ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၆၄၇

ကျွန်မတို့အိမ်ထောင်သက် ၁၀နှစ်ထဲရှိသွားရောက်ပါပီ သားလေးတစ်ယောက်ရှိပါတယ်

2013မှာအိမ်ထောင်ကျခဲ့ပြီး မိသားစုအတွက်ပိုက်ဆံရှာဖို့ဆိုပီးကျွန်မရဲ့အဖေနဲ့တိုင်ပင်ပြီးနိုင်ငံခြားအလုပ်လုပ်ဖို့အတွက်ရန်ကုန်ကိုသင်တန်းတက်ကျွန်မမခွဲချင်ပဲထည့်လ်ုက်တယ်

သင်တန်းတက်နေတဲ့အချိန်ထိယုံကြည်မှုနဲ့ထည့်ထားခဲ့တယ် ပိုက်ဆံလိုရင်ကျွန်မချွေးနဲစာနဲ့ပိုက်ဆံရှာပေးခဲ့တယ် မလောက်လို့လဲသူများဆီအတိုးနဲ့ဆွဲပေးခဲ့ဖူးတယ် ဒီလိုနဲ့သင်တန်းတက်ပီးပြန်ရောက်တော့မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်နေခဲ့တယ်

ကလေးလိုချင်လို့ဆိုပီးသူပါးစပ်ကပြောလာတယ် ကျွန်မလဲဘုရားရှစ်ခိုးတိုင်းဆုတောင်းခဲ့တယ်သားသမီးရရပါလို၏လို့ ဒီလိုနဲ့မျှော်မှန်းထားတဲ့နေ့လေးရောက်ခဲ့တယ် ကျွန်မကိုယ်ဝန်ရှိလာတယ်

သူသိပ့်ပျော်နေတယ်အဲနေ့ကျွန်မလဲထပ်တူပျော်ရ ၆လကြာတော့ဗိုက်ထဲမှာသားလေးဆိုတော့သူလိုချင်တဲ့သားလေးတဲ့ဆိုတော့အရမ်းပျော်နေတယ် ကျွန်မလဲသူသားလေးလိုချင်တာရတော့ပိုပျော်မိတယ်

ဒီလိုနဲ့သားလေးတစ်ယောက်လူလောကထဲရောက်လာခဲ့တယ် အဲချိန်ကတော့စကားများခဲ့လဲခဏပဲပြန်အဆင်ပြေသွားခဲ့တယ် သားလေး၆လသားအရွယ်ရောက်တော့ နိုင်ငံခြားအလုပ်လုပ်စာကျလာတယ်

ဒီလိုနဲ့ကျွန်မမထည့်ချင်လဲငွေမရှိတော့သူသွားချင်နေတာနဲ့ထည့်လိုက်ရတယ် နိုင်ငံခြားထွက်ဖို့ငွေလိုတော့အမျိုးတွေဆီကရှာပေးခဲ့တယ်ငွေပမာဏများများကိုတောင်အတိုးမရှိလွယ်ကူစွာရခဲ့တယ်

အဲချိန်ကျွန်မမှာဖုန်းတစ်လုံးတောင်မရှိ သူဟိုဘက်ရောက်တော့အမဖုန်းဆီရောက်ကြောင်းအဆင်ပြေကြောင်းဖုန်းဆက်ပြောတယ် နောက်တော့ကျွန်မဖုန်းပြောရပီးရော့မဖြစ်ဖြစ်တဲ့နည်းနဲ့ဝယ်ခဲ့တယ်

နေ့တိုင်းဖုန်းတွေပြောကျသားလေးကိုလဲသားပုံလေးတွေပို့နဲ့နေခဲဲ့ကြတယ် လလေးကြာတော့ပထမဆုံးလစာသူ့အမေကိုကန်တော့ချင်တယ်ဆိုပီးသူ့အမေဖို့ပိုက်ဆံလွှဲတယ် ကျွန်မကြည်ဖြူစွာနားလည်စွာနဲ့ပေးခဲ့တယ်

အမျိုးတွေဆီကယူသွားတဲ့ပိုက်ဆံလဲနောက်လမှပေးမယ်ပထမဆုံးလစာသူ့အမေကန်တော့ချင်လို့တဲ့လို့အမျိုးဆီပြောခဲ့တယ် နောက်တော့လတွေကြာတော့လစာအပ်ခဲ့တယ် တစ်လကိုဘယ်လောက်ရကြောင်းရှင်းမပြခဲ့ သူများတစ်ဝက်စာလောက်တောင်မရှိလဲမမေးခဲ့ဖူးဒီအတိုင်သူပေးတဲ့အတိုင်းပဲနေခဲ့တယ်

သူ့အမျိုးကိုယ့်အမျိုးဘယ်လောက်ပေးလိုက်ဆိုလဲသူပြောတဲ့အတိုင်းပဲဖြစ်ခဲ့တယ် နှစ်ကြာလို့အလည်ပြန်တော့သူသွားခါစကိုင်တဲ့ဖုန်းလေးအိမ်ပြန်ယူခဲ့တယ် အဲချိန်ကတဲကသူ့ဖုန်းကိုကြည့်ခွင့်မပေးခဲ့ကြည့်ချင်ပါတယ်လို့စောတကတက်ပိုင်ခွင့်မရှိ ဒီလိုနဲ့သွားခါစဖုန်းလေးအိမ်ထားခဲ့တယ်

