လူတေဟာတဏှာစိတ်မွှန်လာရင်ဘယ်လောက်ထိရက်စက်တတ်တဲ့အကြောင်း
လတ်တလောကကျွန်မတို့မိသားစုကြုံတွေ့ခဲ့တဲ့အတွေ့အကြုံကိုဥပမာပြုကာကျွန်မပြောပြပါရစေ..
အဓိက ကြုံတွေ့ခဲ့ရတာတော့ ကျွန်မအမပေါ့…သူ့ကိုယ်စားကျွန်မခံပြင်းလို့ကျွန်မဒီစာကိုရေးပြီးပြောပြချင်ခဲ့တာပါ..
ကျွန်မအမ 2014မှာကျွန်မတို့နယ်ကလူနဲ့ပဲအိမ်ထောင်ကျခဲ့ပါတယ်…
2015မှာသမီးလေးတစ်ယောက်ထွန်းကားခဲ့တယ်..ကျွန်မရဲ့တူမဦးလေးပေါ့…
သူ့နာမည်ကသဲသဲတဲ့.အရမ်းလည်းချစ်စရာကောင်းသလိုအရမ်းလည်းလိမ္မာတဲ့ကလေးလေး..
ကျွန်မရဲ့မေမေသူ့ရဲ့အဖွားသွန်သင်ဆုံးမမှုကြောင့်လူမှန်းသိတတ်စအရွယ်ထဲကဘုရားတရားမြဲခဲ့တဲ့ကလေးလေး…
အရွယ်နဲ့မလိုက်အောင်သိတတ်လိမ္မာတဲ့ကလေးလေးပါ…ကိုယ့်တူမမို့အမွှန်းတင်ပြောရတာမဟုတ်ပါဘူး…
အိမ်နားပတ်ဝန်ကျင်ကလူတေအကုန်သူ့အကြောင်းသိပါတယ်..
ဒါပေမဲ့ကျွန်မတို့မိသားစုအရမ်းချစ်ရတဲ့ကလေးလေးဟာအသက်(8)နှစ်ပြည့်အောင်တောင်လူ့လောကမှာမနေခဲ့ရပါဘူး…
ဘာကြောင့်လဲဆိုသူ့အဖေကြောင့်ပေါ့..ကျွန်မခဲအိုဟာမိန်းမအရမ်းရှုပ်ပါတယ်..
ကျွန်မအမကသိလျက်နဲ့သူ့ယောကျာ်းကိုချစ်လွန်းတော့ခွင့်လွှတ်ပေးခဲ့တာကြီးပါ…
ဒါပေမဲ့သူပတ်သတ်ခဲ့တဲ့နောက်ဆုံးမိန်းကလေးကြောင့်ကျွန်မအမတို့မိသားစုလုံးဝပြိုကွဲခဲ့ရတယ်…
အဲ့ကောင်မလေးနာမည်က TTH.ကျွန်မတို့နေတဲ့နေရာနဲ့မလှမ်းမကမ်းအနောက်ကြူအင်းရွာက..
ကျွန်မခဲအိုရဲ့ညီမဝမ်းကွဲ ဖြစ်သူလို့ပဲကျွန်မတို့သိထားခဲ့တာအဲ့မိန်းကလေးကို..သူတို့ဖြစ်တာ3နှစ်လောက်ရှိနေပြီလို့ပြောပါတယ်..
ကျွန်မအမပြောလို့သူ့ယောကျာ်းကဖြတ်လိုက်ပြန်ဆက်သွယ်လိုက်နဲ့ပေါ့….ဒီလိုနဲ့ကျွန်မတူမလေးဟာ ရုတ်တရတ်နေမကောင်းဖြစ်လာပါတယ်.
အဲ့နေ့ကပေါ့သူဆီချက်ခေါက်ဆွဲစားချင်တယ်တဲ့.သူ့မေမေကအာ့ဆိုသဲသဲမျက်နှာသွားသစ်လိုက်မေမေခေါက်ဆွဲလုပ်ပေးမယ်ဆိုပြီးသူ့မေမေကနောက်ဖေးမှာခေါက်ဆွဲလုပ်ပေးနေတဲ့အချိန်…
သူကမျက်နှာသစ်မယ်ဆိုပြီးအခန်းထဲကထွက်လာတဲ့အချိန်…ဒုံးဆိုတဲ့အသံကြီးနဲ့သူပစ်လဲသွားတယ်..
ကျွန်မစာလုပ်နေရင်းဘာအသံလည်းဆိုပြီးထွက်လာတော့သူကတံခါးရှေ့မှာပက်လန်ကြီးလဲနေတာ..
