတုန်လှုပ်တော့ဘူး ဘာလို့လဲဆို သူအဲ့လိုလူဆိုတာ ကျမအစထဲက သိသွားလို့ပါပဲ
သူနဲ့ကြူနေတဲ့မိန်းခလေးတွေ သူ့ကိုယုံနေတဲ့မိန်းခလေးတွေအတွက်တော့ ကျမတကယ် စိတ်မကောင်းဖြစ်မိတယ်
မိန်းခလေးတွေသတိထားကြပါ တဖက်ကောင်လေးက ကိုယ့်ကိုအချိန်မှန်မဆက်သွယ်ရင်လေ အဲ့ဒါသူ့ဘေးမှာ ရီးစားရှိ မိန်းမရှိနေတာ သေချာသလောက်ပါပဲနော်
ပြီးတော့ ကိုယ့်ရီးစားနဲ့ပက်သက်ပြီး သံသယဝင်လာရင်လဲ အရမ်းမပူလောင်ဘဲနဲ့ သက်သေရတဲ့အထိ ရှာကြည့်ပါနော်
ကျမသူနဲ့ကြူတဲ့ မိန်းခလေးတွေကို စိတ်မဆိုးဘူး ရန်လဲမတွေ့ခဲ့ဘူး ဘာလို့လဲဆိုတော့ သူတို့က သူ့မှာရီးစားရှိမှန်းမသိကြဘူးလေ
ဗီဇမကောင်းတဲ့ကျမရီးစားကသာ တကယ်မကောင်းတာပါ အပြင်သွားရင် ကောင်မတွေကို ခေါင်းကြီးစောင်းပြီးတောင် လိုက်ကြည့်တယ်
fb, Viber, telegram ရှိသမျှအကောင့်မှာ အကုန်ကြူတယ် ကျမလဲ သံယောဇဥ်ကြီးလွန်းလို့သာ သူအကြိမ်ကြိမ်ဖောက်ပြန်တာကိုမိတာတောင် မပြတ်သားခဲ့တာ
ဒါပေမယ့်အခုတော့ ကျမသူနဲ့လမ်းခွဲဖို့ ဆုံးဖြတ်ထားတယ် သူက ခွေးမြီးကောက်ကျည်တောက်စွပ်တဲ့ ဗီဇဆိုးနဲ့လူမို့
ကျမဘယ်လိုပြောပြော ဘယ်လိုလုပ်လုပ် သူဘယ်တော့မှပြောင်းလဲလာမှာမဟုတ်ဘူးဆိုတာလဲ ကျမသိလိုက်ပါပြီ
အဲ့လိုလူကို အမြန်ဆုံးစွန့်ခွာဖို့ ကျမဆုံးဖြတ်ထားတာ မှန်တယ်မလားဟင် ???
က်မမွာ ႏွစ္ခ်ီတြဲတဲ့ရီးစားရွိပါတယ္ သူက ႐ိုးသားသလိုနဲ႔ အေျပာလဲေကာင္း ယုံေအာင္လဲေနခဲ့ေတာ့ က်မအလိုကိုလဲလိုက္ခဲ့ေတာ့
အစကက်မသူ႔ကိုေပြတယ္လို႔ကို လုံးဝမထင္ခဲ့မိတာပါ
သူနဲ႔က်မ LDRS ျဖစ္တာေၾကာင့္လဲ သူေပြတာေတြကို ေစာေစာမရိပ္မိခဲ့တာပါ
ဒီလိုနဲ႔ တြဲၿပီးတစ္ႏွစ္ေက်ာ္ၾကာတဲ့ေနာက္ပိုင္းမွာမွ သူ ML Gameက message ထဲမွာ ေကာင္မေလးေတြနဲ႔ ၾကဴတာကေန ေတာက္ေလွ်ာက္
ကံတရားကက်မဘက္ကပါၿပီး သူၾကဴတာေတြကို မေမွ်ာ္လင့္ဘဲ မိလာခဲ့ပါတယ္