သူ့အမေအတွက် သူပြန်ထွက်သွားတော့ကျွန်မယူပီးကြည့်မိတယ် Vbမှာကောင်မလေးတစ်ယောက်နဲ့သူပုံနဲ့တွဲပီးတင်ထားတာတွေ့လိုက်တော့ကျွန်မရင်တွေကွဲမတတ်နှလုံးခုန်နှုန်းတွေမြန်လာပီးမျက်ရည်တွေစီးကျလာခဲ့တယ်

နောက် Vbထဲကိုဝင်ကြည့်တော့ကောင်မလေးတစ်ယောက်နဲ့စကားပြောထားအဲကောင်မလေးနဲ့ရည်းစားဖြစ်နေကျတာတွေသိလိုက်ရတဲ့အချိန် ကျွန်မစိတ်မထိန်းနိုင်ပီးသူအလုပ်နားချိန်စာပို့အဲအကြောင်းတွေမေးခဲ့တယ်

မျက်ရည်တွေနဲ့ဒေါသစိတ်တွေနဲ့သူ့ရဲ့အမကိုပြပီးအကျိုးကြောင်းပြောခဲ့တယ်ကျွန်မရင်ထဲခံစားရတာကော သူ့ကိုမေးတော့အဲဒီတုန်းကသင်တန်းတက်ချိန်သူ့ဖုန်းသူ့သူငယ်ချင်းယူသုံးလို့တဲ့ဖုန်းကိုယူသုံးတယ်ဆိုတင်ထားတဲ့ကောင်မလေးပုံနဲ့ကကောမေးတော့အဲတာလဲသူ့ပုံလဲယူသုံးတာတဲ့ လိမ်ခဲ့တယ်

ချစ်တဲ့စိတ်မခွဲနိုင်တဲ့စိတ်နဲ့ယုံသလိုလုပ်ခဲ့ပီးသူ့ကိုခွင့်လွတ်ခဲ့တယ် ဒေါသတွေပြေခဲ့တယ် ကျွန်မရင်ထဲမှာတော့စိတ်သောကတွေရောက်ခဲ့ပီ အဲနောက်ပိုင်းကျွန်မစိတ်မချလို့သူ့ကိုဂျီကျခဲ့တယ် Fbသံုးခါစမိန်းခလေးတွေနဲ့ခင်တာမကြိုက်ခဲ့Fbမှာလဲမိသားစုပုံတင်ပါ့လားနဲ့ဂျီကျခဲ့တယ်

ဘယ်လောက်ဂျီကျကျသူလုပ်မပေးခဲ့ဖူး ခင်တယ်တစ်ခြားမိန်းခလေးကိုအသဲပေးတာကအစလိုက်ပြောခဲ့တယ် ကျွန်မတို့သားအမိကိုထားခဲ့မှာကြောက်လို့အမြဲသဝန်တိုနေခဲ့ နောက် ကောင်မလေးတစ်ယောက်ကသူ့ပုံနဲ့တွဲပီးfbမှာတင်တယ်

တစ်ယောက်ကမြင်တော့လာပြောတယ်ကျွန်မယောကျာ်းကောင်မလေးနဲ့ပုံတွေ့လို့ အဲချိန်မှာဖြစ်ရပြန်ပီအပူမီးဒေါသထွက်မေး အဲကောင်မဘယ်သူလဲဘယ်လိုပက်သက်လို့နှစ်ယောက်ပုံတွဲတင်တာလဲမိန်းမနဲ့သားရှိတာမသိဖူးလားအဲတာကြောင့်fbမှာမိသားစုပုံတင်ပါလို့ပြောတာဆိုပီးဒေါသတွေနဲ့မေးခဲ့ပြောခဲ့ ပထမတစ်ယောက်vbမှာတင်တဲ့ကောင်မလေးတုန်းကလဲအဲကောင်မလေးfbaccလိုက်ရှာပီးဆက်သွယ်မေးခဲ့ဖူးတယ်

မိန်းမရှိမှန်းသားရှိမှန်းမသိခဲ့လို့ပါလို့ကောင်မလေးကပြောခဲ့ကျွန်မကိုတောင်းပန်စကားပြောတယ်အဲကောင်မလေးက အဲတုန်းကစိတ်ပြေခဲ့ရဒီလိုနဲ့ ခုလဲaccဟပ်ခံရပီးသူ့ပုံယူပီးလုပ်တာပါလို့ပြောပြန်တယ်ဒီလိုနဲ့ပြေပျောက်ခဲ့ရပြန်တယ်

စိတ်ထဲမှာတော့အပူတွေထပ်ဆင့်ခဲ့ပီ နောက်နှစ်တွေကြာတော့ငွေမအပ်တာတွေမလွှဲတာတွေ ဟိုးတုန်းကတဲကလစာနဲနဲပဲလွှဲခဲ့အပ်ခဲ့တာတွေပေါင်းစုံနဲ့ပြသာနာဖြစ်ပီးဒီလိုပဲစိတ်ဖြေရှေ့ဆက်ခဲ့ကျ နောက်တစ်ခါသူ့အမေအလှူအလည်ပြန်မယ်ဆိုတော့ ကျွန်မရန်ကုန်ကိုလာကြိုမယ်လေယဥ်ကွင်းလဲမရောက်ဖူးလို့လာလဲကြိုချင်လို့ဆိုပီးဂျီကျခဲ့တယ်

