ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၆၄၃

မင်မင်ရေ အဖွဲဝင်အားလုံးဆီကအကြံညဏ်တောင်းချင်လို့ပါ အဆုံးထိဖတ်ပီး ဖြေ​ပေးကြပါနော်

ညီမအမျိုးသားနဲ့အိမ်ထောင်သက်တမ်း၄နှစ်ရှိပါပီ သူကညီမထက်အသက် ၁၁နှစ်ကြီးပါတယ်

၁နှစ်နှင့်၃လသမီးလေးတစ်ယောက်ရှိပါတယ် အမျိုးသားက ညီမပေါ်အရမ်းကောင်းခဲ့ပါတယ်

အိမ်ထောင်သက်တမ်းတစ်လျှောက် အိမ်မှုကိစ္စဘာမလုပ်ခဲ့ရပါဘူး

မနက်ဆိုထမင်းအစောသူထချက် သားမိနှစ်ယောက် နောကိကျမှထစား စားပီးသားပန်းကန်တောင်မဆေးရပါဘူး ထမင်းခူးခပ်ပီးသားစားပီးနေရုံပါပါပဲ

အဝတ်လညိးသူပဲလျှော်ပေးပါတယ် သမီးကိုလည်းမွေးစကတည်းကနေခုထိ အီးသေး ရေချိုးတာမှအစသူပဲလုပ်ပေးပါတယ်

ညီမခုထိဘာမှမလုပ်ခဲ့ရတာပါ ပတ်ဝန်းကျင်မှာလည်း ယောကျားကောင်းရထားတယ်ဆိုပြီးချီးကျူးခံရပါတယ်

စားသောက်ဆိုင်လည်းသူရောင်းပါတယ် ညီမကတော့ အထည် မွေးနေ့ကိတ် မုန့်ဆိုင်ကိုရောင်းပါတယ်

ပြသာနာက3ရက်နေ့ည၁၁နာရီလောက်မှာစတာပါ ညီမကkpayအသွင်းထုတ်လုပ်တော့ ဖုန်းသုံးပါတယ်အထည်အကင်ပစည်းတေလည်းမှာရတာပါ

သမီးနို့တိုက်နေတုန်း ဖုန်းပျောက်သွားလို့ထရှာတော့ သမီးငိုပါတယ် အဲမှာသူကဖုန်းပေးပြီး ဘယ်လိုမိန်းမလည်း သမီးထက်ဖုန်းကအရေးကြီးလား

နင့်လိုမိန်းမနဲ့မပေါင်းနိုင်ဘူး ကွာမယ် ပိတ်ဆံ၁၀သိန်းလကုန်ရင်ပေး ထွက်သွားမယ်ဆိုပြီး ပြောပြီး စောင်ယူ သမီးခေါ်ပီး အပြင်ခန်းထွက်အိပ်ပါတယ်

အဲမှာညီမကကွာမယ်ပြောလို့ဒေါသထွက်ကျန်ခဲ့တယ် အပြင်မှာသမီးချီပြီးငုတ်တုတ်အိပ်နေတာနဲ့ သမီးပေးဆိုပီးသွားတောင်းပါတယ်

သူက နင့်ဘာသာအေးဆေးသွားနေပြောပီးမပေးဘူး အာနဲ့ ကွာချင်တယ်မလား လကုန်စောငိ့စရာမလိုဘူး ခုကွာမယ်ပြောတော့ အေးဆေးသွားနေ

မနက်မှပြောမယ်လို့ပြောတော့ အရင်ရည်စားနာမည်နဲ့ နင့်ကို ငါကသူထက်ငါပေါ်ကောင်းလို့ရွေးချယ်ခဲ့တာ

နင်ပြတ်နိုင်ရင်ငါလည်းပြတ်တယ် သူကလည်းလုံးဝပြတ်တယ်တဲ့

ငြင်းနေရာကနေညမို့ အသံမကျယ်နဲ့ပြောတာကိုပိုကျယ်လို့ ညီမကပါးတစ်ချက်အရင်ရိုက်လိုက်မိပါတယ်

