ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၆၄၄

ကျွန်မတစ်ခုလောက်ရင်ဖွင့်ချင်ပါတယ်

အမှန်တော့ အဖြေကလွယ်လွယ်ရှင်းရှင်းလေးလိုဖြစ်‌နေပါတယ်

ဒါပေမဲ့ရင်ထဲမှာမ‌ရေမရာနဲ့ မွန်းကြပ်နေလို့ပါ

ကျွန်မကောင်လေးတစ်ယောက်ကို သူ့ကိုကြိုက်မိကြောင်း စာပို့ပေးလိုက်ပါတယ်

ဒါပေမဲ့သူ့ဖက်က ဘာအကြောင်းမှ မပြန်ပေးပါဘူး အဲ့ဒါကဘာသဘောလေးလဲဟင်

သူနဲ့ကအသိသူငယ်ချင်းပါ ဘာပြောပြောစာလေးဘာလေးတော့ပြန်ပေးသင့်တယ်လို့ကိုယ်ကထင်ပါတယ်

ကိုယ့်ကိုယ်သူမကြိုက်ပါ‌ကြောင်း သူငယ်ချင်းပဲဆက်လုပ်ရပါကြောင်းတွေပေါ့

အခုဟာကဘာမှပြန်မပြောတော့ ကိုယ့်ကိုလုံး၀မလေးစားသလို အရှက်ကွဲသလိုခံစားရပါတယ်၊

အစကသူလည်းကိုယ့်ကိုယ်စိတ်၀င်စားကြောင်း သူ့ဖက်ကပဲစလာခဲ့တာပါ၊

သူ့သူငယ်ချင်းတွေကလည်း တစ်ခါတစ်လေ ကျွန်မတို့ကိုဝိုင်းစတတ်ကြပါတယ် ၊

အခုဟာက သူကအဲ့လိုကစားတတ်တဲ့ယောကျာ်းလေး play boyလိုကောင်မျိုးဖြစ်နေတာလား

အကြံပေးအားပေးစကားကြားချင်ပါတယ်