ပြောခါစမလာနဲ့တဲ့ကျွန်မဇွတ်ပြောခဲ့တယ် ကြိုခွင့်ရခဲ့တယ် သားလေးသိတတ်တဲ့အရွယ်ပီဆိုတော့ ကစားကွင်းတွေတိရစာ္ဆန်ဥယာဥ်တွေပြချင်တယ်လို့ပြောတော့ပို့တယ်သူစိတ်မပါဖူး ကျွန်မဂျီကျလွန်းစိတ်ကောက်နေလို့ပို့ခဲ့တယ်

သားနဲ့ကစားကွင်းလဲတူတူမဆော့လို့သားကိုသူ့အဖေနဲ့ပြိုင်ကားစီးချင်လို့ကျွန်မဂျီကျလဲမစီးဖူးသူဖာသာပဲလူလွတ်လိုနေချင်နေပီအဲကတဲက သားရယ်လို့ပြန်တုန်းကျွန်မကတော့တယုတယနေစေချင်ခဲ့သူများမိသားစုတွေလိုပဲသားအပေါ်ရှိစေချင်ခဲ့တာဒီလိုနဲ့အိမ်ရောက်ခဲ့အလှူနေ့ရောက်ခဲ့ မိသားစု၃ယောက်နဲ့ဓာတ်ပုံတွေရိုက်ချင်ကြွားချင်ခဲ့တဲ့ကျွန်မဖြစ်မလာခဲ့

ကျွန်မတို့သားအမိပါရင်ကိုဓာတ်ပုံမရိုက်ချင်ဖူး နောက်သူခွင့်ယူချိန်ပြည့်လို့ပြန်ပီးထွက်သွားခဲ့တယ် ကြားထဲကောင်မလေးတွေနဲ့ပြောတာဆိုတာတွေအကဲခတ်မိပီးတစ်ခါတလေးမေးဖြစ်တယ်သံသယတွေရှိခဲ့တယ်

ကျွန်မမကြိုက်ပါဖူးဆိုတဲ့အရာမှန်သမျှပြောလေလုပ်လေပဲ ဟိုပြန်ရောက်တော့မေးတယ်ဇနီးတစ်ယောက်ကိုနောက်ထပ်ဘယ်လိုခေါ်သုံးနှုန်းသေးလဲတဲ့ကျွန်မလဲဘာလို့လဲမမေးခဲ့ဖူး အိမ်သူသက်ထားလို့လဲခေါ်တယ်လေလို့ပြောခဲ့တယ်

အဲတာနဲ့fbaccတစ်ခုမှာကျွန်တော့်ရဲ့အိမ်သူလုပ်ပေးလိုက်တာလေးဆိုပီးတင်တာတွေ့တယ်ကျွန်မလုပ်ပေးလိုက်တဲ့ဟင်းတွေလဲမဟုတ်ပါ့လား ဒါအမျိုးသားငါမသိအောင်ဖွင့်ထားတာသူaccပဲနေမှာဆိုပီးaccထဲဝင်ကြည့်တယ်

ထင်တဲ့အတိုင်းပဲ သူပြန်တုန်းကကောင်မလေးတစ်ယောက်နဲ့ပုံရိုက်ထားတာမျက်နှာတွေဖျောက်တင်ထားကိုယ့်အမျိုးသားကိုကျွန်မ
ဘယ်နေရာမှံဲရှိတယ် ဘာရှိတယ်ဆိုတာမှအစအကုန်မှတ်ထားတယ် ကျွန်မအဲလောက်ချစ်ခဲ့တာ

accက လမင်းလေးတဲ့ နောက်ထပ်ရှာကြည့်တော့တွေ့လေရော ပုံတူသူနဲ့ဖက်ရိုက်ထားတဲ့မျက်နှာမပါတဲ့ပုံအဝတ်ဆင်တူဝတ်ထားတဲ့ပုံ accက ကိုကို့ခလေးလေးတဲ့ အဂ်းလိပ်လို ကျွန်မစိတ်တွေဆောက်တည်ရာမရခဲ့ဖူးလုပ်ရက်တယ်ဆိုတဲ့အတွေးတွေနဲ့ငိုခဲ့ခံစားခဲ့ရ

သူ့ကိုမေးဒါနင့်accမို့လားအကုန်လုံးမှဲ့ကမှစတူနေတာမျက်နှာတာဖျောက်ထားတာ နောက်ပီဟိုရက်ကမေးထားတာအိမ်သူဆိုတဲ့အသုံး တင်ထားတဲ့အရာတွေကမှစကျွန်မအကုန်ပြောမေးတယ် မေးလဲမေးရောfbaccတွေဖျက်ပြစ်တယ်ရှာမရတော့ဖူး