မိန္းခေလးေတြသတိထားရေအာင္လို႔ ေယာက်္ားေတြရဲ႕ ရႈပ္ေပြနည္းေတြကိုပါ တခါထဲေျပာျပလိုက္ပါမယ္
က်မရီးစားက က်မမသိေအာင္ ဆင္းကတ္ေတြ ဟန္းဆက္ေတြအမ်ားႀကီး သူေဆာင္ထားပါတယ္
က်မေမးရင္ သူ႔အလုပ္နဲ႔ပက္သက္လို႔ဆိုၿပီးေျပာပါတယ္ တကယ္လဲ သူ႔အလုပ္ကဖုန္းေတြနဲ႔ပက္သက္ပါတယ္
ဒါကသူရဲ႕အေၾကာင္းျပခ်က္ေကာင္းတခုျဖစ္သြားတာေပါ့
ၿပီးေတာ့ အဲ့ဒီဟန္းဆက္ေတြ အဲ့ဒီဆင္းကတ္ေတြအမ်ားႀကီးနဲ႔ က်မမသိေအာင္ၾကဴလို႔ တစ္ႏွစ္ေက်ာ္တဲ့အထိ က်မတကယ္လုံးဝမမိခဲ့ပါဘူး
နည္းနည္းပါးပါးရိပ္မိခဲ့တာေတြေတာ့ရွိပါတယ္ ဒါေပမယ့္ အဲ့ေလာက္အထိဆိုးမယ္လို႔ မထင္ခဲ့မိဘူး
ဘယ္လိုေတြရိပ္မိလဲဆိုေတာ့ က်မနဲ႔သူနဲ႔အတူတြဲ႐ိုက္ထားတဲ့ဓာတ္ပုံေတြကို ရဲေတြစစ္မွာစိုးလို႔ သူ႔ဖုန္းထဲကဓာတ္ပုံေတြကို အကုန္ဖ်က္ပစ္လိုက္ၿပီဆိုၿပီး ညာပါတယ္
က်မအဲ့မွာသံသယဝင္မိပါတယ္ ဒါေပမယ့္ သက္ေသက မမိခဲ့ဘူး
အဲ့ဒါနဲ႔ေရွ႕ကစာကို ျပန္ေကာက္ရရင္ သူ ML Game ထဲက ေကာင္မေတြကို ခ်စ္ေတြသဲေတြေခၚထားတာ ဖုန္းေျပာထားတာ အျပင္မွာပါ date ခဲ့တာေတြကို မိပါတယ္
သူအီထားတဲ့ game ထဲက ေကာင္မေလးကိုသြားေမးၾကည့္မွ အဲ့ေကာင္မေလးကေျပာျပလိုက္လို႔ သူနဲ႔အျပင္မွာပါ
ေတြ႕ခဲ့တာမွန္း သိတာပါ အဲ့ဒါနဲ႔က်မလဲ ေအာ္ သူပထမဆုံးေပြတာေနမွာပါေလဆိုၿပီး ခြင့္လႊတ္ေပးခဲ့တယ္
ေနာက္တခါထပ္ၿပီး ML game ထဲက ေကာင္မေတြနဲ႔ေျပာထားတာေတြကိုပါ ထပ္မိပါတယ္
အဲ့တုန္းကဆို သူ႔ေယာက်္ားေလးသူငယ္ခ်င္းေတြကပါ သူ႔ဘက္ကေန ကာကြယ္ေပးပါတယ္ ( မိန္းခေလးေတြ သူ႔ဘက္ကလူ သူ႔သူငယ္ခ်င္း သူ႔ေဆြမ်ိဳး သူ႔မိဘ ဘယ္သူ႔ကိုမွ လြယ္လြယ္မယုံပါနဲ႔ေနာ္ အခ်ိန္တန္ရင္ သူ႔လူက သူ႔လူဘက္ကပါပဲ)
အဲ့လိုမိတုန္းကဆိုရင္ က်မအတန္တန္ေျပာထားရဲ႕သားနဲ႔ သူ႔လုပ္ရက္ေလျခင္းဆိုၿပီး က်မမွာအရမ္းေတြေလာင္ၿမိဳက္ၿပီး