အရင်ကလည်းရိုက်ဖူးတယ် ဘာမှပြန်မလုပ်ခဲ့ပါဘူး ခုသူကညီမကို လက်နှစ်ဖက် အားနဲ့ပြန်ရိုက်ပါတယ်

ညီမကလန့်သွားပီး ဖုန်းယူပိတ်ဆံယူပြီး လှေကားအဆင်း နောက်ကနေလိုက်လာပြီး ဆံပင်ဆွဲတက်ပြီး အိမ်ရာပေါ်မှာခေါင်းစိုက်အားရပါးရရိုက်ပါတယ်

ပါးတေလည်းညို နားကပ်လည်းကျိုး ဖြစ်ပြီး ညီမအကျယ်ကြီးအော်ငိုပါတယ် ပတ်ဝန်းကျင်ကလည်းအကုန်နိုးလာပြီးကြည့်ကြတယ်

သမီးငိုတော့ သူလွှတ်ချိန် အဒေါ်အိမ်ဆီထွက်ပြေးပီး ညသွားအိပ်ပါတယ် နောက်နေ့တော့ အိမ်ပြန်ပြန်အိပ်ပါတယ်

ဆိုင်မှာကညီမမရှိရင်သူစျေးနှုန်းတစ်ခုမှမသိပါဘူး အာကြောင့်မို့ပါ သူကတော့သူလုပ်ပေးနေကြတိုင်းအဝတ်လျှော် ရေချိုးဖို့ပြင်ပေးအကုန်လုပ်ပေးနေပါသေးတယ်

ညီမကစိတ်နာလို့ ထမင်းဆိုအစောထချက်ပြီး သားမိနှစ်ယောက်စားပီးနေတယ် ​

နောက်တစ်နေ့မှာညီမကတွေးလေးစိတ်နာလေမို့ pre wedding ဓာတ်ပုံတေကိုဖြဲပစ်လိုက်ပါတယ်

အဲမှာသူတွေ့သွားပီး သူမြတိနိုးတာကိုဖြဲရမလားဆိုပြီးဆံပင်ဆွဲ​ ပြီး အားနဲ့ လူ​တွေရှေ့မှာ ထပ်ရိုက်ပါတယ်

အမျိုးတေလာတားကြတယ် လက်မပါနဲ့ဆိုပြီး အဖေကိုဖုန်းဆက်ခေါ်ပြီး အဖေမေအိမ်ပြန်လိုက်လာခဲ့ပါတယ်ခုဆို ၅ရက်လောက်ရှိပါပီ သူတစ်ယောက်တည်းကျန်ခဲ့ပါတယ်

သူကိုညီမထွက်သွားခိုင်းလည်းမထွက်သွားပါဘူး ညီမဆေးသောက်သေဖို့ထိလုပ်ပါသေးတယ်

မယုံနိုင်လို့ပါခုလိုအရိုက်ခံရလိမ့်မယ်လို့တွေးတောင်မတွေးဖူးပါဘူး ညီမကလေသံမာမာနဲ့ပြောရင်တောင်မကြိုက်တဲ့သူပါ

သူလည်းသိတယ် ရည်စားဘဝကတည်းက သူအမြဲအလျော့ပေးပြီး သူ့ကိုမထားသွားဖို့ အမြဲတောင်းပန်တတ်သူက ဒီလိုလုပ်တာ ယုံတောင်မယုံနိုင်သေးပါဘူး

သူကတော့ သူမှားသွားပါတယ်တဲ့ နောက်ခါမလုပ်တော့ပါဘူးတဲ့ ညီမကမပေါင်းနိုင်ပါဘူးဆေးသောက်သေမယ်ဆိုရင် သူ့သမီးခေါ်ပီး သူထွက်သွားပေးပါမယ်တဲ့