တိုက်ဆိုင်တာပါတဲ့ပြောတယ် ကျွန်မအဲaccကိုSsရိုက်ထားလိုက်တယ် accကတော့ယနေ့ထိရှာမတွေ့fbအမည်ပြောင်းပြစ်ကျတာလဲနေမှာပေါ့ သူတို့ကပညာတတ်တွေကို ဒီလိုနဲ့အဲaccကအဝတ်ဝတ်ကျတာတွေ့တော့ပိုဆိုးပီကျွန်မစိတ်တွေ အဲကောင်မလေးကိုလဲရိပ်မိခဲ့အဲကောင်မလေးလဲ ဝတ်ပီးaccမှာတစ်ယောက်ထဲပုံတင်ထားတယ်

ကျွန်မမေးတယ်သူနဲ့မို့လားလို့ဝတ်ထားတာတွေအကုန်တူအကုန်တိုက်ကြည့်နေတိုက်ဆိုင်တာပါလို့ပဲပြောပြန်တယ် ကျွန်မနဲ့မိန်းမတွေနဲ့ပတ်သက်ပီးခဏခဏစကားများခဲ့ရ ကျွန်မပဲအအကြီးတစ်ယောက်လိုနေခဲ့ရဒီလိုပဲမပြတ်နိုင်တော့ခွင့်လွှတ်ပီးနေခဲ့ရနေ့ရက်တိုင်းခံစားစိတ်သောကရောက်ခဲ့ရ နောက်အဲကောင်မလေးနဲ့သူရဲ့ခြေနေတွေကပိုဆိုးလာခဲ့ကျ ကျွန်မမသင်ခါလို့မို့

ကောင်မလေးaccကိုအပ်ခဲ့တယ်သူလဲလက်ခံခဲ့တယ် မဟုတ်လောက်ပါဖူးငါစိတ်ထင်နေတာပဲနေမှာပါဆိုပီးနေခဲ့ပြန်တယ် အဲကောင်မလေးနဲ့စာပို့လူခြင်းရင်နှီးလာခဲ့တယ် တစ်ခါတစ်ခါစိတ်ဖြေစရာအဲကောင်မလေးကိုရင်ဖွင့်ခဲ့တယ်

နောက်သူတို့အခြေနေကကျွန်မအားနည်းချက်တွေသိပီးရဲတင်းလာပီးပုံတွေစာတွေစောင်းရေးကြတင်ကြတယ် ကျွန်မစိတ်တွေထိန်းမရတော့သွားမေးလိုက်တယ် ညီမနဲ့အမအမျိုးသားနဲ့အခြေနေကဘယ်လိုပတ်သက်မှုရှိပီးတော့အထည်တူတူဝတ်တာတွေကျွန်မမသိအောင်fbaccဖွင့်ထားကျပီးတင်နေကျတာတွေမေးတော့ သိချင်ကိုကြီးကိုသွားမေးတဲ့ကျွန်မလဲသူတို့နှစ်ယောက်လုံးကိုဒေါသတွေနဲ့မေးခဲ့တယ်

မဟုတ်ဖူးပဲညင်းတယ် အဲနောက်ကျွန်မနဲ့အမျိုးသားဆက်ဆံရေးကပိုပီးတင်းမာလာခဲ့ကျတယ် သူfbaccအသစ်သူ့အမည်နဲ့ဖွင့်တယ် အစကတော့သားအမာ်နဲ့ဖွင့်တယ်မိသားစုပုံတင်ဖို့ဘယ်လိုမှပြောမရခဲ့ သူfbaccအသစ်ဖွင့်တော့သူ့အမည်သူ့ပုံနဲ့ဖွင့်ခဲ့တယ်

ကျွန်မကိုအဲတုန်းကတော့ကျွန်မaccကိုလက်ခံခဲ့တယ် ကျွန်မစိတ်မချလို့အူတိုလို့မိသားစုပုံထားပါဒါမှမဟုတ်သားပုံထားပါအိမ်ထောင်သယ်မှန်းသိအောင်လို့ထားစေချင်ခဲ့တယ် ဒါပေမယ့်မရခဲ့ဖူး ကျွန်မနေ့တိုင်းစိတ်မချချင်းတွေနဲ့သူတို့နှစ်ယောက်ကတော့တူတူတွေfbမှာစောင်းမသိသလိုတင်ကျစာတွေပုံတွေတင်ကျ လူပျိုလိုနေတော့တယ်

ကျွန်မစိတ်တွေတိုဘယ်လောက်စိတ်ဆင်းရဲရဲသူကတော့ကျွန်မစိတ်ဆင်းရဲပါတယ်ဆိုလေရှေ့ကိုတိုးလေပဲ နောက်ကျွန်မတို့ဆက်ဆံရေးကကျွန်မစာတွေပို့ဖုန်းတွေမကိုင်စာမပြန်မကြည့်accကိုဖြုတ်ပြစ်တယ်အပ်လဲလက်မခံ ကျွန်မကိုလုံးဝမငဲ့ညှာပဲလူပျိုလိုနေခဲ့တယ်ဘာဆိုဘာမှပြောမရခဲ့ ကျွန်မလဲခုလိုတွေနေနေတာဘာသဘောတွေလဲဆိုပီးကောင်းပီလို့ဆိုပီးသူ့တို့အိမ်မှာ၂နှစ်ကျော်လောက်အဆက်သွယ်မလုပ်ပဲကျွန်မနေခဲ့တယ်