ကိုယ့္မ်က္ႏွာကိုယ္ျပန္႐ိုက္လို႔ မ်က္လုံးမွာ အညိဳအမဲစြဲတာ ရက္အေတာ္ၾကာမွ ေပ်ာက္ပါတယ္
က်မပထမတခါမိကထဲက သူ႔ကိုေျပာထားတယ္ အလုပ္ကိစၥကလြဲရင္ ေကာင္မေတြနဲ႔ လုံးဝမပက္သက္ပါနဲ႔လို႔ က်မေသခ်ာမွာထားတယ္
သို႔ေသာ္ က်မဖတ္ဖူးတဲ့စာေတြထဲကအတိုင္းပဲ ဗီဇဆိုးဆိုတာ ေသတဲ့အထိမေပ်ာက္ဘူးဆိူတာ အရမ္းမွန္ပါတယ္
သူကဗီဇဆိုးနဲ႔လာတဲ့သူမို႔ သူ႔ရဲ႕ရႈပ္ေပြျခင္းေတြကို လုံးဝမရပ္တန႔္ႏိုင္ခဲ့ပါဘူး
သူရႈပ္ေပြတယ္ဆိုလို႔ က်မက အားနည္းခ်က္တခုခုရွိတယ္လို႔လဲမထင္ပါနဲ႔ေနာ္ က်မကကိုယ့္ဘာသာေျမႇာက္ေျပာတာမဟုတ္ေပမယ့္ ျပည့္စုံတဲ့အထဲမွာပါပါတယ္
အဲ့ေတာ့ ကိုယ့္မွာအားနည္းရွိလို႔ သူေဖာက္ျပန္တာမဟုတ္ဘူး သူ႔ဗီဇဆိုးေၾကာင့္သာေဖာက္ျပန္တာဆိုတဲ့စာကလဲ တကယ္ကိုမွန္တာပါရွင္
အဲ့လိုနဲ႔သူေဖာက္ျပန္တာေတြကို က်မက တမင္လိုက္ရွာတာမဟုတ္ဘဲနဲ႔ ကံတရားကက်မဘက္ကပါလို႔ သူေဖာက္ျပန္တာေတြကို မေတာ္တဆက်မေတြ႕မိၿပီး မိလာခဲ့ပါတယ္
သူနဲ႔က်မျပည္ပမွာအတူတူရွိတုန္းကလဲ သူက က်မနဲ႔ေနရတာမြန္းၾကပ္ေၾကာင္း မလြတ္လပ္ေၾကာင္းေတြေျပာပါတယ္
ဘာလို႔လဲဆိုေတာ့ သူေကာင္မေတြကို လြတ္လပ္စြာဖုန္းဆက္အီလို႔မရ video call ေျပာလို႔မရလို႔ပါပဲ က်မသူကိုေခ်ာ့ေျပာတယ္ နားလည္ေအာင္ေျပာတယ္
ေျခာက္ေျပာတယ္ ငိုေျပာတယ္ ဘယ္လိုေျပာေျပာကို ဗီဇဆိုးပါတဲ့ေယာက်္ားရဲ႕ဗီဇဆိုးကေတာ့ လုံးဝမေပ်ာက္ခဲ့ပါဘူး
သူေျပာင္းလဲမယ္ထင္လို႔က်မေစာင့္ခဲ့လဲ မေျပာင္းလဲခဲ့ပါဘူး ျပည္ပမွာက်မနဲ႔အတူရွိေနတာကိုေတာင္ က်မလစ္တဲ့အခ်ိန္ေလးကို messenger viberမွာ ေဖာက္ျပန္ခဲ့ပါတယ္
အဲ့ဒါေတြကို က်မဘယ္လိုသိခဲ့လဲဆိုေတာ့ တေန႔က်ေတာ့ မနက္အေစာႀကီး သူ႔ဟန္းဆက္ေနာက္တလုံးကေန video call ေခၚသံႀကီး ထျမည္လာပါတယ္