အဖေအမေဆုံးဖြတ်တဲ့တိုင်းသူနာခံပါမယ်တဲ့ သူကတစ်ကောင်ကြွက်ပါတဲ့

သူနဲ့ညီမယူတော့သူဘက်ကသဘောမတူပါဘူး သူတို့ကချမ်းသာတယ်ဆိုပြီး ဒါပေမဲ့ ညီမဘက်ကိုခေါ်လာခဲ့ပါတယ်

ညီမအဖေအမေလည်းလိုလေသေးမရှိထားပေးပါတယ် သူ့ပါလာတဲ့ပိတ်ဆံ၁၀၀ ကို ညီမကအရင်းနှီးလုပ်ပီးထားပါတယ်

ခုသူကပါသမျှပိတ်ဆံလဉ်းညီမအပ်ထားတယ် သူမှာလည်းတစ်ပြားမှမရှိဘူး သွားစရာလည်းမရှိဘူးတဲ့

ခုကသူကလည်းမထွက်သွား အဖေမေကလည်းမောင်းထုတ်မရ အဖေအမေကလည်းမကွဲစေချင်ဘူး သမီးမျက်နှာငယ်မှာစိုးလို့တဲ့ ခွင့်လွှတ်ပေးလိုက်ပါတဲ့

နောက်တစ်တစ်ခါထပ်လုပ်ရင် သူတို့ကိုယ်တိုင်မောင်းချမယ်တဲ့ အမေကပိုဆိုး သူမျိုးရိုးမှာလင်ကွဲမရှိဘူးတဲ့ သူသေမှကွဲတဲ့

ညီမဘယ်လိုလုပ်ရမလဲ သူနားလည်းမနေရဲတော့သလို့ သူကို့စကားလည်းမပြောချင်ဘူး ကြည့်လည်းမကြည့်ချင်ဘူး

ဘယ်လိုမှမပေါင်းနိုင်တော့ဘူး စိတိနာသွားပီ အရင်လို ပြန်ဆက်ဆံဖို့မဖြစ်နိုင်တော့ဘူး သူပြောတာတော့ လင်မယားဖြစ်ပြီးအတူမနေရလိုရယ်

အိမ်မှူကိစ္စမကူလို့ဒေါသစုထွက်မိသွားတာတဲ့ ညီမဘက်လည်းပြင်တဲ့ သူလည်းပြင်မယ်တဲ့

ညီမလည်းကလေးမွေးပီးကတည်းက အတူမနေချင်လို့ကြားထဲ့သမီး ထားပီးခွဲအိပ်ပါတယ်

၁လ​ကျော်မှတစိခါလောက်ပဲနေဖြစ်တာပါ မနေဖြစ်တာများပါတယ် သူကလှလှလေးနေစေချင်တာပါ

ညီမလည်းအပျိုတုန်းကနေခဲ့ပေမယ် ခုသမီးစောနဲ့ အလုပ်အကြောင်းပဲခေါင်းထဲရှိတော့တာပါ

ညီမကို ပိတ်ဆံမက်တဲ့မိန်းမတဲ့ ပိတ်ဆံနဲ့လူဆို ပိတ်ဆံရွေးမှားတဲ့ အမတို ညီမကို ကြိုက်သလိုပြော ကြိုက်သလိုဆဲလို့ရပါတယ်

ညီမစိတ်ကလည်းနာကြည်းပီး မပေါင်းနိုင်တော့ဘူး

သမီးကြောင့် အဖေအမေကလည်းမကွဲစေချင် ဒါမဟုတ် သူနဲ့ကွဲနိုင်မယ့်နည်းလမ်းရှိရင်လည်းပြောပြပေးကြပါအုံး