သူ့မိဘတွေမောင်နှမတွေနဲ့ပြောကျသားနဲ့တစ်ခါတလေပြောကျ သူတို့ပြောနေတဲ့အချိန်ကျွန်မအမြဲမျက်ရည်ကျခဲ့ရတယ် ကျွန်မတစ်ယောက်ပဲမခေါ်မပြောပဲသူ့အိမ်မှာခိုကပ်နေရ သားဆိုတဲ့စိတ်နဲ့သူ့ကိုသံယောဇဥ်မပြတ်နိုင်တာကြောင့်၂နှစ်ကျော်လောက်ထိကျွန်မရှေ့မှာမြင်ရတွေ့ရသူတို့မိဘအသိုင်းဝိုင်းတွေနဲ့ဖုန်းတွေရယ်မောပြောကျတာကို ကျွန်မရင်မချိစွာနဲ့နေခဲ့ရ သူ့fbaccကိုအမြဲလိုလိုဝင်ကြည့်ဖြစ်ခဲ့တယ်

သူတင်တဲ့စာတွေသူလူပျိုတစ်ယောက်လိုနေနေတာတွေကြည့်ရင်း ကောင်မတွေနဲ့ပလူးမန့်ထားတာတွေတွေ့ရင်ကျွန်မမခံစားနိုင်အောင်လူ့ဘဝထဲဆက်မနေချင်လောက်အောင်ထိစိတ်ဓာတ်တွေကျဖူးတယ်

ဒါပေမယ့်သားကြောင့်အသက်ဆက်ခဲ့ရ နောက်သူ့ဘက်ကပြန်ရင်ကွာပေးဖို့ဖုန်းပြောပီးတောင်းဆိုလာတယ် သူ့အမဖုန်းနဲ့ပြောမယ်ဆိုပီးအဲညပြောတော့ ဖုန်းဆက်တော့ကျွန်မနဲ့စကားကောင်းပဲပြောဖို့စဆက်သွယ်ခဲ့တယ်ထင်ခဲ့လို့ပျော်မိဒါပေမယ့်ကြားလိုက်ရတာကကွားရှင်းလက်မှတ်ထိုးပေးပါတဲ့ပြန်ရင် ကျွန်မသူ့မျက်နှာနဲ့အဲအိမ်မှာသူနဲ့စကားမပြောပဲအဆက်သွယ်မလုပ်ပဲကျွန်မတစ်ယောက်ကိုပဲဖယ်ထားပီး၂နှစ်ကျော်နေခဲ့ရတာကိုအဲစကားစပြောတော့ ကောင်းပါပီလို့ကျွန်မစိတ်ထဲပြောချင်တာတွေပြောခဲ့

သူ့အိမ်မိသားစုကိုလဲအဲလိုအမျိုးသားကပြောတယ်အဲတော့သူ့မျက်နှာနဲ့ခဲ့ရတာ သူဒီစကားဆိုတော့နှင်တာနဲ့တူတူပဲလေအဲတာကြောင့်သားနဲ့သူ့အိမ်ကနေဆင်းလာခဲ့တယ် အဲနောက်အဆက်သွယ်လဲမရှိခဲ့ ကျွန်မအရမ်းခံစားရတယ်

ပတ်ဝန်ကျင်းကပြောတဲ့အသံတွေးသားဘဝသိမ်ငယ်ရတာတွေလင်ပြစ်ထားအဖေပြစ်ထားတာတွေ သားအတွက်အားတင်းပီးနေခဲ့တယ် သူကတော့အဲကောင်မလေးနဲ့အမြဲဆက်သွယ်ပီးတစ်ယောက်ကိုတစ်ယောက်သိပ်ချစ်နေကျတော့တာပေါ့

ဒီလိုနဲ့နှစ်တွေကြာတော့သူပြန်အလည်လာပြန်တယ် သူအိမ်ရောက်တော့တစ်ပတ်လောက်ကြာတော့ သားဆီကျွန်မအိမ်ကိုလာတယ် ကျွန်မဘာစကားမပြောပဲမျက်ရည်တွေနဲ့ကွယ်ရာမှာပဲနေခဲ့

ဒီလိုပဲမွေးချင်းတွေကမိသားစုပေါင်းတာပဲမြင်ချင်တွေ့ချင်ကျတော့ကျွန်မတို့ကိုလာခေါ်တယ်ပဲထင်ပီးမေးကျတိုက်တွန်းကျကျွန်မဘက်ကအမျိုးတွေကကျွန်မနဲ့သားကိုမြင်နေစိတ်ဆင်းရဲတာတွေ့နေကျဆိုတော့သူတို့အောက်ကျခံပီးအမျိူးသားကိုပြောတယ်

ဒါပေမယ့်ကျွန်မတို့ကိုခေါ်မသွားဖူးသားကိုမုန့်နဲ့ကစားစရာတွေပေးပြီးပြန်သွားတယ် နောက်ရက်ရောက်လာပြန်တယ်သားဆီ အမေကလဲမျှော်လင့်ချက်နဲ့သမီးနဲ့မြေးလေးကိုလာခေါ်တယ်ပဲထင်