က်မကိုင္လိုက္ေပမယ့္ သူ႔ဖုန္းက password ခံထားေတာ့ က်မကိုင္လို႔မရဘူး
ဒါနဲ႔ သူ႔ကို password ဖြင့္ခိုင္းေတာ့လဲ အဲ့ဒါသူမ်ားဖုန္းမို႔ password သူမသိဘူးေျပာပါတယ္
က်မလဲသက္ေသမရွိ သူနဲ႔ရန္လဲမျဖစ္ခ်င္ေတာ့တာနဲ႔ အသာၿငိမ္ေနခဲ့ပါတယ္
စိတ္ထဲမွာေတာ့ အခဲမေက်ပါဘူး တေန႔က်ေတာ့ သူသုံးေနက် gmail ေတြအျပင္ တျခား gmail တခုကိုပါ သူ႔ဖုန္းထဲမွာ ႐ုတ္တရက္ေတြ႕လိုက္ရပါတယ္
အဲ့ဒါနဲ႔က်မအဲ့ gmail ထဲဝင္ၾကည့္ေတာ့ အဲ့ gmail က fb အေကာင့္နဲ႔ခ်ိတ္ထားလို႔ messenger က ဘယ္သူေတြစာပို႔လဲဆိုတာပါ က်မေတြ႕လိုက္ပါတယ္
အဲ့ဒါနဲ႔ က်မအဲ့ gmail နဲ႔ fb ထဲဝင္မယ္လဲလုပ္ေရာ သူ႔ဖုန္းကို သူဆြဲလုၿပီး အဲ့ gmail ကို သူဖ်က္ပစ္လိုက္ပါတယ္
အဲ့ gmail က သူမ်ားကိုေပးထားတဲ့ gmail တဲ့ေလ ဒါေပမယ့္ က်မအဲ့ gmail နာမည္ရယ္ ဖုန္းနံပါတ္ရယ္ကို က်မျမင္သြားခဲ့တယ္
အဲ့ဒါနဲ႔တေန႔သူလစ္တုန္း က်မသူ႔ဆင္းကတ္ကို က်မဖုန္းထဲထည့္ၿပီး သူ႔gmail ကို က်မယူလိုက္ပီးေတာ့ သူက်မမသိေအာင္ဖြင့္ၾကဴထားတဲ့ သူ႔ fb အေကာင့္ကိုပါ က်မယူႏိုင္ခဲ့တယ္
အဲ့မွာပဲ က်မအျပင္ သူၾကဴထားတဲ့ မိန္းခေလး ၄၊၅ ေယာက္ကို ေတြ႕လိုက္ရပါတယ္
အဲ့မိန္းခေလးေတြရဲ႕ chat color ေတြကလဲ ပန္းေရာင္ေတြ nick name ေတြကလဲ အသဲေတြနဲ႔ ေတြ႕လိုက္ရတယ္
အဲ့စာထဲကတေယာက္နဲ႔သူေျပာထားတာဖတ္ၾကည့္ၿပီး သူ႔အလိမ္ေတြအမ်ားႀကီးထဲက ရီစရာအလိမ္တခုကို ေျပာျပဦးမယ္
ဟိုးအရင္က က်မနဲ႔သူနဲ႔ပုံကို Viber မွာ က်မတင္ခိုင္းေတာ့ သူတင္ေပးတယ္ ၿပီးမွ သူ႔အေမကဆူေနလို႔ဖ်က္လိုက္မယ္ဆိုၿပီးသူဖ်က္လိုက္တယ္
အခုသူ႔fb အေကာင့္ထဲဝင္ၾကည့္မွ သူ႔အီထားတဲ့ေကာင္မေတြထဲက တေယာက္က သူနဲ႔က်မရဲ႕စုံတြဲပုံကို Viber မွာတင္ထားတာျမင္ၿပီး သူ႔ကိုလာေျပာလို႔ သူကက်မနဲ႔ပုံကိုဖ်က္လိုက္တာပဲဆိုတာ သိလိုက္ရတယ္