မင္မင္ေရ အဖြဲဝင္အားလုံးဆီကအႀကံညဏ္ေတာင္းခ်င္လို႔ပါ အဆုံးထိဖတ္ပီး ေျဖ​ေပးၾကပါေနာ္

ညီမအမ်ိဳးသားနဲ႔အိမ္ေထာင္သက္တမ္း၄ႏွစ္ရွိပါပီ သူကညီမထက္အသက္ ၁၁ႏွစ္ႀကီးပါတယ္

၁ႏွစ္ႏွင့္၃လသမီးေလးတစ္ေယာက္ရွိပါတယ္ အမ်ိဳးသားက ညီမေပၚအရမ္းေကာင္းခဲ့ပါတယ္

အိမ္ေထာင္သက္တမ္းတစ္ေလွ်ာက္ အိမ္မႈကိစၥဘာမလုပ္ခဲ့ရပါဘူး

မနက္ဆိုထမင္းအေစာသူထခ်က္ သားမိႏွစ္ေယာက္ ေနာကိက်မွထစား စားပီးသားပန္းကန္ေတာင္မေဆးရပါဘူး ထမင္းခူးခပ္ပီးသားစားပီးေန႐ုံပါပါပဲ

အဝတ္လညိးသူပဲေလွ်ာ္ေပးပါတယ္ သမီးကိုလည္းေမြးစကတည္းကေနခုထိ အီးေသး ေရခ်ိဳးတာမွအစသူပဲလုပ္ေပးပါတယ္

ညီမခုထိဘာမွမလုပ္ခဲ့ရတာပါ ပတ္ဝန္းက်င္မွာလည္း ေယာက်ားေကာင္းရထားတယ္ဆိုၿပီးခ်ီးက်ဴးခံရပါတယ္

စားေသာက္ဆိုင္လည္းသူေရာင္းပါတယ္ ညီမကေတာ့ အထည္ ေမြးေန႔ကိတ္ မုန္႔ဆိုင္ကိုေရာင္းပါတယ္

ျပသာနာက3ရက္ေန႔ည၁၁နာရီေလာက္မွာစတာပါ ညီမကkpayအသြင္းထုတ္လုပ္ေတာ့ ဖုန္းသုံးပါတယ္အထည္အကင္ပစည္းေတလည္းမွာရတာပါ

သမီးႏို႔တိုက္ေနတုန္း ဖုန္းေပ်ာက္သြားလို႔ထရွာေတာ့ သမီးငိုပါတယ္ အဲမွာသူကဖုန္းေပးၿပီး ဘယ္လိုမိန္းမလည္း သမီးထက္ဖုန္းကအေရးႀကီးလား

နင့္လိုမိန္းမနဲ႔မေပါင္းႏိုင္ဘူး ကြာမယ္ ပိတ္ဆံ၁၀သိန္းလကုန္ရင္ေပး ထြက္သြားမယ္ဆိုၿပီး ေျပာၿပီး ေစာင္ယူ သမီးေခၚပီး အျပင္ခန္းထြက္အိပ္ပါတယ္

အဲမွာညီမကကြာမယ္ေျပာလို႔ေဒါသထြက္က်န္ခဲ့တယ္ အျပင္မွာသမီးခ်ီၿပီးငုတ္တုတ္အိပ္ေနတာနဲ႔ သမီးေပးဆိုပီးသြားေတာင္းပါတယ္

သူက နင့္ဘာသာေအးေဆးသြားေနေျပာပီးမေပးဘူး အာနဲ႔ ကြာခ်င္တယ္မလား လကုန္ေစာငိ့စရာမလိုဘူး ခုကြာမယ္ေျပာေတာ့ ေအးေဆးသြားေန

မနက္မွေျပာမယ္လို႔ေျပာေတာ့ အရင္ရည္စားနာမည္နဲ႔ နင့္ကို ငါကသူထက္ငါေပၚေကာင္းလို႔ေ႐ြးခ်ယ္ခဲ့တာ

နင္ျပတ္ႏိုင္ရင္ငါလည္းျပတ္တယ္ သူကလည္းလုံးဝျပတ္တယ္တဲ့

ျငင္းေနရာကေနညမို႔ အသံမက်ယ္နဲ႔ေျပာတာကိုပိုက်ယ္လို႔ ညီမကပါးတစ္ခ်က္အရင္႐ိုက္လိုက္မိပါတယ္