သူ့က်ိုပွေ့ဖက်ပြီးသဲသဲရေ…သဲသဲရေဆိုပြီးလှုပ်ပြီးန်ိုးလည်းသူမနိုးလာခဲ့ဘူး..
သူ့အမေသူ့အဖွားရောက်လာပြီးလှုပ်နိုးလည်းသူသတိမရတော့ဘူး..
မေမေကသူ့ကိုပွေ့ဖက်ဘုရားစာတေရွတ်ပြီးနိုးမှသူက ပြန်ထူးတယ်ရှင်တဲ့..အဲ့ချိန်သူက မျော့မျော့လေးကျန်တော့တာ…
သူ့ကိုချက်ချင်းဆေးခန်းပို့ခဲ့တယ်ဆရာဝန်ကဘားမှမဖြစ်ပါဘူးဆိုပြီးပြောလို့ပြန်လာခဲ့ကြတယ်
အဲ့နောက်ပိုင်းကျွန်မတူမလေးရဲ့ကျန်းမာရေးဟာပိုပိုဆိုးလာခဲ့တယ်…
ဆေးခန်းတေခနခနသွားပြီးဆေးစစ်လည်းတိကျတဲ့ရောဂါမျိုးရှာဖွေမတွေ့ရှိခဲ့ဘူး..
သွေးလွန်တုပ်ကွေးပြောလိုက်သွေးတွင်းအချိုကျလို့ပြောလိုက်ဆေးခန်းတစ်ခုကိုတစ်မျိုးပြောလွှတ်ပါတယ်.
ကလေးဟာတစ်နေ့ထပ်တစ်နေ့အားလျော့လာတယ်…အစာလည်းကျွေးမရတော့ဘူး.ဆေးလည်းတိုက်မရတော့ဘူး…
သူ့အဖွားဆေးတိုက်ရင်လည်းသူ့ပုံစံမဟုတ်တဲ့မျက်လုံးတေကြီးနဲ့မသောက်ချင်ပါဘူးဆိုမှဆိုပြီးပါးစပ်ကိုသူ့လက်နဲ့အတင်းပိတ်ထားတယ်..
တစ်ခါမှလူကြီးသူမကိုသူမအော်ဖူးပါဘူး…သူ့ကိုဆေးတိုက်တိုင်းမျက်လုံးပြူးကြီးနဲ့အော်အော်လွှတ်တယ်…
ကျွန်မတို့ကရိုးရိုးသာမာန်နေမကောင်းတာပဲထင်ခဲ့တာ..17.11.2022မှာဆေးခန်းတစ်ခါသွားပြခဲ့တယ်..
ဆေးခန်းကဆေးရုံမြန်မြန်တင်ပါဆ်ုလို့အဲ့နေ့ညနေချက်ချင်းပဲ ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးမှာဆေးရုံတက်ခဲ့ပါတယ်…
အဲ့ကဆရာဝန်ဆရာမတေကလည်းကလေးကိုတအားဂရုစိုက်ပေးပါတယ်ကလေးကသွေးလိုတယ်တယ်ဆိုပြီးညကြီးသွေးလိုက်ရှာရသေးတယ်..
ချက်ချင်းပဲသွေးလှူရှင်တွေ့တယ်..သူသွေးသွင်းနေတုန်းတစ်ဝက်တောင်မဝင်သေးဘူး..သူကမေမေသဲသဲရှူးရှူးပေါက်ချင်တယ်တဲ့..
သူ့မေမေကသူ့ကိုချီပြီးရှူးရှူးတည်တယ်…သူ့ကိုတည်ပြီးသူ့ကိုအိပ်ယာပေါ်ပြန်လဲပေးပြီးသူ့အမေကအောက်မှာရှူခွက်ပြန်ထည့်နေချိန်သူကသူ့အဖွားကိုမေးတယ်..
ဖွားဖွားမေမေကောတဲ့..သဲသဲမေမေနဲ့တူတူအိပ်ချင်တယ်တဲ့လေ…
သဲသဲမေမေကခုတင်အောက်မှာသဲသဲရှူးခွက်သိမ်းနေတာလို့ပြောတော့ဟုတ်မေမေပြီးရင်သဲသဲနားအိပ်လို့ပြောပေးပါနော်ဆိုပြီး
သူဟိုဘက်လှည့်သွားပြီးချွဲတစ်ချက်ဟပ်သွားပြီးသူကျွန်မတို့ဘဝထဲကနေအပြီးအပိုင်ထွက်သွားပါတော့တယ်..