ပတ်ဝန်းကျင်ကအကဲခပ်ကျလာပြန်ပီခေါ်လည့်တာလားမသိဖူးဆိုပီးပြောကြစောင့်ကြည့်နေကျ သူကတော့အစီစဥ်မရှိဒါနဲ့ကျွန်မပါးစပ်ကနေသူနဲ့စကားပြောချင်တယ်ဆိုပီးသူနဲ့ခဏစကားပြောတယ်ဘယ်လိုသဘောလဲလို့ကျွန်မတို့သားအမိအပေါ်ခုလိုလာလာနေတာပတ်ဝန်ကျင်လဲသူများပြောစရာမေးငေါ့ကျတယ်လို့

ကျွန်မချစ်တဲ့စိတ်နဲ့စိတ်နာခဲ့သမျှသူ့မျက်နှာမြင်လိုက်ရတဲ့အချိန်မျက်ရည်တွေလွမ်းဆွတ်မှုတွေနဲ့အတူသူ့ကိုတောင်းပန်တယ် ခေါ်သွားပေးပါလို့တောင်းတောင်းပန်ပန်ပြောခဲ့တယ်

ဒါပေမယ့်မရဖူးဒီအတိုင်းပဲထားခဲ့ပီးပြန်သွားပြန်တယ် ကျွန်မရဲ့အမတစ်ယောက်က လက်ခံလိုက်ပါလိုကျွန်မလက်မခံလို့ပြန်သွားတယ်ထင်ကျ ကျွန်မအတွက်သူ့အိမ်ထိလိုက်သွားပီးပြောပေးကျလာခေါ်ပါသူတို့သားအမိကိုအောက်ကျခံပီးပြောခဲ့

အချိန်ယူအုံးမယ်တဲ့ကျွန်မဘက်ကဖောက်ပြန်ချင်းမရှိပဲတောင်အချိန်ယူအုံးမယ်တဲ့ ဒီလိုနဲ့နောက်ရက်ရောက်လာပြန်တယ်တစ်ရက်လဲမဟုတ်တော့ကျွန်မပတ်ဝန်ကျင်မှာရှက်လာတယ်

ကျွန်မထပ်မေးထပ်ရှစ်ခိုးတောင်းပန်ပီ
ကျွန်မတို့သားအမိကိုခေါ်သွားပေးဖို့ခြေဖက်ပီးတောင်းပန်ခဲ့တယ်သူ့ကိုချစ်လွန်းလို့သားရှေ့ရေးအတွက်ဖောက်ပြန်တဲ့ယောကျာ်းကိုတောင်းပန်ခယခဲ့ဖူးတယ်

အဲလိုနဲ့ခေါ်သွားတယ်သူ့အိမ်ကို ကျွန်မတို့ပေါက်း့ဖစ်သွားကျပြန်တယ် ကျွန်မရှိနေချိန်ဖုန်းခိုးဆက်ကျတယ် ကျွန်မမပြောပဲနေခဲ့သေးတယ်နောက်ရက်ခိုးဆက်တာပဲသူ့ဖုန်းကိုကိုင်ခွင့်မရခဲ့ fbဆိုလဲဘယ်လောက်အပ်အပ်လက်မခံ ဘယ်လိုပဲအောက်ကျပြောပြာမရ

ကျွန်မမျက်ရည်ထိန်းမရခဲ့ညအိပ်နေလဲကျွန်မအိပ်ပီထင်နဲ့ဖုန်းနဲ့စာတွေပို့ကျ နေ့တိုင်းကျွန်မလစ်ရင်လစ်သလိုဖုန်းပြောကျ ကျွန်မသူ့ကိုဖွင့်ပြောတယ်ဖြစ်ခဲ့တာတွေအတွက်ငါခွင့်လွှတ်တယ်

ဆက်ပီးမမိုက်တော့နဲ့သားရှေ့ရေးလဲကြည့်ပါအုံးလို့အဆက်သွယ်ဖြတ်ပါလို့တောင်းပန်ခဲ့ဖူးတယ် လူကိုသံသယနဲ့ပဲပြောနေမြင်နေဆိုပီးကျွန်မကိုပဲအပြစ်တင် နောက်ရက်တွေဟိုဘက်ကကောင်မလေးကလဲရွဲ့တင်သူ့ဘက်ကျွန်မအမျိုးသားရှိနေတယ်ဆိုတာ

ကျွန်မမှာတော့အပူမီးတွေနဲ့တူတူရှိနေလဲစိတ်ဆင်းရဲနေရ ကျွန်မရှေ့မှာမနေ့တစ်နေ့ကမှသိတဲ့ခင်တဲ့မိန်းမတစ်ယောက်နဲ့ဖုန်းပြောပြန်တယ်လူပျိုတစ်ယောက်လိုစကားတွေပြောနေကျတော့ကျွန်မခံနိုင်ရည်မရှိတော့စကားများရော

သူ့မိဘတွေပြောပြတော့လဲဖုန်းပြောတာပဲလူချင်းတွေ့တာမှမဟုတ်တာတဲ့ အဲလိုနဲ့ကျွန်မဆေးသောက်သေဖို့လုပ်တယ် အဲတာနဲ့စကားတွေပိုများပီးကျွန်မကိုလာခေါ်ဖို့ကျွန်မမိဖဆီဖုန်းဆက်တယ်