အရင္ကလည္း႐ိုက္ဖူးတယ္ ဘာမွျပန္မလုပ္ခဲ့ပါဘူး ခုသူကညီမကို လက္ႏွစ္ဖက္ အားနဲ႔ျပန္႐ိုက္ပါတယ္

ညီမကလန္႔သြားပီး ဖုန္းယူပိတ္ဆံယူၿပီး ေလွကားအဆင္း ေနာက္ကေနလိုက္လာၿပီး ဆံပင္ဆြဲတက္ၿပီး အိမ္ရာေပၚမွာေခါင္းစိုက္အားရပါးရ႐ိုက္ပါတယ္

ပါးေတလည္းညိဳ နားကပ္လည္းက်ိဳး ျဖစ္ၿပီး ညီမအက်ယ္ႀကီးေအာ္ငိုပါတယ္ ပတ္ဝန္းက်င္ကလည္းအကုန္ႏိုးလာၿပီးၾကည့္ၾကတယ္

သမီးငိုေတာ့ သူလႊတ္ခ်ိန္ အေဒၚအိမ္ဆီထြက္ေျပးပီး ညသြားအိပ္ပါတယ္ ေနာက္ေန႔ေတာ့ အိမ္ျပန္ျပန္အိပ္ပါတယ္

ဆိုင္မွာကညီမမရွိရင္သူေစ်းႏႈန္းတစ္ခုမွမသိပါဘူး အာေၾကာင့္မို႔ပါ သူကေတာ့သူလုပ္ေပးေနၾကတိုင္းအဝတ္ေလွ်ာ္ ေရခ်ိဳးဖို႔ျပင္ေပးအကုန္လုပ္ေပးေနပါေသးတယ္

ညီမကစိတ္နာလို႔ ထမင္းဆိုအေစာထခ်က္ၿပီး သားမိႏွစ္ေယာက္စားပီးေနတယ္ ​

ေနာက္တစ္ေန႔မွာညီမကေတြးေလးစိတ္နာေလမို႔ pre wedding ဓာတ္ပုံေတကိုၿဖဲပစ္လိုက္ပါတယ္

အဲမွာသူေတြ႕သြားပီး သူျမတိႏိုးတာကိုၿဖဲရမလားဆိုၿပီးဆံပင္ဆြဲ​ ၿပီး အားနဲ႔ လူ​ေတြေရွ႕မွာ ထပ္႐ိုက္ပါတယ္

အမ်ိဳးေတလာတားၾကတယ္ လက္မပါနဲ႔ဆိုၿပီး အေဖကိုဖုန္းဆက္ေခၚၿပီး အေဖေမအိမ္ျပန္လိုက္လာခဲ့ပါတယ္ခုဆို ၅ရက္ေလာက္ရွိပါပီ သူတစ္ေယာက္တည္းက်န္ခဲ့ပါတယ္

သူကိုညီမထြက္သြားခိုင္းလည္းမထြက္သြားပါဘူး ညီမေဆးေသာက္ေသဖို႔ထိလုပ္ပါေသးတယ္

မယုံႏိုင္လို႔ပါခုလိုအ႐ိုက္ခံရလိမ့္မယ္လို႔ေတြးေတာင္မေတြးဖူးပါဘူး ညီမကေလသံမာမာနဲ႔ေျပာရင္ေတာင္မႀကိဳက္တဲ့သူပါ

သူလည္းသိတယ္ ရည္စားဘဝကတည္းက သူအၿမဲအေလ်ာ့ေပးၿပီး သူ႔ကိုမထားသြားဖို႔ အၿမဲေတာင္းပန္တတ္သူက ဒီလိုလုပ္တာ ယုံေတာင္မယုံႏိုင္ေသးပါဘူး

သူကေတာ့ သူမွားသြားပါတယ္တဲ့ ေနာက္ခါမလုပ္ေတာ့ပါဘူးတဲ့ ညီမကမေပါင္းႏိုင္ပါဘူးေဆးေသာက္ေသမယ္ဆိုရင္ သူ႔သမီးေခၚပီး သူထြက္သြားေပးပါမယ္တဲ့