.ကျွန်မတို့မိသားစုတစ်ခုလုံးရင်တေကွဲပြီးခံစားရတာဘယ်လိုခံစားချက်မျိုးမှန်းကိုမသိဘူး..တရားနဲ့ဖြေလည်းမဖြေန်ုင်ခဲ့ဘူး…
ခုထိကိုမဖြေနိုင်သေးတာပါ…ကျွန်မတူမလေးဟာ(8)နှစ်မပြည့်ခင်မှာသူ့အဖေကြောင့်သူ့အသက်ကိုပေးဆပ်ခဲ့ရတယ်..
ဒါတေကိုကျွန်မတို့ကရိုးရိုးဆုံးတယ်ပဲမှတ်နေတုန်း…ကျွန်မတူမဆုံးပြီးနှစ်လပြည့်တဲ့နေ့မှာပဲကျွန်မခဲအိုဟာတင့်တင့်ထွန်းနဲ့ခိုးပြေးခဲ့ပါတယ်..
ကျွန်မအမဟာသားသမီးလည်းဆုံးရှူံးယောကျာ်းလည်းဆုံးရှုံးဆိုတော့သူဘယ်လောက်ခံစားရမလည်း..
ဒါ့အပြင်သူ့မှာကိုယ်ဝန်ထပ်ရှိနေပါပြီ…သူကသူ့ယောကျာ်းကိုခွင့်လွှတ်တာမို့တရားမစွဲဘူး….
သူ့ယောကျာ်းဆီသူစာပို့ခဲ့တယ်..နင်ကောနင့်ကောင်မလေးကောငါ့ကိုလာတောင်းပန်..ဒါဆိုနင့်ကိုငါအေးဆေးကွာရှင်းပေးမယ်လို့သူပြောခဲ့ပေမဲ့လည်းသူတို့ထွက်ပြေးမြဲထွက်ပြေးဆဲပါပဲ..
သူတို့ခိုးပြေးပြီး3ရက်အကြာမှာသိခဲ့ရတာကTTH ဆိုတဲ့ကောင်မလေးဟာ ပညာအရမ်းတော်တဲ့အောက်လမ်းဆရာမတစ်ယောက်ပါ…
သူတို့ယူဖို့လွန်ခဲ့တဲ့နှစ်နှစ်ထဲက အစီအစဥ်ရှိခဲ့ပါတယ်..ဒါပေမဲ့ကျွန်မအမရဲ့ခင်ပွန်းဟာ သူ့မှာသမီးရှိသေးတဲ့အတွက်ကျွန်မအမကိုမကွာရှင်းချင်သေးကြောင်းသူပြောခဲ့တယ်..
ဒါကြောင့်TTHအတွက်ကျွန်မတူမလေးဟာ သူ့ကောင်နဲ့ပေါင်းဖက်ဖို့အတားအဆီတစ်ခုလိုဖြစ်နေခဲ့တာပါ..
ဒါကြောင့်TTHဟာ တဏှာစိတ်မွှန်းပြီး..ဘားမှအပြစ်မရှိတဲ့ကျွန်မတူမလေးကိုသူ့ပညာနဲ့ thet ခဲ့ကြောင်းကျွန်မတို့သိခဲ့ရပါတယ်..
ဒါကြောင့်ကျွန်မအမဟာသူ့ယောကျာ်းကြောင့်သူ့သမီး tay ခဲ့ရတယ်ဆိုပြီးသူ့ယောကျာ်းကိုအလွန်မုန်းတီးသွားခဲ့တာပါ…
မTTHဟာ ကျွန်မတူမလေးကိုသတ်ရုံမက ခုကျွန်မအမဗိုက်ထဲက ကလေးလေးကိုပါသူက thet ချင်နေတာပါ..
ကျွန်မအမဟာဒါကြောင့်သူ့ဗိုက်ထဲက ကလေးကိုထပ်ထိမှာစိုးလို့သူ့ယောကျာ်းကိုကွာရှင်းပေးခဲ့တယ်..
ခုတော့သူတို့ယူတောင်ယူပြီးနေပြီထင်တယ်..ဒါမျိူးတေကိုကျွန်မလေ ရုပ်ရှင်ထဲပဲ မြင်ဖူးခဲ့တာ…
လူတေဟာလေတဏှာစိတ်မွှန်လာရင်အရမ်းကြောက်စရာကောင်းတယ်နော်…
ဒါကြောင့်လေကျွန်မကျွန်မတူမလေးကိုသတိရလို့မျက်ရည်ကျတိုင်းTTHကိုမေတ္တာတေပဲပို့တယ်..
သူ့မှာလည်းတူတူမလေးတေနဲ့အမကောညီမကောရှိတယ်..