ၿပီးေတာ့ သူအီထားတဲ့ေကာင္မေတြကိုလဲ သူနဲ႔က်မအခုအတူေနေနတဲ့တိုင္းျပည္ကိုလာဖို႔ေခၚထားတယ္
passport ရွိလားလဲ ေမးထားတယ္ အဲ့တိုင္းျပည္ကိုသူေရာက္တာကလဲ က်မအရင္ေရာက္ၿပီးမွ သူေရာက္တာမို႔ က်မေၾကာင့္သူေရာက္လာတာလို႔ေျပာလို႔ရတယ္
အဲ့ဒါကို သူက တျခားေကာင္မေတြကို က်မနဲ႔သူအတူေနတဲ့ႏိုင္ငံျခားကိုေခၚတယ္
သူအီထားတဲ့ေကာင္မေတြနဲ႔လဲ s*x ေတြ chat တယ္ က်မေနရာမွာ တျခားလူသာဆိုရင္ ေသြးပ်က္ေနေလာက္ေပမယ့္
က်မကဒီတခါေတာ့ အရမ္းမတုန္လႈပ္ေတာ့ဘူး ဘာလို႔လဲဆို သူအဲ့လိုလူဆိုတာ က်မအစထဲက သိသြားလို႔ပါပဲ
သူနဲ႔ၾကဴေနတဲ့မိန္းခေလးေတြ သူ႔ကိုယုံေနတဲ့မိန္းခေလးေတြအတြက္ေတာ့ က်မတကယ္ စိတ္မေကာင္းျဖစ္မိတယ္
မိန္းခေလးေတြသတိထားၾကပါ တဖက္ေကာင္ေလးက ကိုယ့္ကိုအခ်ိန္မွန္မဆက္သြယ္ရင္ေလ အဲ့ဒါသူ႔ေဘးမွာ ရီးစားရွိ မိန္းမရွိေနတာ ေသခ်ာသေလာက္ပါပဲေနာ္
ၿပီးေတာ့ ကိုယ့္ရီးစားနဲ႔ပက္သက္ၿပီး သံသယဝင္လာရင္လဲ အရမ္းမပူေလာင္ဘဲနဲ႔ သက္ေသရတဲ့အထိ ရွာၾကည့္ပါေနာ္
က်မသူနဲ႔ၾကဴတဲ့ မိန္းခေလးေတြကို စိတ္မဆိုးဘူး ရန္လဲမေတြ႕ခဲ့ဘူး ဘာလို႔လဲဆိုေတာ့ သူတို႔က သူ႔မွာရီးစားရွိမွန္းမသိၾကဘူးေလ
ဗီဇမေကာင္းတဲ့က်မရီးစားကသာ တကယ္မေကာင္းတာပါ အျပင္သြားရင္ ေကာင္မေတြကို ေခါင္းႀကီးေစာင္းၿပီးေတာင္ လိုက္ၾကည့္တယ္
fb, Viber, telegram ရွိသမွ်အေကာင့္မွာ အကုန္ၾကဴတယ္ က်မလဲ သံေယာဇဥ္ႀကီးလြန္းလို႔သာ သူအႀကိမ္ႀကိမ္ေဖာက္ျပန္တာကိုမိတာေတာင္ မျပတ္သားခဲ့တာ
ဒါေပမယ့္အခုေတာ့ က်မသူနဲ႔လမ္းခြဲဖို႔ ဆုံးျဖတ္ထားတယ္ သူက ေခြးၿမီးေကာက္က်ည္ေတာက္စြပ္တဲ့ ဗီဇဆိုးနဲ႔လူမို႔
က်မဘယ္လိုေျပာေျပာ ဘယ္လိုလုပ္လုပ္ သူဘယ္ေတာ့မွေျပာင္းလဲလာမွာမဟုတ္ဘူးဆိုတာလဲ က်မသိလိုက္ပါၿပီ
အဲ့လိုလူကို အျမန္ဆုံးစြန္႔ခြာဖို႔ က်မဆုံးျဖတ္ထားတာ မွန္တယ္မလားဟင္ ???