ကျွန်မကိုကျွန်မမွေးချင်းတွေညတွင်းချင်းလာခေါ်ကြလို့ပြန်ပီးလိုက်ခဲ့ရသားနဲ့ သူကျွန်မကိုမတားဖူးသူကိုယ်တိုင်ပြန်ထည့်တာ ကျွန်မငိုရင်းပြန်လိုက်ခဲ့ရ ကျွန်မမွေးချင်းတွေကစိတ်နာငိုကျကျွန်မအတွက်မခံစားနိုင်ကျ အားပေးတယ် နှစ်သိပ့်တယ်

ဒီလိုနဲ့ကျွန်မယာထဲလဲတဲ့အထိမစားနိုင်အောင်ခံစားရ နောက်fbမှာကျွန်မစာသားလေးတင်တော့သူ့ကိုသိခါချတာလားလို့ဖုန်းဆက်ဆဲတယ် ကျွန်မလဲဒေါသထွက်ပီးပြောတယ်သိခါကျအောင်နေကျမှာပဲလို့ပြောပီးစကားများပြန် နောက်ကျွန်မသားလေးငိုနေတာမြင်တော့ရင်ထဲမချိ ကျွန်မဘာမှမစားနိုင်မသောက်နိုင်သူ့ကိုစာပေးပီးကျွန်မအောက်ကျခံပီးနောက်ထပ်မိုက်ပြန်တယ်

ချစ်တဲ့စိတ်နဲ့အရှက်မဲ့ပီးစာပို့ခဲ့ပြန်ရောက်ခဲ့တယ်သူ့အိမ် ကျွန်မအမှတ်မရှိဒီလောက်ကိုယ့်အပေါ်မညှာတာတောင် အဲလိုနဲ့သူကတော့ဆက်သွယ်မြဲခိုးပီးအဲမိန်းမနဲ့ဖုန်းတွေပြောမြဲ ကျွန်မသည်းခံနေခဲ့တယ်

သူနိုင်ငံခြားပြန်အလုပ်ထွက်ရမဲ့အချိန်ရောက်ပြန်တယ် ကျွန်မမသွားပါတော့နဲ့လို့တောင်းပန်တယ်မရ သားကလဲမသွားပါနဲ့ဖေဖေလို့ပြောမရ ဒီလိုနဲ့ကျွန်မရန်ကုန်ထိလိုက်ပို့ချင်တယ်လိုပြောတယ် သူမခေါ်ချင်ဖူးကျွန်မဇွတ်ပြောတယ်လိုက်ခဲ့တဲ့ဆိုပီးရန်ကုန်သားလေးနဲ့လိုက်သွားခဲ့တယ်

ရန်ကုန်ရောက်တော့သူအလုပ်ကိစ္စကြောင့်ရုံးသွားရဖို့အပြင်သွားရဖို့ဆိုပီးကျွန်မတို့ကိုမခေါ်ပဲရုံးဆိုပီးသွားတယ်မနက်ကနေညနေပြန်ရောက်တော့ သူ့ကောင်မလေးaccကတင်တယ်ဒီနေ့ပျော်တယ်လို့ဆိုတင်တယ်

သူအိမ်ရောက်တော့မူပျက်နေကျွန်မကိုအဖက်မလုပ် ရန်ကုန်ဆိုတာကျွန်မတို့အတွက်ရောက်ခဲတဲ့နေရာ သူ့အမအိမ်မှာနေကျတာသူ့အမေလဲပါလာခဲ့တာ နောက်ရက်ရုံးသွားရအုံးဖို့တဲ့ကျွန်မလဲလိုက်ခဲ့ဖို့လို့အပြက်ကိုပြောတယ်

မလိုက်နဲ့စိတ်ရှုပ်တယ်တဲ့ကျွန်မလဲစိတ်မချတော့လိုပ်မှာပဲလို့စောတကတက်လိုက်တယ်သူ့အမေကိုလဲပြောခိုင်းတယ်ကျွန်မလိုက်ရဖို့ကို အဲတာနဲ့လိုက်ခဲ့ဆိုပီးသားနဲ့အပြင်ထွက်သူနဲ့လိုက်ခဲ့ ရန်ကုန်မြို့ကကျွန်မနဲ့သားအဖို့တစ်ခါတလေမှရောက်ဖူးသွားဖူးတာပါ

ကျွန်မတို့ကိုနောက်ရက်လဲရုံးကိစ္စဆိုပီးထွက်ပြန်တယ် ကျွန်မလိုက်ချင်ပေမယ့်ခေါ်ဖို့လဲစိတ်ကူးမရှိမလိုက်နဲ့ဆိုလို့နေခဲ့ရ အဲကောင်မနဲ့လည်ကျကျွန်မကိုပြောတော့ရုံးကိစ္စတဲ့ အသိတွေဆီကျွန်မဖုန်းဆက်တော့သူရုံးကိစ္စမဟုတ်မှန်းကျွန်မသိတယ်အစကတဲကကျွန်မသိပါတယ်