အေဖအေမဆုံးျဖတ္တဲ့တိုင္းသူနာခံပါမယ္တဲ့ သူကတစ္ေကာင္ႂကြက္ပါတဲ့

သူနဲ႔ညီမယူေတာ့သူဘက္ကသေဘာမတူပါဘူး သူတို႔ကခ်မ္းသာတယ္ဆိုၿပီး ဒါေပမဲ့ ညီမဘက္ကိုေခၚလာခဲ့ပါတယ္

ညီမအေဖအေမလည္းလိုေလေသးမရွိထားေပးပါတယ္ သူ႔ပါလာတဲ့ပိတ္ဆံ၁၀၀ ကို ညီမကအရင္းႏွီးလုပ္ပီးထားပါတယ္

ခုသူကပါသမွ်ပိတ္ဆံလဥ္းညီမအပ္ထားတယ္ သူမွာလည္းတစ္ျပားမွမရွိဘူး သြားစရာလည္းမရွိဘူးတဲ့

ခုကသူကလည္းမထြက္သြား အေဖေမကလည္းေမာင္းထုတ္မရ အေဖအေမကလည္းမကြဲေစခ်င္ဘူး သမီးမ်က္ႏွာငယ္မွာစိုးလို႔တဲ့ ခြင့္လႊတ္ေပးလိုက္ပါတဲ့

ေနာက္တစ္တစ္ခါထပ္လုပ္ရင္ သူတို႔ကိုယ္တိုင္ေမာင္းခ်မယ္တဲ့ အေမကပိုဆိုး သူမ်ိဳး႐ိုးမွာလင္ကြဲမရွိဘူးတဲ့ သူေသမွကြဲတဲ့

ညီမဘယ္လိုလုပ္ရမလဲ သူနားလည္းမေနရဲေတာ့သလို႔ သူကို႔စကားလည္းမေျပာခ်င္ဘူး ၾကည့္လည္းမၾကည့္ခ်င္ဘူး

ဘယ္လိုမွမေပါင္းႏိုင္ေတာ့ဘူး စိတိနာသြားပီ အရင္လို ျပန္ဆက္ဆံဖို႔မျဖစ္ႏိုင္ေတာ့ဘူး သူေျပာတာေတာ့ လင္မယားျဖစ္ၿပီးအတူမေနရလိုရယ္

အိမ္မႉကိစၥမကူလို႔ေဒါသစုထြက္မိသြားတာတဲ့ ညီမဘက္လည္းျပင္တဲ့ သူလည္းျပင္မယ္တဲ့

ညီမလည္းကေလးေမြးပီးကတည္းက အတူမေနခ်င္လို႔ၾကားထဲ့သမီး ထားပီးခြဲအိပ္ပါတယ္

၁လ​ေက်ာ္မွတစိခါေလာက္ပဲေနျဖစ္တာပါ မေနျဖစ္တာမ်ားပါတယ္ သူကလွလွေလးေနေစခ်င္တာပါ

ညီမလည္းအပ်ိဳတုန္းကေနခဲ့ေပမယ္ ခုသမီးေစာနဲ႔ အလုပ္အေၾကာင္းပဲေခါင္းထဲရွိေတာ့တာပါ

ညီမကို ပိတ္ဆံမက္တဲ့မိန္းမတဲ့ ပိတ္ဆံနဲ႔လူဆို ပိတ္ဆံေ႐ြးမွားတဲ့ အမတို ညီမကို ႀကိဳက္သလိုေျပာ ႀကိဳက္သလိုဆဲလို႔ရပါတယ္

ညီမစိတ္ကလည္းနာၾကည္းပီး မေပါင္းႏိုင္ေတာ့ဘူး

သမီးေၾကာင့္ အေဖအေမကလည္းမကြဲေစခ်င္ ဒါမဟုတ္ သူနဲ႔ကြဲႏိုင္မယ့္နည္းလမ္းရွိရင္လည္းေျပာျပေပးၾကပါအုံး