သူ့တောင်သူတူမလေးတေတူလေးတေကိုဒီလောက်ချစ်တာကျွန်မသာဆိုကျွန်မတူမလေးကိုဘယ်လောက်ချစ်မလည်း
သူ ကိုယ်ချင်းမစာပဲ ဘားမှသုံးစားမရတဲ့ကောင်အတွက်သူငရဲရောက်မယ့်လုပ်ရပ်မျိုးသူလုပ်သွားတာ..
ဝဋ်ပြန်မလည်ပါစေနဲ့လို့ပဲကျွန်မအမြဲဆုတောင်းတယ်…..
ကျွန်မလေ ကျွန်မတူမအရွယ်ကလေးလေးတေမြင်တိုင်းသဲသဲနဲ့အတူဆော့တဲ့ကလေးလေးတေမြင်တိုင်းမျက်ရည်ကအလိုလိုကျလာတာ….
တစ်အိမ်လုံးသူ့ပုံရိပ်လေးတေပဲ…ကျွန်မခုထိမဖြေနိူင်သေးဘူး…သူ့လည်းဝဋ်ကြွေးရှိလို့ဆပ်ရတယ်လို့ပဲကျွန်မတွေးပြီးဖြေတယ်…
စာအရေးအသားသိပ်မတတ်လို့အမှားပါတာရှ်ရင်ခွင့်လွှတ်ပေးကြပါရှင်..
TTH နင်ဒီစာကိုဖတ်မိသည်ဖြစ်စေ…အကြောင်းအမျိုးမျိုးကြောင့်ဒီစာကိုနင်မြင်ခဲ့သော်.နင်ငါ့တူမကိုမ thet ခဲ့ဘူးလို့နင့်မှာငြင်းပိုင်ခွင့်ရှိတယ်…
ငါတိူ့ဆီလာဖြေခွင့်ပိုင်ခွင့်ရှိတယ်..ဒါပေမဲ့နင်တူမရဲ့ဓာတ်ပုံရှေ့ငါ့တူမအုတ်ဂူရှေ့မှာနင်ပြောရမယ်..
နင့်ကိုမြင်စေချင်လို့ငါ့တူမအုတ်ဂူပုံလေးပါငါထည့်ပေးလိုက်တာ..
ကြည့်စမ်းပါဦးနင်သတ်လိုက်လို့သေ သွားတဲ့ကလေးလေး..
နင်သူ့အဖေကိုရချင်လို့ thet လိုက်တဲ့အပြစ်မရှိတဲ့ကလေးလေးလေ..နင်လိုချင်တဲ့အကောင်ရပြီမလား…
ခုငါ့အမဗိုက်ထဲကကလေးကိုပါလာထိကြည့်နော်…နင်တို့တစ်မိသားစုလုံးခွေးမြေးပါမကျန်ငါပြန် thet မယ်..
.ဝဋ်မလည်ပါစေနဲ့လို့ဆုတောင်းပေမဲ့ဝဋ်ကနောက်ဘဝမကူးဘူးလေနော် .
ငါ့တူမကို thet ပြီးမှရခဲ့တဲ့နင့်ရဲ့အိမ်ထောင်ရေးသာယာပါစေလို့ငါဆုတောင်းပေးလိုက်ပါတယ်..စိတ်ရင်းနဲ့ပါ
သူ့ကိုပွေ့ဖက်ပြီးသဲသဲရေ…သဲသဲရေဆိုပြီးလှုပ်ပြီးနိုးလည်းသူမနိုးလာခဲ့ဘူး..
သူတို့ခိုးပြေးပြီ3းရက်အကြာမှာသိခဲ့ရတာကTTH ဆိုတဲ့ကောင်မလေးဟာ ပညာအရမ်းတော်တဲ့အောက်လမ်းဆရာမတစ်ယောက်ပါ…
ခုတော့သူတို့ယူတောင်ယူပြီးနေပြီထင်တယ်..ဒါမျိုးတေကိုကျွန်မလေ ရုပ်ရှင်ထဲပဲ မြင်ဖူးခဲ့တာ…
တစ်အိမ်လုံးသူ့ပုံရိပ်လေးတေပဲ…ကျွန်မခုထိမဖြေနိုင်သေးဘူး…သူ့လည်းဝဋ်ကြွေးရှိလို့ဆပ်ရတယ်လို့ပဲကျွန်မတွေးပြီးဖြေတယ်…
ငါတို့ဆီလာဖြေခွင့်ပိုင်ခွင့်ရှိတယ်..ဒါပေမဲ့နင်တူမရဲ့ဓာတ်ပုံရှေ့ငါ့တူမအုတ်ဂူရှေ့မှာနင်ပြောရမယ်..