နောက်စကားများလို့ကျွန်မတို့သားအမိကိုရွာပြန်ခိုင်းတယ် ကျွန်မလဲအမျိုးဆီသွားနေမယ်သူလေဆိပ်ရက်ထိနေချင်သေးတယ်လိုက်ပို့ချင်သေးတယ်လို့ပြောတော့ ရွာပြန်ပဲပြန်ခိုင်းတယ်

ကျွန်မကအမျိုးအိမ်သွားနေမယ်ပြောတော့သူ့သိခါကျမှာကြောင့်အဲလိုလဲမဟုတ် သူပြန်မယ်ရွာအဲတာဆိုခင်များတို့ဖာသာနေခဲ့တဲ့ ကျွန်မလဲသူလိုက်ပို့တာကိုသူကပြန်မယ်ဆိုတော့ လေယဥ်ဒိတ်ရက်ကမရောက်သေးဆိုတော့ ကျွန်မတို့သားအမိကိုရွာပြန်ပို့ခဲ့တယ်

ရွာမှာနေပီး နောက်လေယဥ်ဒိတ်ကျတော့သူရန်ကုန်ပြန်သွားတော့တယ် ကျွန်မတို့သားအမိနေခဲ့ရတော့တာပေါ့ ဟိုလဲရောက်တော့ကျွန်မတို့သားအမိမရှိတော့အဲကောင်မလေးကသူ့အမအိမ်ထိညအိပ်နေတဲ့အထိသူတို့ရဲတင်းလာကျတယ်ညအိပ်ထိလာတယ်ဆိုတာသူနိုင်ငံခြားရောက်သွားမှသိရ

သူ့အမမှာလဲမိသားစုရှိတယ်အဲတာကိုမောင်လုပ်သူကိုမတားပဲအိမ်ထိမိန်းခလေးလာအိပ်ပီးရဲတင်းတာကိုလက်ခံထားကျတာ ကျွန်မရင်ထဲဘယ်လောက်ထိနာကျင်နေမလဲ ကျွန်မကိုfbမှာအပ်လဲအမျိုးသားကလက်မခံVbမှာပြောဖို့အရေးကျွန်မဖုန်းတစ်လုံးမရှိတဲ့ကြားကဝယ်ပေးလိုက်ရ

အဲကောင်မလေးကိုတော့သူရဲ့fbacc နေရာမှာတောင်အဲကောင်မလေးtiktokaccနဲ့လုပ်ပေးထားတဲ့videoထားထား အဲကောင်မလေးနဲ့fbလေးတွေတူတူချိန်းထားကျ အဲကောင်မလေးaccကျသူလက်ခံ အမြဲလိုလိုအဲကောင်မလေးတင်သမျှအသဲပေးနေကျ ကျွန်မမခင်နဲ့ဘယ်လောက်ပြောပြောမရဘာပြောပြောမရ

ကျွန်မတို့သားအမိကို အချိန်မရဖူးတဲ့မအားဖူးတဲ့ ပိတ်ရက်၂ရက်မှVbကစကားပြောခွင့်ပေး ၇ရက်မှတစ်ခါတောင်ခဏပဲသားကိုအချိန်ပေးခုရက်ဆိုစကားများထားတော့ တလလောက်ရှိတာတောင်ဖုန်းအဆက်သွယ်မလုပ် ကျွန်မပိုက်ဆံမအပ်

ပိုက်ဆံတွေဟိုးတုန်းကတဲကဘာတွေလုပ်ထားလဲမေးလဲမဖြေ အိမ်လေးကျွန်မတို့ကိုဆောက်ပေးပါလို့တောင်းဆိုလဲဆောက်မပေး ကျွန်မအိမ်ထောင်ရေးဆုံးမစာလေးတွေဆေ့ထားရှယ်ထားတင်တော့သူ့သိခါချတာလားလို့ပြောတယ်

ကျွန်မလဲမခံနိုင်လို့သိပ်ခါကျအောင်နေကျမှာပဲလို့ဆိုပီးပြန်ပြောတယ် ဒါပေမယ့်ကျွန်မမခွဲနိုင်တော့ သူမကြိုက်ဖြုတ်ပေးခဲ့ရဖူးတယ် သူတို့အတင်ရဲလာတယ်ဆက်သွယ်နေစဲမပြတ်ကျဖူး ပိုပီးတောင်ကျွန်မမခံစားနိုင်တော့ဖူး ကျွန်မကိုသူ့ကိုကွာပေးဖို့ပဲတောင်းဆိုနေတယ်

ကျွန်မတို့သားအမိကိုထောက်ပန့်မယ်တဲ့ ကျွန်မသားအတွက်အသဲနာဆုံးပဲ ဖခင်မဲ့မှာကြောင့်ကိုယ်အောက်ကျဘယ်လောက်ခံခံသားရှေ့ရေးသူများအပြောခံရဖို့အရေးမတွေးဖူး

သူ့ကောင်မလေးပြည့်စုံအောင်ထောက်ပန့်ဖို့သူ့ကောင်မမိသားစုကိုပဲထောက်ပန့်နေတယ် ကျွန်မမှာငွေကြေးအတွက်မေးတော့လဲကျွန်မကိုမဖြေ ကျွန်မစိတ်ဆင်းရဲရလွန်းနေပီဘာလုပ်ရမှန်းမသိတော့ဖူးရှင်